Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျမ်းစာကို လေ့ကျက်ရန် နှစ်သက်ခြင်းသည် သဘောဝအတိုင်း မဟုတ်။

    လူကြီး နှင့်တကွ လူငယ်တို့သည် နှစ်ဦးစလုံး ကျမ်းစာကို ဂရုမစိုက်တတ်ကြ။ သူတို့သည် ၎င်းကို သူတို့ လေ့ကျက်စရာ စာအုပ်၊ သူတို့ အသက်တာ၏ စည်းကမ်း ဥပဒေဟု သဘောမထားကြချေ။ အထူးသဖြင့် လူငယ်တို့သည် ဤကဲ့သို့ ဂရုမစိုက်ခြင်း အမှုကို ကျူးလွန်တတ်ကြသည်။ အများသော သူတို့သည် အခြား စာအုပ်များကို ဖတ်ဖို့ အချိန်ရကြသည်၊ သို့ရာတွင် ထာဝရအသက်ကို ညွှန်ပြသော စာအုပ်ကိုကား နေ့စဉ် ဖတ်ရှုလေ့ကျက်ခြင်း မပြုကြ။ အကျိုးမရှိသော ဝတ္ထုတို့ကို ဂရုစိုက်လျက် ဖတ်ကြပြီ၊ ကျမ်းစာအုပ်ကိုကား ဂရုမစိုက်ကြချေ။ ဤစာအုပ်သည် ကျွန်ုပ်တို့အား သာ၍ သန့်ရှင်း မြင့်မြတ်သော အသက်တာသို့ လမ်းပြ၏။ လူငယ်တို့သည် စိတ်ကူးမျှသာ ဖြစ်သော ဝတ္ထုတို့ကို ဖတ်ခြင်းဖြင့် သူတို့၏ စိတ်သည် ပြောင်းလဲခြင်း မရှိခဲ့လျှင်၊ သူတို့ ဖတ်ခဲ့ဖူးသမျှတွင် ကျမ်းစာအုပ်သည် စိတ်ဝင်စားဖွယ် အကောင်းဆုံး ဖြစ်သည်ဟု သူတို့က ပြောပြကြ၏။10CT 138, 139;CCB1 308.2

    ကြီးစွာသော အလင်းတရားကို ရရှိထားပြီးသော လူတစ်မျိုး အဖြစ်နှင့်၊ ကျွန်ုပ်တို့၏ အပြုအမူ အလေ့အထတို့၌ လည်းကောင်း၊ ကျွန်ုပ်တို့၏ စကားအပြောအဆိုတို့၌ လည်းကောင်း၊ ကျွန်ုပ်တို့၏ အိမ်ထောင်မှု အသက်တာ နှင့် ပေါင်းသင်းဆက်ဆံရေး၌ လည်းကောင်း မိမိတို့ ကိုယ်ကို မြှင့်တင်ထားရကြမည်။ အိမ်ထောင်တွင် နှုတ်ကပတ်တော်ကို ချီးမြှောက်အပ်သော နေရာ၌ လမ်းပြ အဖြစ်ထားပါ။ ၎င်းကို ခက်ခဲသော အမှု ကိစ္စ ရှိသမျှတွင် အကြံဉာဏ်ပေးသော အရာကဲ့သို့ သဘောထားပါ။ ပြုကျင့်ရသော အမှုတိုင်းအတွက် စံနမူနာ အဖြစ် မှတ်ယူပါ။ အိမ်ထောင် စည်းဝိုင်းတွင် ဘုရားသခင်၏ သမ္မာတရားတော်၊ ဖြောင့်မတ်ခြင်း၏ ဉာဏ်ပညာသည် ရှေ့ဆောင်ခြင်း မပြုခဲ့လျှင်၊ လူတစ်စုံတစ်ယောက်၌ မှန်ကန်သော စီးပွားချမ်းသာ တိုးတက်ခြင်း မည်သည့်အခါမျှ မရှိနိုင်သည်ကို ညီအစ်ကို မောင်နှမများတို့သည် ထင်ရှားစွာ သိမြင်ကြပါမည်လား။ ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်ခြင်းကို ဝန်ထုပ်ကဲ့သို့ ထင်မှတ်ခြင်း တည်းဟူသော ပျင်းရိသော အလေ့အကျင့်မှ မိမိတို့၏ စိတ်ကို ထကြွလာစေရန် မိခင်၊ ဖခင်တို့သည် အစွမ်း ရှိသမျှ ကြိုးစားရကြမည်။ သမ္မာတရား၏ တန်ခိုးသည် အိမ်ထောင်၌ သန့်ရှင်းစင်ကြယ်ခြင်းကို ပြုလုပ်ပေးသော ကိုယ်စားတော် ဖြစ်ရမည်။11CG 508, 509; CCB1 309.1

    သားသမီးများအား ငယ်ရွယ်စဉ်အခါကပင်၊ ဘုရားသခင်၏ ပညတ်တရားတော်၏ တောင်းဆိုချက် အကြောင်းကို လည်းကောင်း၊ အပြစ်၏ စွန်းကွက်ခြင်းမှ ကင်းလွတ်ရန် ကျွန်ုပ်တို့၏ ရွေးနှုတ်ရှင် သခင်ယေရှု၌ ယုံကြည်ခြင်းတရား အကြောင်းကို လည်းကောင်း သွန်သင်ပေးရမည်။ ဤယုံကြည်ခြင်းတရားကို အကျင့်သီလ နှင့် ပုံသက်သေအားဖြင့် တစ်နေ့ပြီး တစ်နေ့ သွန်သင်ပေးရမည်။125T 329;CCB1 309.2