Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နေရာသစ်သို့ ပြောင်းရွေ့ခြင်းဖြင့် သက်သေခံခြင်း။

    မိမိ၏ လူများသည် တစ်နေရာရာ၌ တိုင်းနိုင်ငံ တည်ထောင်နေစေဖို့၊ သို့မဟုတ် ကျယ်ဝန်းသော ရပ်ကွက်များတွင် အတူတကွ စုရုံးနေထိုင်ဖို့ ဘုရားသခင်သည် ရည်ရွယ်ထားတော်မူသည် မဟုတ်။ သခင်ခရစ်တော်၏ တပည့်တော်များသည် မြေကြီးပေါ်၌ ကိုယ်တော်၏ ကိုယ်စားလှယ်များ ဖြစ်ကြသဖြင့်၊ နိုင်ငံတစ်ဝှမ်းလုံးတွင် ရှိသော မြို့ကလေး မြို့ကြီး၊ တောရွာဇနပုဒ်တို့တွင် မှောင်မိုက်နေသော လောကကြီးတွင် အလင်းကဲ့သို့ သူတို့သည် အနှံ့အပြား သွားလာ နေထိုင်ရကြမည်ဟု ဘုရားသခင်က စီမံထားတော်မူ၏။ သူတို့သည် မိမိတို့၏ ယုံကြည်ခြင်း နှင့် လုပ်ငန်းအားဖြင့် ကယ်တင်ရှင် ကြွလာတော်မူမည့် အချိန်သည် နီးကပ်လာကြောင်း သက်သေခံကြလျက် ဘုရားသခင်အဖို့ သာသနာပြုသူများ ဖြစ်ရကြမည်။CCB1 122.1

    သာမန် အသင်းသား ရိုးရိုးတို့သည် မိမိတို့ များစွာ မပြုလုပ်ကြသေးသော လုပ်ငန်းတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ကြသည်။ လောကီ အကျိုးကျေးဇူးအလိုငှါသာ နေရပ်ဒေသ အသစ်သို့ ပြောင်းရွေ့သွားရကြမည် မဟုတ်။ ဝမ်းရေးအတွက် လုပ်ကိုင်ဆောင်ရွက်ရန် လမ်းပွင့်သော နေရာတွင်၊ သမ္မာတရား၌ ကောင်းစွာ အခြေအမြစ် တည်ရှိသော အိမ်ထောင်များသည် တစ်နေရာတွင် သာသနာ ပြုသူများ အဖြစ် အမှုတော်ကို ဆောင်ရွက်ရန် တစ်အိမ်ထောင် နှစ်အိမ်ထောင်စီ နေထိုင်ကြပါစေ။ သူတို့သည် ဝိညာဉ်များကို ချစ်သော စိတ်ရှိလျက် သူတို့အတွက် အမှုတော်ဆောင်ရွက်ရန် တာဝန်ရှိကြောင်းကို သိရှိပြီး ထိုဝိညာဉ်များအား သမ္မာတရားကို သိရှိနားလည်စေရန် မည်ကဲ့သို့ ပြုရမည်ကို သေချာစွာ လေ့လာဆင်ခြင်ရမည်။ သူတို့သည် ကျွန်ုပ်တို့၏ စာပေများကို ဝေငှပေးကမ်း၍ မိမိတို့၏ အိမ်များတွင် စည်းဝေးများ ပြုလုပ်သဖြင့် အိမ်နီးချင်းCCB1 122.2

