Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၇။—အသင်းတော်၏ စာပေပရိယတ္တိများ။

    ကျွန်ုပ်တို့၏ စာပေ ဖြန့်ဖြူးရေး လုပ်ငန်းသည် ဘုရားသခင် ကိုယ်တော်က ညွှန်ကြားပြသ၍ အထူး စီမံခန့်ခွဲထားသော လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ ထူးခြားသော ရည်ရွယ်ချက် တစ်ခုကို ဖြစ်မြောက် အောင်မြင်စေရန် ထိုလုပ်ငန်းကို စီမံသတ်မှတ်ထားတော်မူ၏။ သတ္တမနေ့ ဥပုသ် မျှော်လင့်ခြင်း အသင်းသားတို့သည် လောကမှ သီးခြား ခွဲထားလျက် ထူးခြားသော လူတစ်မျိုး အဖြစ် ဘုရားသခင် ရွေးကောက်တော်မူခြင်းကို ခံခဲ့ရကြပြီ။ သမ္မာတရားတွင် ကြီးကျယ်သော ခွဲဖြတ်ခြင်း အမှုအားဖြင့် သူတို့အား လောက တည်းဟူသော ကျောက်တွင်းမှ ဖြတ်ယူပြီးလျှင် ကိုယ်တော်တိုင်နှင့် ဆက်သွယ်ပေးထားလေပြီ။ ကိုယ်တော်သည် သူတို့အား မိမိ၏ ကိုယ်စားတော်များ အဖြစ် ခန့်ထားတော်မူလျက်၊ ကယ်တင်ခြင်း စီမံကိန်းတွင် နောက်ဆုံး လုပ်ငန်းကို ဆောင်ရွက်ရာတွင် ကိုယ်တော်အတွက် သံတမန်များ အဖြစ် ခေါ်တော်မူပြီ။ သေတတ်သော လူတို့အား အပ်ပေးခဲ့သမျှသော သမ္မာတရားတို့တွင် အဖိုးအတန်ဆုံး သမ္မာတရား တည်းဟူသော၊ ဘုရားသခင်ထံမှ လူတို့အား ပေးတော်မူသမျှသော အရာတို့တွင်အလွန် ကြည်ညိုလေးစားဖွယ် ဖြစ်၍ ကြောက်မက်ဖွယ် ကောင်းသော သတိပေးစကားများကို လောကအား ကြားပြောစေခြင်းငှါ သူတို့၌ အပ်ပေးထားတော်မူပြီ။ ဤလုပ်ငန်းကို ဖြစ်မြောက်အောင် မြင်စေရာတွင် ကျွန်ုပ်တို့၏ စာပေ ဖြန့်ဖြူးရေး ဋ္ဌာနများသည် အကျိုး အဖြစ်ထွန်းဆုံးသော ဋ္ဌာနများ ဖြစ်ကြသည်။CCB1 146.1

    ကျွန်ုပ်တို့၏ စာပုံနှိပ်တိုက်များမှ ထုတ်ဝေ ဖြန့်ဖြူးလိုက်သော စာပေ ပရိယတ္တိများအားဖြင့် ဘုရားသခင်ကို ကြိုဆိုတွေ့ဆုံရန် လူတစ်မျိုးကို ပြင်ဆင်ခန့်ထားရမည်။17T 138, 139;CCB1 146.2

    အခြားသော အလုပ်များထက် သာ၍ အရေးကြီးသော လုပ်ငန်း တစ်ခု ရှိခဲ့လျှင်၊ ၎င်းလုပ်ငန်းမှာ လူအများတို့ ရှေ့တွင် ကျွန်ုပ်တို့၏ စာပေပရိယတ္တိများကို ဝေငှဖြန့်ဖြူးခြင်း အမှုပင် ဖြစ်၏။ ထိုသို့အားဖြင့် သူတို့အား ကျမ်းစာကို စေ့စေ့ ရှာဖွေစူးစမ်းစေရန် လမ်းညွှန်ပေးလိမ့်မည်။ အိမ်ထောင်များတွင် ကျွန်ုပ်တို့၏စာပေပရိယတ္တိများကို ပြသရောင်းချခြင်းဖြင့်၊ ဖြန့်ဖြူးခြင်း၊ သူတို့နှင့် စကားပြောခြင်း၊ ဆုတောင်းခြင်း၊ သူတို့အတွက် ဆုတောင်းပေးခြင်း တည်းဟူသော သာသနာပြု လုပ်ငန်းသည် ကောင်းသော အမှု တစ်ခု ဖြစ်၍ ယောက်ျားများ နှင့် မိန်းမများအား အသင်းသားတို့ကို အုပ်ထိန်း စောင့်ရှောက်ရသော လုပ်ငန်းကို သင်ကြားပေးသော လုပ်ငန်း တစ်ခု ဖြစ်သည်။24T 390CCB1 146.3

