Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    “ကြည်ညိုသော စေတနာစိတ်နှင့် ငါ့အား လှူသမျှသော သူတို့၌။”

    မိမိ၏ အမှုတော်ကို တိုးတက်ကြီးပွားစေရန် ဘုရားသခင် စီမံခန့်ထားတော်မူသည့် တစ်ခုတည်းသော နည်းလမ်းကား လူတို့အား ဥစ္စာဘဏ္ဍာများ နှင့် ကောင်းကြီးပေးတော်မူခြင်း ဖြစ်သတည်း။ ဘုရားသခင်သည် သူတို့အား နေရောင်ခြည် နှင့် မိုးရေကို ချပေးတော်မူ၏။ ဘုရားသခင်သည် ဟင်းသီးဟင်းရွက်များကို ပေါက်ပွားလာစေတော်မူ၏။ ကြေးငွေဥစ္စာပစ္စည်းများ စုဆောင်း ရရှိစေရန် ကျန်းမာခြင်း နှင့် အစွမ်းသတ္တိကို ပေးတော်မူ၏။ ကျွန်ုပ်တို့၏ ကောင်းကြီးမင်္ဂလာ အပေါင်းသည် ဘုရားသခင်၏ ကရုဏာ လက်တော်မှ ဆင်းသက်လာကြ၏။ ဆယ်ဖို့တစ်ဖို့ နှင့် အလှူငွေများ - ကျေးဇူးတော် ချီးမွမ်းခြင်း အလှူ၊ ရက်ရောစွာ ပေးကမ်းခြင်း အလှူ၊ လွန်ကျူးမိသော အပြစ်အတွက် ပေးသော အလှူမှ စသည်တို့ကို တစ်ချို့တစ်ဝက် ပြန်ပေးလှူခြင်းဖြင့် ယောက်ျား မိန်းမတို့အား ကျေးဇူးဆပ်စေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။45T 150.CCB1 153.2

    တဲတော်ဆောက်လုပ်ရာ၌ လည်းကောင်း၊ ဗိမာန်တော် တည်ဆောက်ရာ၌ လည်းကောင်း ယုဒလူက ရက်ရောစွာ ပေးကမ်းစွန့်ကြဲခြင်း အမှုသည် နောင်ကာလအခါများတွင် ခရစ်ယာန်တို့ မှီအောင် မလိုက်နိုင်သော ပေးကမ်းစွန့်ကြဲခြင်း သဘောကို ပုံဆောင်ထား၏။ သူတို့သည် အဲဂုတ္တုပြည်၌ ကြာမြင့်စွာ ကျွန်ခံနေရာမှ မကြာသေးမီကပင် လွတ်မြောက်လာကြ၍ တောထဲ၌ လှည့်လည်နေရကြသော သူများ ဖြစ်ကြ၏။ သို့ရာတွင် မိမိတို့ လျင်မြန်စွာ ခရီးထွက်လာရာတွင် သူတို့ နောက်မှ လိုက်လာသော အဲဂုတ္တုစစ်တပ်ကြီးများမှ ကယ်ဆယ်ခြင်း ခံလိုက်ရသည်မှာ ဘာမျှ မကြာသေးမီ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် မောရှေထံသို့ ရောက်လာ၍ “ဣသရေလ အမျိုးသားတို့သည် ငါ့အား လက်ဆောင်ပဏ္ဍာကို ဆောင်ခဲ့ရမည် အကြောင်း ဆင့်ဆိုလော့၊ ကြည်ညိုသော စေတနာစိတ်နှင့် ငါ့အား လှူသမျှသော သူတို့၌ သင်တို့သည် အလှူခံရကြမည်” ဟု မိန့်တော်မူ၏။ ထွက်၊ ၂၅: ၂။CCB1 153.3

    ဘုရားသခင်၏ လူများတို့၌ ဥစ္စာ အနည်းငယ်သာ ရှိကြ၍ တိုးပွားများပြားလာစရာ အကြောင်းလည်း မရှိချေ။ သို့ရာတွင် ဘုရားသခင်အတွက် တဲတော် တစ်ခုကို ဆောက်လုပ်စရာ အကြောင်း တစ်ခုသည် သူတို့ ရှေ့၌ တည်ရှိနေ၏။ ထာဝရဘုရားသည် သူတို့အား အမိန့်ပေးတော်မူသဖြင့်၊ သူတို့သည် ဘုရားသခင်၏ စကားတော်ကို လိုက်နာရကြမည်။ သူတို့သည် မည်သည်အရာကိုမျှ ချန်မထားကြချေ။ လူအပေါင်းတို့သည် စေတနာစိတ်နှင့် ပေးလှူကြ၏။ တိုးပွာလာသော ဥစ္စာ ဘဏ္ဍာ အချို့ကိုသာ မဟုတ်ဘဲ၊ မိမိတို့၏ ရှိရင်း ဥစ္စာထဲမှ များစွာ ပေးကြ၏။ သူတို့သည် ဝမ်းမြောက်စွာ နှင့် စိတ်အားထက်သန်စွာ ပေးလှူကြသဖြင့် ထိုသို့ပြုခြင်း အမှုကို ထာဝရဘုရား နှစ်သက်တော်မူ၏။ ထိုဥစ္စာ ရှိသမျှကို ဘုရားသခင် ပိုင်ဆိုင်တော်မူသည် မဟုတ်လော။ သူတို့၌ ရှိသမျှတို့ကို ဘုရားသခင်ကပင် ပေးတော်မူခဲ့ပြီ မဟုတ်လော။ ဘုရားသခင်က ၎င်းကို တောင်းတော်မူလျှင်၊ ချေးငှါးတော်မူသော အရှင်အား မိမိ၏ ဥစ္စာကို ပြန်ပေးအပ်ခြင်း အမှုသည် သူတို့၏ တာဝန် ဖြစ်သည် မဟုတ်လော။CCB1 154.1

