Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဥပုသ်နေ့၌ ကျောင်းတက်ခြင်း။

    စတုတ္ထပညတ်ကို လိုက်နာစောင့်ရှောက်သော သူတိုင်းသည် မိမိ နှင့် လောက စပ်ကြားတွင် ခွဲခြားထားသော လမ်းကြောင်းကို ဆွဲသားထားကြောင်း တွေ့မြင်ရလိမ့်မည်။ ဥပုသ်နေ့သည် စုံစမ်း စစ်ဆေးခြင်း အမှု ဖြစ် သည်။ လူတို့က စီမံသော ပညတ် မဟုတ်၊ ဘုရားသခင် စီမံထားသော စုံစမ်းစစ်ဆေးခြင်း ဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို ကိုးကွယ်သော သူတို့ နှင့် မကိုးကွယ်ဘဲနေသော သူတို့ စပ်ကြားတွင် ခွဲခြားထားသော အရာ ဖြစ်လိမ့်မည်။ ဤအချက်ကို အမှီပြုလျက် အမှန် နှင့် အမှား စပ်ကြားတွင် ကြီးကျယ်စွာ တိုက်လှန်ရသော စစ်ပွဲကြီး တစ်ခု ဖြစ်ပေါ်လာလိမ့်မည်။CCB1 105.2

    အချို့သော ကျွန်ုပ်တို့ အသင်းသားတို့သည် မိမိတို့၏ သားသမီးများကို ဥပုသ်နေ့တွင် ကျောင်းတက်စေကြပြီ။ သူတို့အား ဤသို့ ပြုစေရန် အတင်းအကျပ် ပြုလုပ်ခိုင်းသည် မဟုတ်ပါ၊ သို့ရာတွင် ကျောင်းဆရာကြီး နှင့် အဖွဲ့ဝင်များက ခြောက်ရက်လုံး ကျောင်းမတက်လျှင် သားသမီးများကို လက်ခံဟု ငြင်းပယ်ကြပြီ။ အချို့သော ကျောင်းများတွင် တပည့်များသည် သင်ခန်းစာများကိုသာ သင်ကြားရသည် မကသေးဘဲ၊ အလုပ်အကိုင် အမျိုးမျိုးကိုလည်း လုပ်ခိုင်းကြသည်။ ဥပုသ်စောင့်သည် ဟု ဆိုကြသော သူသည် မိမိတို့၏ သားသမီးများကို ဤကဲ့သို့သော ကျောင်းများသို့ ဥပုသ်နေ့တွင် တက်စေဖို့ အခွင့်ပေးကြ၏။ အချို့သော မိဘတို့က ဥပုသ်နေ့တွင် ကောင်းသော အမှုကို ပြုလုပ်နိုင်သည်ဟု သခင်ခရစ်တော် မိန့်တော်မူသော စကားများကို ဖော်ပြလျက် မိမိတို့၏ ကိစ္စကို သက်သေ အထောက်အထား ပြကြသည်။ သို့ရာတွင် ထိုဆင်ခြေ၊ အကြောင်းပြချက်မျိုးအားဖြင့်ပင် မိမိတို့သည် မိမိတို့၏ သားသမီးများ၏ ဝမ်းစာအတွက် ဥပုသ်နေ့တွင် အလုပ် လုပ်သင့်သည်ဟု ဆင်ခြေပေးကြလိမ့်မည်။ ထိုအခါ ဤကဲ့သိုသော ဆင်ခြေမျိုးကို ပေး၍ မကုန်နိုင်တော့သဖြင့်၊ မည်သည့် အရာကို ပြုလုပ်ရမည်၊ မည်သည့် အရာကို မပြုလုပ်ရဟူ၍ ဖော်ပြရန် ခွဲခြားထားသော နယ်နိမိတ် လမ်းကြောင်း ရှိတော့မည် မဟုတ်။CCB1 106.1

    စတုတ္ထပညတ်ကို မစောင့်နိုင်သော ကျောင်း၌ မိမိတို့၏ သားသမီးတို့ကို ထားသော ညီအစ်ကိုတို့အား ဘုရားသခင်သည် နှစ်သက်တော်မူမည် မဟုတ်။ သားသမီးများအား သတ္တမနေ့တွင် ကျောင်းမတက်ဖို့ အခွင့်ပေးရန် ကျောင်းဆရာကြီး နှင့် အဖွဲ့ဝင်များနှင့် တိုင်ပင် စီမံဖို့ ကြိုးစားရမည်။ ဤကဲ့သို့ စီမံလျက်နှင့် မအောင်မြင်ပါက၊ သူတို့၏ တာဝန်ကား၊ ဒုက္ခခံလျက် ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်ဖို့ပင်တည်း။CCB1 106.2