    ကျွန်ုပ်တို့၏ စာပေပရိယတ္တိများကို ရောင်းချ ဖြန့်ဖြူးခြင်း အမှုသည် ဧဝံဂေလိ အမှုဆောင် လုပ်ငန်းတွင် အရေးကြီး၍ အလွန် အကျိုး အဖြစ်ထွန်းဆုံးသော ကိစ္စတစ်ခု ဖြစ်သည်။ တရားဟော စည်းဝေးများ မပြုလုပ်နိုင်သော နေရာများသို့ ကျွန်ုပ်တို့၏ စာပေပရိယတ္တိများသည် ရောက်ရှိသွားနိုင်၏။ ထိုသို့သော နေရာများ၌ သစ္စာရှိသော စာပေ ဖြန့်ဖြူးရေး ဧဝံဂေလိ အမှုဆောင်သည် စိတ်အား ထက်သန်သော တရားဟောဆရာ ကိုယ်စား အမှုဆောင်ရွက်ရသည်။ အခြားသော နည်းဖြင့် သမ္မာတရားကို မကြားမသိရသော သူ ထောင်သောင်းတို့အား စာပေ ရောင်းချ ဖြန့်ဖြူးခြင်းဖြင့် သမ္မာတရားကို ဖော်ပြရလေပြီ။CCB1 147.1

    စာပေ ဖြန့်ဖြူးသော သူတို့သည် တိုင်းပြည်ရှိ ဒေသ အမျိုးမျိုးသို့ သွားရောက်ရကြမည်။ဤလုပ်ငန်းသည် သင်းအုပ်ဆရာ၏ လုပ်ငန်းကဲ့သို့ပင် လုံးလုံး အရေးကြီးပေသည်။ ကျွန်ုပ်တို့ ရှေ့၌ ရှိသော ကြီးကျယ်သည့် လုပ်ငန်းကြီးကို ဖြစ်မြောက်စေရန် အလွန် စိတ်အား ထက်သန်သော တရားဟောဆရာ နှင့် တိတ်ဆိတ်စွာ သတင်းစကား ပို့ဆောင်သူ နှစ်ဦးစလုံးကိုပင် အလိုရှိပေသည်။3CM 8;CCB1 147.2

    စာပေ ဖြန့်ဖြူးရေး လုပ်ငန်းကို ကျွန်ုပ်တို့၏ စာပေများတွင် ပါရှိသော အလင်းတရားကို လူများအား ဖော်ပြဖို့အတွက် သင့်တော်သော နည်းလမ်းအဖြစ် ဘုရားသခင်က စီမံခန့်ထားတော်မူသဖြင့်၊ စာပေ ဖြန့်ဖြူးသော အမှုဆောင်တို့သည် သူတို့အား ဝိညာဉ်ရေး၌ သွန်သင်ပေး၍ ဝိညာဉ်အလင်းကို ရရှိရေးအတွက် လိုအပ်သော စာပေပရိယတ္တိများကို မြန်နိုင်သမျှ မြန်မြန် ဖြန့်ဖြူး ရောင်းချဖို့ အရေးကြီးကြောင်းကို အမြဲ မှတ်သားထားရကြမည်။ ဤအချိန်ကာလအတွက် မိမိ၏ လူများအား ဆောင်ရွက်စေဖို့ ထာဝရဘုရား အလိုရှိတော်မူသော အမှုကား ဤလုပ်ငန်းပင် ဖြစ်ပေသည်။ စာပေ ဖြန့်ဖြူးသော သူများအဖြစ်နှင့် အမှုဆောင်ရန် မိမိတို့ ကိုယ်ကို ဘုရားသခင်အား ဆက်ကပ်ပူဇော်ထားသော သူ အပေါင်းတို့သည် လောကအား နောက်ဆုံး သတိပေးစကားကို ကြားပြောရခြင်း လုပ်ငန်းတွင် ကူညီဆောင်ရွက်နေကြသည်။ ကျွန်ုပ်တို့သည် ဤလုပ်ငန်းကို များစွာ အထင်ကြီးဖို့ မသင့်၊ အကြောင်းကား စာပေ ဖြန့်ဖြူးသော သူတို့၏ ကြိုးပမ်းအားထုတ်မှု မရှိလျှင်၊ အများသော သူတို့သည် ဘယ်သောအခါမျှ သတိပေးစကားကို ကြားရကြမည်မဟုတ်။46T 313;CCB1 147.3

