Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျမ်းစာ တစ်ခုလုံးတွင် သခင်ခရစ်တော် ပါရှိခြင်း။

    လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်း ခံရသော ကယ်တင်ရှင် သခင်ယေရှု၏တန်ခိုးတော်သည် ထာဝရအသက်ကို ပေးနိုင်တော်မူကြောင်း လူများတို့အား ဖော်ပြရမည်။ ဓမ္မဟောင်းကျမ်းသည် ပုံပမာ နှင့် အရိပ်တွင် ဧကန်အမှန်ပင် ဧဝံဂေလိတရား ဖြစ်သကဲ့သို့ ဓမ္မသစ်ကျမ်းသည် ၎င်း၏ ဖွင့်ပြထားသော တန်ခိုး၌ ထိုဧဝံဂေလိတရားပင် ဖြစ်သည်ကို ကျွန်ုပ်တို့က သူတို့အားပြရမည်။ ဓမ္မသစ်ကျမ်းသည် အသစ်သော ဘာသာကို ဖော်ပြသည် မဟုတ်။ ဓမ္မဟောင်းကျမ်းသည် ဓမ္မသစ်ကျမ်းအားဖြင့်သာ လွန်သွားခြင်း ခံရသော ဘာသာတရားကို ဖော်ပြသည် မဟုတ်။ ဓမ္မသစ်သည် ဓမ္မဟောင်း၏ တိုးတက်မှု နှင့် ဓမ္မဟောင်း၏ သဘောကို ဖွင့်ပြခြင်းသာလျှင် ဖြစ်သည်။CCB1 311.2

    အာဗေလသည် သခင်ခရစ်တော်၌ ယုံကြည်သော သူ ဖြစ်၍ ကိုယ်တော်၏ တန်ခိုးတော်အားဖြင့် ပေတရု သို့မဟုတ် ပေါလုတို့ကဲ့သို့ပင် ဧကန်အမှန် ကယ်တင်ခြင်း ခံရ၏။ ဧနောက်သည် ချစ်တော်မူသော တပည့်တော် ယောဟန် ကဲ့သို့ပင် သခင်ခရစ်တော် အကြောင်းကို ဖော်ပြသော သူ ဖြစ်၏။ ဧနောက်သည် ဘုရားသခင်နှင့် သွားလာသဖြင့်၊ ဘုရားသခင်သည် သူ့ကို ရုပ်သိမ်းတော်မူသောကြောင့် သူသည် မြေကြီးပေါ်၌ မရှိတော့ချေ။ သူ့အား သခင်ခရစ်တော် ဒုတိယ ကြွလာတော်မူခြင်း အကြောင်းနှင့် ဆိုင်သော သတင်းစကားကို အပ်ပေးထားတော်မူ၏။ “အာဒံမှ ဆင်းသက်၍ ခုနစ်ဆက်မြောက်သော ဧနောက်က ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရား စီရင်တော်မူခြင်းငှါ၊ အတိုင်းမသိ များစွာသော မိမိ သန့်ရှင်းသူတို့ နှင့်တကွ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက် ပြု၍ ဟောပြောလေ၏။” ယုဒ၊ ၁၄: ၁၅။ ဧနောက် ဟောပြောသော သတင်းစကား နှင့် ကောင်းကင်သို့ သူ့ကို သိမ်းယူခြင်း အကြောင်းသည် သူ၏ လက်ထက်၌ အသက်ရှင်နေသော သူတို့အဖို့ ထင်ရှားစွာ သိမြင်ရသော ဆင်ခြေ တစ်ခု ဖြစ်ပေသည်။ ဖြောင့်မတ်သော သူတို့သည် ကောင်းကင်သို့ သိမ်းယူခြင်း ခံရမည်ဟု ဖော်ပြရန် ဤအရာတို့သည် နောဧ နှင့် မသုရှလတို့က တန်ခိုးနှင့် အသုံးပြုနိုင်သော ဆင်ခြေ တစ်ခု ဖြစ်နိုင်သည်။CCB1 311.3

    ဧနောက် နှင့်အတူ သွားလာတော်မူသော ထိုဘုရားသခင်သည် ကျွန်ုပ်တို့၏ သခင်ဘုရား နှင့် ကယ်တင်ရှင် သခင်ယေရှု ဖြစ်တော်မူ၏။ ထိုအခါက ကိုယ်တော်သည် ယခု ဖြစ်သကဲ့သို့ လောက၏ အလင်း ဖြစ်တော်မူ၏။ ထိုအခါ၌ အသက်ရှင်နေသော သူတို့အဖို့ အသက်တာ၏ လမ်းကို သူတို့အား သွန်သင်ရန် ဓမ္မဆရာများ မရှိဘဲ နေသည် မဟုတ်။ အကြောင်းမူကား နောဧ နှင့် ဧနောက်တို့သည် ခရစ်ယာန်များ ဖြစ်ကြ၏။ဝတ်ပြုရာကျမ်းတွင် ပညတ်တရားများအားဖြင့် ဧဝံဂေလိတရားကို ပေးထားတော်မူ၏။ ယခုအခါ၌ သေချာတိကျစွာ နားထောင်ခြင်းကို လိုသကဲ့သို့ ထိုအခါ၌လည်း လိုပေသည်။ ဤနှုတ်ကပတ်စကား၏ အရေးကြီးခြင်းကို ကျွန်ုပ်တို့ နားလည်ဖို့ရန် မည်မျှ လိုအပ်သနည်း။CCB1 312.1

    အသင်းတော်၌ ခေါင်းပါးခြင်း၏ အကြောင်းရင်းကား အဘယ်အရာနည်းဟူသော ပြဿနာကို မေးကြ၏။ အဖြေကား၊ ကျွန်ုပ်တို့၏ စိတ်ကို နှုတ်ကပတ်တော်မှ ဆွဲဆောင်သွားရန် အခွင့်ပြုခဲ့ကြပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဝိညာဉ်အဖို့ အစာ ကဲ့သို့ သုံးဆောင်ကြလျှင်၊ ၎င်းကို ရိုသေလေးမြတ်ခြင်းနှင့် ပြုမူကြလျှင်၊ များစွာသော သက်သေခံချက်တို့ကို ထပ်ခါထပ်ခါ ပေးနေဖို့ လိုလိမ့်မည် မဟုတ်။ ကျမ်းစာက လွယ်ကူ ရိုးသားစွာ ဖော်ပြထားသော အရာတို့ကို လက်ခံ၍ လိုက်နာ ကျင့်သုံးကြလိမ့်မည်။156T 392, 393.CCB1 312.2