    ဘုရားသခင်သည် မိမိ၏ ပညတ်များကို ပေးတော်မူရာ၌ အလွန်ပင် စေ့စပ်သေချာခြင်း ရှိတော်မမူသဖြင့်၊ ထိုမျှလောက် ကြီးစွာ အရှုံးခံလျက် ဥပုသ်နေ့ကို ကျပ်တည်းစွာ စောင့်ရှောက်ရန် မိမိတို့၌ တာဝန် မရှိ၊ သို့မဟုတ် တိုင်းပြည်၏ ဥပဒေများနှင့် တိုက်လှန်ရသော အခြေအနေသို့ မိမိတို့ ကိုယ်တိုင်အား ရောက်ရှိသွားစေလောက်အောင် ဥပုသ်နေ့ကို စောင့်ဖို့ တာဝန် မရှိဟု အချို့သော သူတို့က တိုက်တွန်းပြောဆိုကြ၏။ သို့ရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို လူတို့၏ တရားဥပဒေများထက် ချီးမြှောက်ရိုသေခြင်း ရှိရကြမည်ကို သိရှိရန် ဤအချက်၌ စုံစမ်းစစ်ဆေးခြင်း ရောက်လာ၏။ ဤနည်းအားဖြင့် ဘုရားသခင်ကို ရိုသေ ချီးမြှောက်သော သူ နှင့် ဘုရားသခင်ကို ရှုတ်ချသော သူတို့ကို ခွဲခြားထားလိမ့်မည်။ ကျွန်ုပ်တို့သည် သစ္စာရှိကြောင်း ဤနည်းဖြင့် ထင်ရှားစေ၏။ အသေအချာ တိကျစွာ နားထောင်လိုက်နာခြင်းကို ဘုရားသခင်သည် အလိုရှိတော်မူကြောင်း၊ မိမိ၏ လူများနှင့် ကာလ အဆက်ဆက် ဘုရားသခင် ပြုမူတော်မူခဲ့သည်ကို ဖော်ပြထားသော ရာဇဝင်အားဖြင့် ဖော်ပြထား၏။CCB1 107.1

    မိဘတို့သည် မိမိတို့၏ သားသမီးတို့ကို လောကတွင် ပညာသင်ကြားစေဖို့ အခွင့်ပြုကြလျက် ဥပုသ်နေ့ကို ရိုးရိုး နေ့များကဲ့သို့ ဖြစ်စေကြလျှင်၊ ဘုရားသခင်၏ တံဆိပ်ကို သူတို့အပေါ်၌ ရိုက်နှိပ် မထားနိုင်ချေ။ သူတို့သည် လောက နှင့်အတူ ဖျက်ဆီးခြင်းကို ခံရကြလိမ့်မည်။ ၎င်းပြင် သူတို့၏ အသွေးသည် မိဘတို့၏ ခေါင်းပေါ်၌ ကျရောက်လိမ့်မည် မဟုတ်လော။ သို့ရာတွင် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပညတ်တော်တို့ကို မိမိတို့၏ သားသမီးများအား သစ္စာနှင့် သွန်သင်ပေးကြလျက် မိမိတို့၏ သြဇာအာဏာကို လိုက်နာစေကြပြီးနောက် ယုံကြည်ခြင်း၊ ဆုတောင်းခြင်းနှင့် သူတို့ကို ဘုရားသခင်၏ လက်တော်သို့ အပ်နှံကြလျှင်၊ ဂတိတော်အတိုင်း ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကြိုးပမ်းမှုတွင် ဝင်ရောက်ပြီး ကူညီဆောင်ရွက်တော်မူမည်။ ၎င်းပြင် အလွန် များပြား ပြင်းထန်သော ဆင်းရဲဒုက္ခများသည် တိုင်းပြည်၌ ရောက်ရှိလာသော အခါ၊ ကျွန်ုပ်တို့ နှင့်အတူ သူတို့ကို ထာဝရဘုရား၏ တဲတော်တွင် လျှို့ဝှက်သော နေရာ၌ ဝှက်ထားတော်မူလိမ့်မည်။ 142TT 180-184.CCB1 107.2