Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြင်ဆင်ခြင်းမင်္ဂလာ။

    ဤမင်္ဂလာသည် ပွဲတော်မင်္ဂလာအတွက် ပြင်ဆင်ခြင်းပြုရန် သခင်ခရစ်တော်က စီမံခန့်ထားသော ပြင်ဆင်ခြင်း အမှု ဖြစ်သည်။ ကြီးမြတ်သော နေရာအတွက် မာနကြီးခြင်း၊ စိတ်သဘောကွဲခြင်း နှင့် ငြင်းခုံခြင်း သဘောတို့သည် တည်ရှိနေသမျှ ကာလပတ်လုံး၊ စိတ်နှလုံးသည် သခင်ခရစ်တော်နှင့် မိဿဟာယဖွဲ့ခြင်း အခွင့်ကို မရနိုင်။ ကိုယ်တော်၏ အသွေး၊ အသားနှင့် ဆက်ဆံခြင်း ရရှိရန် ကျွန်ုပ်တို့သည် ပြင်ဆင်ခြင်း မရှိကြ။ ထိုကြောင့် ပဋ္ဌမဦးစွာ ကိုယ်တော်၏ နှိမ့်ချခြင်း အကြောင်း သတိရစေရန် ပြတော်မူခဲ့သော အမှုကို လိုက်နာ ပြုလုပ်ရန် သခင်ယေရှုက စီမံခန့်ထားတော်မူခဲ့၏။CCB1 344.1

    သူတို့သည် ဤမင်္ဂလာကို ပြုလုပ်ကြသောအခါ၊ အသက် နှင့် ဘုန်းတန်ခိုး၏ အရှင် ဖြစ်တော်မူသော ကိုယ်တော်၏ စကားတော်တို့ကို ဘုရားသခင်၏ သားသမီးတို့သည် သတိရအပ်ကြသည်။ “သင်တို့၌ ငါပြုခဲ့သော အမှုကို နားလည်ကြသလော။ သင်တို့သည် ငါ့ကို အရှင်ဘုရား ဟူ၍ လည်းကောင်း၊ သခင်ဟူ၍ လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားလည်း ဟုတ်မှန်သော စကား ဖြစ်၏။ အကြောင်းမူကား သင်တို့ ခေါ်ကြသည်အတိုင်း ငါမှန်၏။ ငါသည် သခင် ဖြစ်လျက် အရှင်ဘုရားလည်း ဖြစ်လျက်နှင့် သင်တို့၏ ခြေကို ဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ ခြေကို ဆေးရကြမည်။ ငါသည် သင်တို့၌ ပြုသကဲ့သို့ သင်တို့သည် ပြုစေခြင်းငှါ ပုံသက်သေကို ပြခဲ့ပြီ။ ငါအမှန်အကန် ဆိုသည်ကား၊ ကျွန်သည် သခင်ထက် သာ၍ မြတ်သည် မဟုတ်။ တမန်သည်လည်း စေလွှတ်သော သူထက် သာ၍ ကြီးမြတ်သည် မဟုတ်။ ဤအရာများကို သင်တို့ သိ၍၊ သိသည်အတိုင်း ကျင့်လျှင်၊ မင်္ဂလာရှိကြ၏။ (ယော၊ ၁၃: ၁၂-၁၇။)CCB1 344.2

    လူ၏ စိတ်ထဲတွင် မိမိ ကိုယ်ကို မိမိ၏ ညီအစ်ကိုထက် သာ၍ မြတ်သည်ဟု ထင်မှတ်ခြင်း၊ ကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်း၊ အမြင့်ဆုံးသော နေရာကို ရယူလိုခြင်း သဘောများ ရှိတတ်သည်။ ၎င်းပြင် မကြာခဏ ဤအကြောင်းကြောင့် မကောင်း ထင်မြင်ခြင်း နှင့် စိတ်သဘော ဆိုးရွားခြင်း အမှုများ ဖြစ်ပေါ်လာတတ်၏။ သခင်ဘုရား၏ ပွဲတော်မင်္ဂလာ မကျင့်ပမီ ပြုရသော ခြေဆေး မင်္ဂလာသည် ဤကဲ့သို့ အလွဲ ထင်မြင်ခြင်းတို့ကို ပယ်ရှားပြီး၊ ကိုယ်ကျိုးရှာ၍ အခြေအနေတိုင်အောင် နှိမ့်ချခြင်းကို ဖြစ်စေ၏။CCB1 345.1