    ကျွန်ုပ်တို့၏ စာပေပရိယတ္တိများသည် အရပ်ရပ်သို့ ပြန့်ပွားသွားရကြမည်။ ၎င်းတို့ကို ဘာသာစကား မျိုးပေါင်း များစွာဖြင့် ရိုက်နှိပ်ထုတ်ဝေကြပါစေ။ တတိယ ကောင်းကင်တမန်၏ သတင်းစကားကို ဤနည်းလမ်းဖြင့် လည်းကောင်း၊ စိတ်အားထက်သန်သော ဆရာသမားများအားဖြင့် လည်းကောင်း ဖြန့်ဖြူးရမည်။ ဤခေတ်ကာလအတွက် သမ္မာတရားကို ယုံကြည်သော သင်တို့၊ နိုးကြားထကြွကြလော့။ သမ္မာတရားကို ကြွေးကြော်ဖို့ သိနားလည်သော သူတို့အား တတ်နိုင်သမျှသော နည်းလမ်း အပေါင်းတို့ဖြင့် ကူညီဖေးမခြင်း အမှုမှာ ယခု သင်၏ တာဝန်ပင် ဖြစ်ပေသည်။ ကျွန်ုပ်တို့၏ စာပေပရိယတ္တိများကို ရောင်းချခြင်းဖြင့် ရရှိသော ငွေ တစ်ချို့တစ်ဝက်ကို ကန်းနေသော မျက်စိများကို ပွင့်စေလျက် စိတ်နှလုံး၏ မြေရိုင်းကို ထုခွဲချေမွပေးမည် ဖြစ်သော စာပေပရိယတ္တိများကို ပိုမို ရိုက်နှိပ် ဖြန့်ဖြူးဖို့ ကျွန်ုပ်တို့၌ အလွယ်တကူ ငွေကြေး လုံလောက်စွာ ရရှိရေးအတွက် သီးခြား အသုံးပြုရမည်။59T 62;CCB1 148.1

    စိတ်အားထက်သန်သော ဓမ္မဆရာထံမှ သတင်းစကားကို ကြားနာနိုင်သော လူများ ရှိသော နေရာ၌ပင် စာပေ ဖြန့်ဖြူးရေး အမှုဆောင်သည် ဓမ္မအမှုဆောင် နှင့်အတူ ကူညီလျက် မိမိ၏ လုပ်ငန်းကို ဆောင်ရွက်သင့်သည်။ အကြောင်းကား၊ ဓမ္မဆရာသည် သစ္စာရှိစွာ နှင့် သတင်းစကားကို ဟောပြောနိုင်သော်လည်း၊ လူများတို့၏ စိတ်ထဲ၌ ထိုသတင်းစကားကို စွဲမြဲစွာ မထားနိုင်ကြချေ။ ထိုကြောင့် ရိုက်နှိပ်ထားသော စာပေတို့သည် ဤခေတ်ကာလအတွက် သမ္မာတရား၏ အရေးကြီးခြင်း အကြောင်းကို လူများတို့အား သိရှိလာစေသည် သာမက၊ သူတို့အား သမ္မာတရား၌ စွဲမြဲ အမြစ်တွယ်စေလျက် လှည့်ဖြားတတ်သော အမှားကို ခုခံကာကွယ်နိုင်လောက်အောင် သူတို့အား တည်ကြည် မြဲမြံစေဖို့အတွက် အလွန် အရေးကြီး လိုအပ်ပေသည်။ စာစောင်၊ စာ အုပ်များတို့ကား၊ ဤခေတ်ကာလအတွက် သတင်းစကားကို လူတို့၏ ရှေ့၌ အမြဲ တည်ရှိနေစေခြင်းငှါ ထာဝရဘုရား စီမံထားတော်မူသော နည်းလမ်းများ ဖြစ်ကြသည်။ ဝိညာဉ်များအား အလင်းတရားကို ရရှိစေလျက် သမ္မာတရားတွင် မြဲမြံ တည်ကြည်နေစေခြင်း အမှုတွင် တရားဟောပြောခြင်း အမှု တစ်ခုတည်းအားဖြင့် ဖြစ်မြောက်နိုင်သည်ထက် သာ၍ ကြီးကျယ်သော အမှုကို ဖြစ်မြောက်စေလိမ့်မည်။ စာပေ ရောင်းချသော သူတို့၏ လုပ်ငန်းအားဖြင့် လူတို့၏ အိမ်များတွင် ရောက်ရှိနေသည့် တိတ်ဆိတ်သော စေတမန်များသည် ဧဝံဂေလိ အမှုဆောင် လုပ်ငန်းကို နည်းအမျိုးမျိုးဖြင့် ခိုင်ခံ့တိုးပွားစေလိမ့်မည်။ အကြောင်းမူကား၊ ဟောပြောသော တရားစကားကို နားထောင်သော သူတို့၏ စိတ်ထဲ၌ စွဲမြဲစေသည် နည်းတူ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် စာအုပ်များကို ဖတ်နေသော သူတို့၏စိတ်ထဲတွင် ၎င်းတို့ကို ဖတ်နေစဉ် စိတ်စွဲလမ်းလာစေရန် ပြုပြင်ပေးတော်မူလိမ့်မည်။ ဓမ္မအမှုဆောင်၏ လုပ်ငန်းတွင် ကောင်းကင်တမန်များသည် ပါဝင် ကူညီသည် နည်းတူ၊ သမ္မာတရားများ ပါဝင်သော စာပေပရိယတ္တိများ နှင့်အတူ ကောင်းကင်တမန်တို့သည် ပါဝင် ကူညီနေကြသည်။66T 315, 316;CCB1 148.2

