Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခရစ်ယာန်၏ ရိုးသားဖြောင့်မှန်ခြင်း။

    အမှုကိစ္စတိုင်းတွင် ခိုင်မာသော ရိုးဖြောင့်ခြင်း ရှိရမည်။ မည်မျှပင် သွေးဆောင်ခြင်း ခံရသော်လည်း၊ အနည်းငယ်မျှ လှည့်ဖြားခြင်း၊ လည်ဆယ်ခြင်း အမှုကို ဘယ်အခါမျှ မပြုရ။ မကြာခဏ ဇာတိပကတိ စိတ်သဘောကြောင့် ဖြောင့်မတ်သော လမ်းမှ လွဲသွားရန် သွေးဆောင်ခြင်း ခံရလိမ့်မည်၊ သို့ရာတွင် ဆံပင်ခြည် တစ်ပင်မျှလောက် မပြောင်းလဲပါနှင့်၊ ကိစ္စ တစ်စုံတစ်ခု၌ သင်သည် ပြုရမည့် အမှုအတွက် စာချုပ် တစ်စုံတစ်ခုကို ပြုလုပ်ပြီးနောက်၊ အခြားသူအား အကျိုး ဖြစ်စေလျက် သင့်အဖို့ အရှုံးထွက်နေသည်ကို သိရလျှင် စည်းကမ်းဥပဒေမှ ဆံခြည်ပင် တစ်ပင်မျှလောက်ပင် မပြောင်းလွဲပါနှင့်။ သင်၏ သဘောတူညီချက်အတိုင်း ပြုလုပ်သွားပါ။2CG 154;CCB1 313.3

    ကျမ်းစာက မမှန်သော အမှု၊ မတရားပြုသော အမှု၊ မဖြောင့်မတ်သော အမှုအပေါင်းတို့ကို အပြင်းအထန် အပြစ်တင်ထား၏။ အမှန် နှင့် အမှားကို သေချာစွာ ဖော်ပြထား၏။ သို့ရာတွင် ဘုရားသခင်၏ သားသမီးတို့သည် ရန်သူဘက်သို့ ရောက်နေကြသည်ကို ကျွန်ုပ်အား ဖော်ပြထား၏။ သူတို့၏ သိမြင်တတ်သော ဉာဏ်သည် တုံးသွားသည်တိုင်အောင် သူတို့သည် သွေးဆောင်ခြင်းသို့ လိုက်ပါသွား၍ သူ၏ စီမံချက်များကို လိုက်နာကြ၏။ သမ္မာတရားမှ အနည်းငယ် လွဲသွားခြင်း၊ ဘုရားသခင်၏ ပညတ်တရားများမှ အနည်းငယ် ပြောင်းလဲသွားခြင်း သည် ငွေရေးကြေးရေး၏ အရှုံးအမြတ်နှင့် သက်ဆိုင်လာသောအခါ၊ အဆုံး၌ အလွန်ပင် အပြစ် မရှိလှဟု ထင်မှတ်တတ်ကြသည်။သို့ရာတွင် သန်းပေါင်းများစွာ ပိုင်ဆိုင်သူ ဖြစ်စေ၊ လမ်းပေါ်၌ ရှိသော သူတောင်းစားက ဖြစ်စေ ကျူးလွန်ခဲ့လျှင် အပြစ်သည် အပြစ်ပင် ဖြစ်၏။ မှားသော အရာကို ဖော်ပြခြင်းဖြင့် ဥစ္စာပစ္စည်းကို ရရှိအောင် ကြံစည်သော သူတို့သည် မိမိတို့၏ ဝိညာဉ် အပေါ်သို့ အပြစ်ဒဏ်ကို သက်ရောက်စေလေပြီ။ လှည့်ဖြားခြင်း လိမ်လည်ခြင်းအားဖြင့် ရရှိသော အရာခပ်သိမ်းသည် ရရှိသော သူအဖို့ ကျိန်ခြင်းသာ ဖြစ်လိမ့်မည်။34T 311;CCB1 314.1

