Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၂။—လောက၌ ရှိသော်လည်း လောကနှင မသက်ဆိုင်ခြင်း။

    ကျွန်ုပ်တို့သည် လူမျိုး တစ်မျိုး ဖြစ်သည်အလျောက်၊ သခင်ခရစ်တော်၏ ပုံသဏ္ဍာန်ကို မဆောင်ဘဲ လောက၏ ပုံသဏ္ဍာန်ကို ဆောင်ခြင်းဖြင့် ဘေးဥပဒ်ရောက်သည် အကြောင်း ကျွန်ုပ်အား ဖော်ပြထား၏။ ယခု ကျွန်ုပ်တို့သည် ထာဝရ လောက၏ နယ်နိမိတ်ပေါ်တွင် ရောက်ရှိနေကြသည်။ သို့ရာတွင် ကပ်ကမ္ဘာ ကုန်ဆုံးရာ ကာလကို ကျွန်ုပ်တို့အား ရွှေ့ထားစေဖို့ သွေးဆောင်ခြင်းသည် ဝိညာဉ်များ၏ ရန်သူက စီမံ ကြံစည်ထားသော အမှု ဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်၍၊ ကြီးစွာသော ဘုန်းတန်ခိုးဖြင့် ကောင်းကင်၌ မိုးတိမ်ကို စီလျက် ကျွန်ုပ်တို့၏ ကယ်တင်ရှင် ကြွလာတော်မူခြင်းကို စောင့်နေကြသည်ဟု ဆိုနေကြသော သူတို့ကို စာတန်သည် လှည့်ဖြားသော နည်း အမျိုးမျိုးဖြင့် တိုက်ခိုက်လိမ့်မည်။ ဆိုးသော နေ့ကြီးကို ရွှေ့ဆိုင်းထား၍ လောက၏ ထုံးစံကို အတုခိုးလျက် လောက၏ သဘောနှင့် တူညီစေရန် များနိုင်သမျှ များသော သူတို့ကို သူသည် သွေးဆောင်လိမ့်မည်။CCB1 313.1

    သမ္မာတရားကို ယုံကြည်သည်ဟု ကြီးစွာ ဝန်ခံသော သူအများတို့၏ စိတ်သဘောကို လောက၏ ဝိညာဉ်သည် အုပ်စိုးလျက် ရှိသည်ကို မြင်ရသောအခါ14T 306; ကျွန်ုပ်သည် ကြောက်လန့်ခြင်း ရှိလာ၏။ ကိုယ်ကျိုးရှာခြင်း၊ ကိုယ့်အလိုသို့ လိုက်နေခြင်း သဘောများကို သူတို့သည် မွေးမြူကြလျက်၊ မှန်သော ဘုရားဝတ်ပြုကိုးကွယ်ခြင်း၊ မှန်သော ဖြောင့်မတ်ခြင်း သဘောတို့ကို ဖြစ်ပေါ်လာအောင် မပြုလုပ်ဘဲ နေကြ၏။CCB1 313.2