Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မယုံကြည်သည် အလုပ်အကိုင်၌ သာ၍ ကောင်းသော သူ ဖြစ်ခြင်း။

    သခင်ခရစ်တော်၏ အတိုင်းအထွာအားဖြင့် ရိုးသားသော သူသည် ဖြောင့်မှန်သော အမှု၌ မလျော့ကြောင်းကို ပြသော သူ ဖြစ်သည်။ လောကတွင် မိမိတို့ အကျိုးအတွက် ပြုလုပ်နေကြသော လှည့်ဖြားသော အလေးအချိန် နှင့် မမှန်သော ချိန်ခွင်သည် ဘုရားသခင် ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။ လူတစ်ယောက်သည် ဘုရားသခင်နှင့် ဆက်သွယ်နေလျက် မှန်ကန်ခြင်း နှင့် ဘုရားသခင်၏ တရားတော်ကို စောင့်ရှောက်နေသောအခါ၊ သူ၏ အသက်တာက သူ၏ အကြောင်းကို ထင်ရှားစေလိမ့်မည်။ သူသည် မိမိ၏ ဂုဏ်အသရေကို အမြတ်အစွန်းအတွက် ရောင်းမည် မဟုတ်။ သူ၏ စည်းကမ်း ဥပဒေများသည် မှန်ကန် သော အခြေအမြစ်ပေါ်၌ တည်ရှိ၍ လောကီ အလုပ်အကိုင်တွင် သူ၏ အကျင့်တို့သည် သူ၏ စည်းကမ်းဥပဒေကို ထင်ရှားစွာ ဖော်ပြ၏။ တည်မြဲသော ဖြောင့်မှန်ခြင်းသည် လောက၏ ချေးညှော် နှင့် အမှိုက်သရိုက်များထဲတွင် ရွှေကဲ့သို့ ထွန်းတောက်လိမ့်မည်။CCB1 315.2

    လှည့်ဖြားခြင်း၊ အမှားပြောခြင်း၊ သစ္စာမရှိခြင်း အမှုတို့ကို လူ၏ မျက်စိ ရှေ့မှ ဟန်ဆောင် ကွယ်ဝှက် ထားနိုင်သော်လည်း၊ ဘုရားသခင် ရှေ့တော်၌ ထိုသို့ မပြုလုပ်နိုင်။ စာရိတ္တ တိုးတက်မှုကို စောင့်ကြည့်နေလျက် အကျင့်၏ တန်ဖိုးကို ချိန်စက်သော ကောင်းကင်တမန်တို့သည် စာရိတ္တကို ထင်ရှားစေသော ဤသေးငယ်သော အမှုကလေးများကိုပင် စာစောင်များ၌ ရေးမှတ်ထားကြသည်။ အလုပ်သမား တစ်ယောက်သည် မိမိ၏ နေ့စဉ် လုပ်ငန်းတွင် မိမိ၏ အလုပ်၌ သစ္စာမရှိ ပေါ့လျော့သောအခါ၊ အလုပ်အကိုင်တွင် သူ၏ စံနမူနာအတိုင်း ဘာသာတရားတွင် သူ၏ စံနမူနာကို လောကသည် ချင့်ချိန် ကြည့်ကြလျှင်၊ လောကသည် မမှန်မကန် စစ်ကြောစီရင်ကြမည် မဟုတ်။CCB1 316.1