    အမှားကို ပြောဆို၍ လှည့်ဖြားခြင်း အမှုကို ပြုကျင့်သော သူသည် မိမိ၌ ရိုသေခြင်း သဘောကို ပျက်စီး ဆုံးရှုံးစေတတ်သည်။ ဘုရားသခင်သည် မိမိကို သိမြင်၍ သူ၏ အလုပ်အကိုင်များနှင့် ကျွမ်းကျင်တော်မူကြောင်းကို လည်းကောင်း၊ သန့်ရှင်းသော ကောင်းကင်တမန်တို့သည် သူ၏ အကြံအစည်တို့ကို ချိန်ဆလျက် သူ၏ စကားများကို နားထောင်နေကြကြောင်းကို လည်းကောင်း၊ သူသည် မိမိ၏ အကျင့်အတိုင်း အကျိုးကို ခံစားရမည်ကို လည်းကောင်း သူသည် မသိနားမလည်ဘဲ နေလိမ့်မည်။ သို့ရာတွင် မိမိ ကိုယ်တိုင် သိရှိနေသောကြောင့်၊ မိမိ၏ အမှားများကို လူ နှင့် ဘုရား ၏ စစ်ဆေးခြင်းမှ ဝှက်ထားရန် ကြံစည် ပြုလုပ်နိုင်လျှင်၊ သူ၏ စိတ် နှင့် အကျင့်တို့ကို ယုတ်ညံ့စေလိမ့်မည်။ အပြုအမူ တစ်ခုအားဖြင့် အကျင့်စာရိတ္တကို မမုန်းနိုင်၊ သို့သော် ၎င်းသည် အကာအကွယ်ကို ဖျက်ဆီးချိုးဖဲ့သဖြင့်၊ နောက်ဆုံး၌ အလုပ်တွင် လိမ်လည်ခြင်း နှင့် မဖြောင့်မှန်ခြင်း အကျင့်တို့ကို ဖြစ်စေသည်တိုင်အောင် နောက်တစ်ဖန် သွေးဆောင်ခြင်းသို့ အလွယ်တကူ လိုက်ပါသွားတတ်၏။ ထိုနောက် ထိုသူကို မယုံကြည်နိုင်ကြတော့ချေ။45T 396;CCB1 314.2

    မိမိ၏ အလံတော် အောက်၌ မိမိ၏ အမှုတော်တွင် ဆောင်ရွက်နေသော သူတို့အား အလွန် သေချာစွာ ဖြောင့်မတ်ခြင်း ရှိဖို့ အလိုရှိတော်မူ၏။ သူတို့၏ နှုတ်မှ မုသား စကားကို မပြော၊ အကျင့်စာရိတ္တ၌ မပျက်စီး မကျူးလွန်စေခြင်းငှါလည်း အလိုရှိတော်မူ၏။ လျှာသည် မှန်ကန်ခြင်း ရှိရမည်၊ မျက်စိ အကြည့်သည်လည်း မှန်ကန်ခြင်း ရှိရမည်။ အပြုအမူတို့သည် လုံးလုံး ဘုရားသခင်က ချီးမွမ်းခြင်း ခံရလောက်အောင် ဖြစ်ရမည်။ ငါသည် သင်၏ အကျင့်ကို သိ၏ဟု တည်ကြည်စွာ မိန့်တော်မူသော် သန့်ရှင်းသော ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့သည် အသက်ရှင်လျက် ရှိနေကြသည်။ ဘုရားသခင်၏ မျက်စိတော်သည် အမြဲသဖြင့် ကျွန်ုပ်တို့ကို ကြည့်နေတော်မူ၏။ ကျွန်ုပ်တို့သည် မတရားသော အမှု တစ်စုံတစ်ခုကိုမျှ ဘုရားသခင်ထံမှ ဝှက်မထားနိုင်ကြ။ ကျွန်ုပ်တို့၏ အပြုအမူတိုင်းကို ဘုရားသခင်သည် သက်သေ ဖြစ်တော်မူ၏ ဆိုသော အချက်သည် အမှန် ဖြစ်၍ လူ အနည်းငယ်သာ ဤအချက်ကို သိရှိနားလည်ကြသည်။5CG 152;CCB1 315.1