    တို့နှင့် မိတ်ကျွမ်းဝင်လျက် သူတို့အား စည်းဝေးများသို့ ခေါ်ဖိတ်နိုင်သည်။ ထိုသို့အားဖြင့် သူတို့သည် ကောင်းသော အမှုများအားဖြင့် မိမိတို့၏ အလင်းကို ထွန်းတောက်စေနိုင်ကြသည်။ အမှုတော်အောင်များသာ ဘုရားသခင် ရှေ့တော်၌ ရပ်နေလျက် ငိုကြွေးညည်းတွားခြင်း၊ ဆုတောင်းခြင်း၊ မိမိတို့ လူအချင်းချင်းတို့၏ ကယ်တင်ခြင်းအတွက် အမှုဆောင်ရွက်လျက်နေခြင်းကို ပြုကြပါစေ။ သင်တို့သည် မညှိုးမနွမ်းသော ပန်းဦးရပ်သရဖူကို ရခြင်းအလိုငှါ ပြိုင်ပွဲ၌ ဝင်ရောက် အပြေးပြိုင်နေကြပါ။ အများသော သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ထက် လူတို့၏ ချီးမွမ်းခြင်း ဂုဏ်အသရေကို မက်မော နှစ်သက်နေကြစဉ်၊ သင်တို့မူကား နှိမ့်ချခြင်းနှင့် အမှုတော်ကို ဆောင်ရွက်လျက် နေကြပါ။ သင်၏ အိမ်နီးချင်းတို့ကို ဘုရားသခင်၏ ကျေးဇူးတော် ပလ္လင်ရှေ့တွင် ဆက်ကပ်လျက် သူတို့၏ စိတ်နှလုံးကို ပြုပြင်ပေးတော်မူရန် တောင်းလျှောက်ခြင်းဖြင့် သင်၏ ယုံကြည်ခြင်းကို အသုံးပြုပါ။ ဤနည်းအားဖြင့် အကျိုးဖြစ်ထွန်းစွာ သာသနာပြုလုပ်ငန်းကို ဆောင်ရွက်နိုင်သည်။ သင်းအုပ်ဆရာ သို့မဟုတ် စာပေ ဖြန့်ဖြူးရေး အမှုဆောင်တို့ထံမှ တရားစကားကို မကြားမနာရသေးသော သူ အချို့ထံသို့ သင်တို့သည် ထိုနည်းအားဖြင့် ချဉ်းကပ်နိုင်ကြသည်။ အသစ်သော နေရာရပ်ကွက်များတွင် ထိုသို့ အမှုဆောင်ရွက်သော သူတို့သည် လူများထံသို့ အကောင်းဆုံးနည်းဖြင့် ချဉ်းကပ်နိုင်ရန် သိရှိနားလည်၍ အခြားသော အမှုတော်ဆောင်များအဖို့ လမ်းပွင့်သွားစေရန် ပြင်ဆင်ပေးနိုင်ကြသည်။ 168T 244, 245; CCB1 123.1

    သင်၏ အိမ်နီးချင်းတို့ထံ သွားရောက် လည်ပတ်၍ သူတို့၏ ဝိညာဉ်ကယ်တင်ရေးအတွက် စိတ်ဝင်စားကြောင်းကို ပြပါ။ ဝိညာဉ်ခွန်အား ရှိသမျှကို စိတ်အားထက်သန်လာအောင် ထကြွနိုးကြားပါစေ။ သင် သွားရောက် ကြည့်ရှုသူတို့အား ခပ်သိမ်းသော အရာတို့၏ အဆုံးသည် ရောက်လာလုနီးကြောင်းကို ပြောပြလော့။ သခင်ယေရှုခရစ်သည် သူတို့၏ စိတ်နှလုံးတံခါးကို ဖွင့်ပေး၍ သူတို့၏ စိတ်ထဲ၌ အမြဲ စွဲလမ်းသွားအောင် ပြုပြင်တော်မူလိမ့်မည်။CCB1 123.2

    နေ့စဉ် မိမိတို့၏ လုပ်ငန်းများကို ဆောင်ရွက်နေစဉ်ပင်၊ ဘုရားသခင်၏ လူများတို့သည် အခြားသော သူတို့ကို သခင်ခရစ်တော်ထံသို့ လမ်းပြနိုင်ကြသည်။ ၎င်းပြင် ထိုသို့ ပြုလုပ်နေစဉ်တွင် ကယ်တင်ရှင်သည် မိမိတို့၏ အနီး၌ပင် ရှိတော်မူသည် ဟူသော အဖိုးထိုက်သော ဂတိတော်ကို ရရှိကြလိမ့်မည်။ မိမိတို့သည် မိမိတို့၏ အားနည်းသော ကြိုးပမ်းမှု အပေါ်၌သာ အားကိုးနေရကြသည်ဟု မထင်အပ်ပေ။ မှောင်မိုက်တွင် ရုန်းနေရလျက် သနားစရာကောင်းသော ဝိညာဉ်များကို အားပေးနှိုးဆော်၍ ခွန်အား အသစ်နှင့် ပြည့်စုံစေမည့် စကားများကို ပြောဆိုနိုင်စေရန် သခင်ခရစ်တော်က သူတို့အား ဖော်ပြတော်မူမည်။ ရွေးနုတ်ရှင်၏ ဂတိတော်သည် ပြည့်စုံလျက် ရှိသည်ကို သူတို့သည် သိမြင်လာကြသောအခါ၊ သူတို့၏ ယုံကြည်ခြင်းစိတ်သည် ခိုင်ခံ့တိုးပွားလာလိမ့်မည်။ သူတို့သည် အခြားသော သူတို့အတွက်သာ ကောင်းကြီးမင်္ဂလာ တစ်ခု ဖြစ်ကြသည် သာမကသေး သခင်ခရစ်တော်အတွက် သူတို့ ပြုလုပ်သော အမှုသည် သူတို့ ကိုယ်တိုင်၌ ကောင်းကြီးမင်္ဂလာကို သွန်းလောင်းချပေးလိမ့်မည်။ 179T 38, 39;CCB1 123.3

