Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူတစ်စုံတစ်ယောက်၏ အသုံးကျခြင်း အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်အား မိမိ ကိုယ အပ်ပေးခြင်း အပေါ်၌ အမှီပြုခြင်း။

    ကျွန်ုပ်တို့သည် မိမိတို့ ရှေ့၌ ရှိသော အမှုတော်ကို မိမိတို့ ကိုယ်တိုင်၏ ခွန်အားဖြင့် လုပ်ဆောင်ရမည်ဟု ဘုရားသခင်က ကျွန်ုပ်တို့အား မိန့်တော်မမူပါ။ ကျွန်ုပ်တို့၏ လူ့အစွမ်းသတ္တိများနှင့် မညီညွတ်နိုင်သော အရေးကြီးသော အမှုအပေါင်းတို့ကို ဘုရားသခင်သည် ကူညီမစတော်မူရန် စီမံထားတော်မူ၏။ ကျဉ်းကြပ်သော အမှုတိုင်း၌ ကူညီရန်၊ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း နှင့် ယုံကြည်စိတ်ချမှု၌ ခိုင်ခံ့စေရန် နှင့် ကျွန်ုပ်တို့၏ စိတ်သဘောကို လင်းစေလျက် စိတ်နှလုံးကို ဖြူစင်စေရန် ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မူ၏။CCB1 321.2

    မိမိ၏ အသင်းတော်သည် ပြောင်းလဲသော ကိုယ်ခန္ဓာ ဖြစ်လျက် ကောင်းကင် အလင်းနှင့် ထွန်းတောက် ပြီးလျှင်၊ ဧမာနွေလ၏ ဘုန်းတော်နှင့် ပြည့်ဝနေစေရမည်ဟု သခင်ခရစ်တော်က စီမံထားတော်မူပြီ။ ခရစ်ယာန်တိုင်းသည် ဝိညာဉ်တော်၏ အလင်း၊ ငြိမ်သက်ခြင်းနှင့် ဝိုင်းရံနေစေရမည်ဟု ကိုယ်တော်သည် ကြံစည်ထားတော်မူ၏။ မိမိ ကိုယ်ကို ပယ်ထား၍ မိမိ၏ စိတ်နှလုံးထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ပြုပြင်ခြင်းအတွက် နေရာပေးထားလျက်၊ ဘုရားသခင်အား လုံးလုံး ဆက်ကပ် ပူဇော်ထားသော အသက်တာမျိုး၌ အသက်ရှင်သော သူသည် အကန့်အသတ် မရှိ အသုံးဝင်ပေသည်။CCB1 322.1

    ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်းခြင်းအားဖြင့် မည်ကဲ့သို့သော အကျိုးကို ခံစားရသနည်း။ ထမြောက်တော်မူသော ကယ်တင်ရှင် အကြောင်းနှင့် စပ်ဆိုင်၍ ဝမ်းမြောက်ဖွယ် သတင်းစကားကို လူသတ္တဝါတို့ နေထိုင်သော လောကကြီး၏ နယ်နိမိတ် အစွန်ဆုံး နေရာများသို့ ရောက်သည်တိုင်အောင် ယူဆောင်သွားရမည်။ တပည့်တော်တို့၏ စိတ်နှလုံးတွင် ပြည့်လျှံနေသော ကောင်းမြတ်သော စေတနာသည် အလွန် ပြည့်၊ အလွန် လေးနက်၊ အလွန် တာသွားသဖြင့်၊ သူတို့အား မြေကြီးစွန်းတိုင်အောင် သွားစေရန် အားပေးနှိုးဆော်ခြင်း ခံရကြလျက်၊ “ငါဖြစ်လျှင်၊ ငါတို့ သခင်ယေရှုခရစ်၏ လက်ဝါးကပ်တိုင်တော်မှ တစ်ပါး အဘယ်အရာ၌မျှ ဝါကြွားခြင်း မရှိပစေနှင့်” ဟု သက်သေခံကြ၏။ (ဂလ၊ ၆: ၁၄။) သခင်ယေရှု၌ ရှိသကဲ့သို့ သူတို့သည် သမ္မာတရားကို ကြွေးကြော်ကြသောအခါ၊ စိတ်နှလုံးများကို သတင်းစကား၏ တန်ခိုးသို့ အပ်နှံကြ၏။ အရပ်ရပ်တိုင်းမှ ပြောင်းလဲသော သူတို့သည် စုရုံးလာကြသည်ကို အသင်းတော်သည် မြင်ရလေ၏။ ဖေါက်ပြန်သွားကြသော သူတို့သည် တစ်ဖန်ပြန်၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြ၏။ အပြစ်ရှိသော သူတို့သည် အလွန် အဖိုးထိုက်သော ပုလဲကို ရှာရာတွင် ခရစ်ယာန်တို့နှင့် ပူးပေါင်းကြ၏။ ဧဝံဂေလိတရားကို အပြင်းထန်ဆုံး ကန့်ကွက်တားဆီးခဲ့သော သူတို့သည် ဧဝံဂေလိတရားတော် လုပ်ငန်းတွင် ဗိုလ်ဆွဲလာကြ၏။ အားသော သူတို့သည် “ဒါဝိဒ်ကဲ့သို့” ဖြစ်ရလိမ့်မည်။ ၎င်းပြင် ဒါဝိဒ်၏ အမျိုးအနွယ်သည် “ထာဝရဘုရား၏ ကောင်းကင်တမန်တို့ ကဲ့သို့” ဖြစ်ကြလိမ့်မည် ဟူသော အနာဂတ်စကားသည် ပြည့်စုံခြင်းသို့ ရောက်လေပြီ။ ခရစ်ယာန် တိုင်းသည် မိမိ၏ ညီအစ်ကိုတိုင်းတွင် ဘုရားသခင်၏ မေတ္တာ နှင့် ကောင်းမြတ်သော စေတနာမျိုးကို တွေ့မြင်ရ၏။ ကောင်းကျိုး တစ်ခုသည် ဖြစ်ပေါ်လာလေပြီ။ ကြိုးစား၍ တုပပြုလုပ်ခြင်း အကြောင်း တစ်ခုသည် အခြားသော အကြောင်းအရာတို့ကို ကြိုက်နှစ်သက်လာ၏။ ယုံကြည်သော သူတို့၏ တစ်ခုတည်းသော အလိုရမ္မက်ကား၊ သခင်ခရစ်တော်နှင့် တူညီသောအကျင့်ကို ဖော်ပြခြင်း နှင့် ကိုယ်တော်၏ နိုင်ငံတော် ကျယ်ဝန်းစေခြင်းငှါ အမှု ဆောင်ရွက်ခြင်း ဖြစ်သည်။CCB1 322.2

    ဝိညာဉ်တော်နှင့် ဆိုင်သော ဂတိတော်သည် ရှေးဦး တပည့်တော်တို့နှင့် ဧကန်အမှန် သက်ဆိုင်သည် နည်းတူ၊ ယခုခေတ်ရှိ ကျွန်ုပ်တို့နှင့်လည်း သက်ဆိုင်၏။ ပင်တေကုတ္တေပွဲနေ့၌ ကယ်တင်ခြင်းနှင့် ဆိုင်သော စကားကို ကြားရသော သူတို့ အပေါ်သို့ တန်ခိုးကို ချပေးတော်မူသည် နည်းတူ၊ ဘုရားသခင်သည် ယခုခေတ်ရှိ ယောက်ျား၊ မိန်းမတို့ အပေါ်၌လည်း အထက်မှ သက်ရောက်သော တန်ခိုးကို ချပေးတော်မူလိမ့်မည်။ ထိုအချိန် နာရီ၌ ကိုယ်တော်၏ ဝိညာဉ်တော် နှင့် ကိုယ်တော်၏ ကျေးဇူးတော်သည်၊ ၎င်းတို့ကို အလိုရှိ၍ ကိုယ်တော်၏ စကားတော်အတိုင်း ၎င်းကို လက်ခံမည့်သူ အားလုံးအဖို့ ဖြစ်ပေ၏။38T 19, 20;CCB1 323.1