    ကောင်းကင်၌ မိုးတိမ်နှင့် လူသား ကြွလာ်တော်မူချိန် နီးကြောင်းကို ယုံကြည်သောကြောင့် မှန်သော ခရစ်ယာန်သည် အသက်တာ၏ ရိုးရိုး လုပ်ငန်းတို့တွင် ဂရုမစိုက်ခြင်း၊ သတိ ကင်းမဲ့ခြင်း ရှိလိမ့်မည် မဟုတ်။ မကြာမီ ပေါ်ထွန်းတော်မူမည့် သခင်ခရစ်တော်ကို စောင့်မျှော်နေသော သူတို့သည် အလုပ်၌ ပျင်းရိခြင်း မရှိဘဲ လုံ့လဝီရိယ ရှိကြလိမ့်မည်။ သူတို့သည် မိမိတို့၏ လုပ်ငန်းကို သတိကင်းမဲ့စွာ၊ မရိုးမဖြောင့်စွာ မပြုလုပ်ကြဘဲ၊ သစ္စာနှင့် လည်းကောင်း၊ အချိန် မှန်ကန်စွာနှင့် လည်းကောင်း၊ သေချာစွာနှင့် လည်းကောင်း ဆောင်ရွက်ကြလိမ့်မည်။ ဤလောက၏ အရာများတွင် ဂရုမစိုက်ဘဲ နေခြင်းသည် သူတို့၏ ဝိညာဉ်ရေးကို လည်းကောင်း လောကနှင့် သူတို့ ခွဲခွာနေခြင်း အကြောင်းကို လည်းကောင်း ဖော်ပြခြင်း၏ သက်သေ ဖြစ်သည်ဟု ကြွားဝါ ပြောဆိုနေသော သူတို့သည် အကြီးအကျယ် လှည့်ဖြားသော သူများ ဖြစ်ကြ၏။ လောကီအရာများ၌ သူတို့၏ စကားမှန်ကန်ခြင်း၊ သူတို့၏ သစ္စာစောင့်ခြင်း နှင့် သူတို့၏ ရိုးဖြောင့်မှန်ကန်ခြင်း အမှုတို့ကို စစ်ဆေးစုံစမ်းလျက် ရှိ၏။ သူတို့သည် အနည်းငယ်သော အမှု၌ သစ္စာရှိကြလျှင်၊ များစွာသော အမှုတို့၌ သစ္စာရှိကြလိမ့်မည်။CCB1 316.2

    ဤနေရာ၌ အများသော သူတို့သည် စွဲလမ်း စစ်ဆေးခြင်း၌ မအောင်မြင်၊ မခံမရပ်နိုင်ကြကြောင်းကို ကျွန်ုပ်အား ဖော်ပြထား၏။ လောကီ အမှုကိစ္စကို ဆောင်ရွက်ရာ၌ သူတို့၏ အကျင့်စာရိတ္တ အမှန်ကို တိုးပွားစေကြပြီ။ သူတို့သည် မိမိတို့ လူအချင်းချင်းနှင့် ပြုသော အမှုတို့တွင် သစ္စာမရှိခြင်း၊ ကြံစည်နေခြင်း၊ မရိုးဖြောင့်ခြင်း အမှုတို့ကို ထင်ရှားစေကြပြီ။ သူတို့၏ နောင် မသေ မပျက်စီးနိုင်သော ကာလကို မျှော်ကြည့်ရေးသည် ဤအသက်၏ လုပ်ငန်းတို့တွင် မည်ကဲ့သို့ မိမိတို့ ကိုယ်တိုင် ပြုကျင့်နေကြသည့် အမှု အပေါ်၌ အမှီပြုသည်ကို လည်းကောင်း၊ ကြပ်တည်းစွာ ဖြောင့်မှန်ခြင်း အကျင့်သည် ဖြောင့်မတ်သော သဘောကို ဖြစ်စေခြင်းငှါ လိုအပ်ကြောင်းကို လည်းကောင်း သူတို့သည် မဆင်ခြင်ကြချေ။ မရိုးဖြောင့်ခြင်းသည် သမ္မာတရားကို ယုံကြည်သည်ဟု ပြောဆိုနေသော သူအများတို့၌ နွေးရုံသာ ရှိသော အခြေအနေကို ဖြစ်စေသော အကြောင်းရင်း ဖြစ်သည်။ သူတို့သည် သခင်ခရစ်တော်နှင့် မဆက်သွယ်ဘဲ နေကြသဖြင့်၊ မိမိတို့၏ ဝိညာဉ်ကိုပင် လှည့်ဖြားနေကြ၏။ ဥပုသ်စောင့်သော သူတို့ အထဲ၌ပင် ရိုးဖြောင့်ခြင်း အမှုသည် ကြောက်မက်ဖွယ် ကင်းမဲ့နေသည်ကို ဖော်ပြရသည်အတွက် ကျွန်ုပ်၏ စိတ်၌ များစွာ ဝေဒနာ ဖြစ်နေပါသည်။64T 309-311;CCB1 317.1