    ကျမ်းစာက ဖော်ပြထားသည်အတိုင်း လူများတို့အား ကျမ်းစာကို ဖတ်ပြခြင်းအားဖြင့် ကြီးစွာသော လုပ်ငန်းကြီးကို လုပ်ဆောင်ပြီးစီးနိုင်သည်။ လူတိုင်းထံသို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ယူဆောင်သွားလျက် လူတိုင်း၏ သြတ္တပ္ပစိတ်တွင် ကျမ်းစာက ထင်ရှားစွာ ဖော်ပြသော အရာတို့ကို စွဲလမ်းသွားအောင် တိုက်တွန်းနှိုးဆော်လျက်၊ “ကျမ်းစာကို စေ့စေ့ ရှာဖွေကြလော့။” (ယောဟန်၊ ၅: ၃၉) ဟူသော ကယ်တင်ရှင်၏ အမိန့်တော်ကို လူအပေါင်းတို့အား ထပ်မံ၍ ဖတ်ပြ၊ ပြောပြပါ။ ကျမ်းစာက ဖော်ပြသည်အတိုင်း လက်ခံ၍ ဘုရားသခင်ထံမှ အလင်းကို ရရှိရန် တောင်းပန်ပြီးလျှင်၊ အလင်း ထွန်းတောက်လာသောအခါ၊ ရောင်ခြည် အသီးအသီးကို ဝမ်းမြောက်စွာ လက်ခံ၍ တွေ့ကြုံရမည့် အဖြစ်အပျက်၌ ရဲရင့်စွာ တည်မြဲနေစေဖို့ သူတို့အား သွန်သင်သြဝါဒပေးလော့။ 185T 388; CCB1 124.1

    ကျွန်ုပ်တို့၏ အသင်းဝင်သူတို့သည် ကျမ်းစာကို ဖတ်ပြ၍ စာပေကို ဖြန့်ဖြူးဝေငှရာ၌ တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်ငန်းကို တိုး၍ ဆောင်ရွက်ရကြမည်။ လူများတို့သည် သမ္မာတရားကို ကြွေးကြော်ရာ၌ ကိုယ်ကျိုးကိုမရှာဘဲ ဆောင်ရွက်၍ ဘုရားသခင်၏ အမှုတော်ကို ငွေကြေးဖြင့် ထောက်ပံ့ခြင်း အမှုကို အခွင့်အရေးကဲ့သို့သဘောထားမှသာလျှင် ခရစ်ယာန် အကျင့်ဓလေ့တို့ကို အချိုးအစား ညီညွတ်စွာနှင့် လည်းကောင်း၊ စုံလင်စွာနှင့် လည်းကောင်း ဖြစ်ပေါ်လာနိုင်၏။ ကျွန်ုပ်တို့သည် နေ့အချိန် ရှိစဉ်တွင် မိမိတို့၏ စိတ်ဝိညာဉ်ကို ဘုရားသခင်၏ မေတ္တာတော်၌ တည်နေစေလျက် အမြစ် ရှိသမျှအနီးတွင် မျိုးစေ့ကို စိုက်ပျိုးပြီးလျှင် နောက်တစ်ဖန် မည်ကဲ့သို့သော တာဝန် ရောက်ရှိလာသည် ဖြစ်စေ ဆောင်ရွက်ရန် ထာဝရဘုရား ပေးတော်မူသော ကြေးငွေ ဘဏ္ဍာတို့ကို အသုံးပြုရကြမည်။ ကျွန်ုပ်တို့၏ လက်နှင့် လုပ်စရာ အလုပ် ရှိသမျှကို သစ္စာနှင့် ဆောင်ရွက်ရကြမည်။ စွန့်စား ဆက်ကပ်စရာ ရှိလျှင်ဝမ်းမြောက်ခြင်းနှင့် ပြုရမည်။ မြစ်များ အနီးတွင် စိုက်ပျိုးကြစဉ်အခါ၊ “များစွာ ကြဲသော သူသည် များစွာ ရိတ်ရမည်” ဟု ကျွန်ုပ်တို့ မှတ်ယူ သိရှိရကြမည်။ ၂ ကော၊ ၉: ၆။ 199T 127;CCB1 124.2