    ထိုက်တန်သော ကျောင်းသားများသည် အလိုရှိလျှင်၊ ဤစာအုပ်များကို ရောင်းချ ဖြန့်ဖြူးခြင်းအားဖြင့် မိမိတို့၏ ကျောင်းနေစရိတ်ကို ရရှိစေဖို့ ကူညီမစရန် သင့်တော်သော စီမံကိန်းများကို ပြုလုပ်ထားကြပါ။ ဤနည်းအားဖြင့် ကျွန်ုပ်တို့၏ အထက်တန်းကျောင်း တစ်ကျောင်းတွင် သင်တန်းတက်ရန် ငွေကြေး လုံလောက်စွာ ရရှိသော သူတို့သည် အခြားသော သာသနာ နယ်မြေများတွင် သာသနာပြု လုပ်ငန်းကို အစပြု ဆောင်ရွက်နိုင်လောက်အောင် အလွန် အဖိုးတန်သော ကိုယ်တွေ့ ဗဟုသုတများကို ရရှိကြလိမ့်မည်။79T 79;CCB1 149.1

    အသင်းဝင်သူတို့သည် ကျွန်ုပ်တို့၏ စာပေများ ဝေငှခြင်း အမှု၏ အရေးကြီးခြင်း အကြောင်းကို သိနားလည်လာကြသောအခါ၊ သူတို့သည် ဤလုပ်ငန်း၌ သာ၍ အချိန်ကုန်ခံကြလိမ့်မည်။8CM 7;CCB1 149.2

    စုံစမ်းစစ်ဆေးရာ ကာလသည် ဆက်လက် တည်ရှိနေသမျှ ကာလပတ်လုံး၊ စာပေ ဖြန့်ဖြူးသူတို့၌ မိမိတို့၏ လုပ်ငန်းကို ဆောင်ရွက်ရန် အခွင့်အရေး ရရှိနေကြလိမ့်မည်။96T 478CCB1 149.3

    ညီအစ်ကို မောင်နှမများတို့၊ သင်တို့သည် ဆုတောင်းခြင်း၊ သင်တို့၏ ငွေများဖြင့် ထောက်ပံ့ခြင်းအားဖြင့် စာပေ ဖြန့်ဖြူးရေး အဖွဲ့ကို တည်မြဲ တည်ရှိနေစေရန် စိတ်အား ထက်သန်စွာ ကြိုးစားကြလျှင်၊ ထာဝရဘုရားသည် နှစ်သက်တော်မူလိမ့်မည်။ ထိုအဖွဲ့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို အများဆုံး ခံစားရမည် အကြောင်း၊ နံနက်တိုင်း နှင့် ညနေတိုင်း ဆုတောင်းပါ။ အပြစ်ရှာခြင်း၊ ညစ်ညူးခြင်းကို မပြုပါနှင့်၊ ၎င်းကို အားမပေးနှင့်။ သင်၏ နှုတ်မှ ညည်းညူ အပြစ်တင်သော စကားများ ထွက်မလာပါစေနှင့်။ ကောင်းကင်တမန်တို့သည် ဤစကားများကို ကြားသိကြောင်း သတိပြုပါ။ ဤအဖွဲ့များသည် ဘုရားသခင် စီမံခန့်ထားသော အရာများ ဖြစ်ကြောင်း လူအပေါင်း သိမြင်ရကြမည်။ မိမိတို့၏ ကိုယ်ကျိုးအတွက် ထိုအဖွဲ့တို့ကို ရှုတ်ချ ပြောဆိုသော သူတို့သည် ဘုရားသခင်၏ ရှေ့တော်၌ စစ်ကြောစီရင်ခြင်း ခံရကြမည်။ ဘုရားသခင်၏ အမှုတော်နှင့် သက်ဆိုင်သော လုပ်ငန်း မှန်သမျှကို သန့်ရှင်းသော အရာကဲ့သို့ သဘောထားရမည်ဟု ဘုရားသခင်က သတ်မှတ်ထားတော်မူ၏။107T 182, 183.CCB1 150.1