    ဤကဲ့သို့ ပြင်ဆင်ခြင်းပွဲတွင်၊ စိတ်ဝိညာဉ်ကို စစ်ဆေးရှာဖွေခြင်း၊ အပြစ်ကို သိမြင်၍ နောင်တရခြင်း၊ အပြစ်လွှတ်ခြင်း ခံရပြီဟု အသေအချာ သိရှိခြင်း မင်္ဂလာကို ခံယူရရှိစေခြင်း အမှုများ ဖြစ်လာစေရန် ကောင်းကင်မှ စောင့်ကြည့်နေလျက် သန့်ရှင်းတော်မူသော အရှင်သည် ကြွရောက် တည်ရှိနေတော်မူ၏။ ကိုယ်ကျိုးကိုသာ ရှာနေသော လမ်းကြောင်းတွင် စီးဆင်းနေသော ရေစီး တည်းဟူသော စိတ်အကြံအစည်ကို သခင်ခရစ်တော်သည် ကြွယ်ဝသော ကျေးဇူးတော်အားဖြင့် ပြောင်းလွဲသွားစေတော်မူရန် ထိုနေရာ၌ ရောက်ရှိနေတော်မူ၏။ မိမိတို့ သခင်ဘုရား၏ ပုံသက်သေကို လိုက်လျှောက်ကြသော သူတို့၏ အာရုံများကို သန့်ရှင်းသော ဝိညာဉ်တော်က လျင်မြန်စွာ ထကြွနိုးကြားစေတော်မူ၏။ ကျွန်ုပ်တို့အတွက် ကယ်တင်ရှင်က ပြတော်မူသော နှိမ့်ချခြင်း အကြောင်းကို သတိရကြသောအခါ၊ အကြံ တစ်ခု နှင့် တစ်ခု ဆက်သွယ်လာ၏။ ဘုရားသခင်၏ ကြီးမြတ်သော ကောင်းမြတ်ခြင်း ကရုဏာ အကြောင်း အောက်မေ့ သတိရသော အကြောင်းများ နှင့် လောကီ မိတ်ဆွေတို့၏ ကျေးဇူးပြုခြင်း နှင့် ကြင်နာစွာ ပြုမူခြင်းတို့ကို အောက်မေ့သတိရသော အကြောင်းများသည် တစ်ခု နှင့် တစ်ခု ဆက်သွယ်လာကြ၏။CCB1 345.2

    ဤမင်္ဂလာကို မှန်ကန်စွာ ကျင်းပသော အခါတိုင်း ဘုရားသခင်၏ သားသမီးတို့သည် သန့်ရှင်းသော ဆက်သွယ်ခြင်း ရှိလာကြလျက် တစ်ယောက်ကို တစ်ယောက် ကူညီမစပြီး ကောင်းကြီးပေးတတ်၏။ အသက်တာကို ကိုယ်ကျိုး မရှာသော အမှုဆောင်ရွက်ခြင်း အလုပ်၌ အသုံးပြုကြမည်ဟု သူတို့သည် ပဋိညာဉ်ပြုကြ၏။ ၎င်းပြင် ဤအမှုကို အချင်းချင်းအတွက်သာ အသုံးပြုကြမည် မဟုတ်။ သူတို့ လုပ်ဆောင်ရသော နယ်မြေသည် သခင်ဘုရား၏ နယ်မြေလောက် ကျယ်ဝန်းလာ၏။ ကျွန်ုပ်တို့က စောင့်ရှောက်ပြုစု ပေးရမည့် သူတို့သည် လောက တစ်ခုလုံးတွင် ပြည့်ဝလျက် ရှိ၏။ ဆင်းရဲသော သူ၊ အားကိုးရာမဲ့သော သူ၊ မသိနားမလည်သော သူတို့သည် နေရာတကာ၌ ရှိနေကြသည်။ အထက်ခန်း၌ သခင်ခရစ်တော် နှင့်အတူ ဆက်ဆံခွင့် ရရှိခဲ့ကြသော သူတို့သည် ကိုယ်တော် ပြုတော်မူသည် နည်းတူ ပြုလုပ်ရန် ထွက်သွားကြလိမ့်မည်။CCB1 345.3

    လူအပေါင်းတို့က ကိုးကွယ် ကျွန်ခံရသော သခင်ယေရှုသည် လူအပေါင်းတို့၏ ကျွန် ဖြစ်ရန် ကြွလာတော်မူ၏။ ၎င်းပြင် ကိုယ်တော်သည် လူအပေါင်းတို့၏ အစေကို ခံတော်မူကြောင်း၊ တစ်ဖန် ကိုယ်တော်အား လူအပေါင်းတို့က အစေခံကြလျက် ချီးမြှောက်ကြလိမ့်မည်။ ၎င်းပြင် ကိုယ်တော်၏ ဘုရားဇာတိ သဘောများကို ခံယူလို၍ ကိုယ်တော် နှင့်အတူ ရွေးနှုတ်ခြင်း ခံရသော ဝိညာဉ်တို့ကို ဝမ်းမြောက်စွာ တွေ့မြင်လိုကြသော သူတို့သည် ကိုယ်တော်ကဲ့သို့ ကိုယ်ကျိုးမရှာဘဲ အမှုဆောင်ရွက်ခြင်း ပုံသက်သေကို လိုက်လျှောက်ရကြမည်။CCB1 346.1