    အတင်းအကြပ် တိုက်တွန်းနှိုးဆော်ခြင်း ပြုဖို့ မလိုချေ။ လူများတို့သည် လိုသည်ထက်ပင် ပိုမို ယူဆောင်လာကြ၍၊ ခန့်မှန်းထားသည်ထက် ပိုမို ရရှိနေပြီ ဖြစ်သောကြောင့်၊ အလှူပေးမှုကို ရပ်တန့်ရန်ပင် ပြောယူရ၏။ တစ်ဖန် ဗိမာန်တော်ကို တည်ဆောင်ရာ၌လည်း၊ ငွေကြေးဥစ္စာများ ပေးလှူရန် တောင်းဆိုသောအခါ၊ စိတ်အားထက်သန်စွာ ပေးကြသည်ကို တွေ့ရပြန်၏။ လူများတို့သည် တွန့်တိုသော စိတ်နှင့် ပေးကြသည် မဟုတ်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန်အတွက် အဆောက်အဦးကို တည်ထောင်ဖို့ မျှော်လင့်ကြလျက် သူတို့ သည် ဝမ်းမြောက်ခြင်း ရှိကြသဖြင့်၊ ထိုလုပ်ငန်းအတွက် လိုသည်ထက်ပိုမို၍ လှူဒါန်းပေးကမ်းကြလေ၏။CCB1 154.2

    ဟေဗြဲလူတို့ထက် သာ၍ ကျယ်ဝန်းသော အလင်းတရားကို ရရှိကြသည်ဟု ကြွားဝါသော ခရစ်ယာန်တို့သည် သူတို့ထက် လျော့၍ ပေးလှူနိုင်ကြမည်လော။ ခေတ်ကာလ ကုန်ဆုံးလုနီးသောအခါတွင် အသက်ရှင်လျက် ရှိနေကြသော ခရစ်ယာန်တို့သည် ယုဒလူတို့၏ အလှူငွေများ၏ ထက်ဝက်လောက် ရှိသော အလှူငွေများဖြင့် စိတ်ကျေနပ်နေနိုင်ကြသလော။54T 77-79;CCB1 155.1

    ထာဝရဘုရားသည် ကောင်းကင်ဆုကျေးဇူးတို့ကို ခံစားနေခဲ့ရကြသော သူတို့၏ အလိုအလျောက် ကြိုးစားအားထုတ်မှု နှင့် ပေးကမ်းလှူဒါန်းခြင်း အမှု အပေါ်တွင် အားကိုးအားထားပြုလျက် မြေကြီးပေါ်တွင် အလင်းတရား နှင့် သမ္မာတရားကို နှံ့ပြားစေခြင်း အမှုကို စီမံတော်မူပြီ။ နှိုင်းယှဉ်ကြည့်လျှင် အနည်းငယ်သော သူတို့သာ သင်းအုပ်ဆရာများ သို့မဟုတ် သာသနာပြုသူများ အဖြစ် ခရီးသွားလာဖို့ အခွင့်ရရှိခဲ့ကြ၏၊ သို့သော် လူထုတို့သည် မိမိတို့၏ ဥစ္စာဘဏ္ဍာများအားဖြင့် သမ္မာတရားကို ဖြန့်ဖြူးခြင်း လုပ်ငန်းတွင် ပါဝင် ကူညီလုပ်ဆောင်ရကြမည်။CCB1 155.2

    တစ်စုံတစ်ယောက်သော သူက၊ ကောင်းပါပြီ၊ အမှုတော်အတွက် ပေးလှူဖို့ရာ တောင်းနေသည်မှာ အမြဲကိုပင် ဖြစ်နေသဖြင့်၊ ကျွန်ုပ်သည် ပေးရလွန်းသဖြင့် ငြီးငွေ့လာပြီဟု ပြောဆို၏။ သင်သည် အကယ်ပင် ငြီးငွေ့နေသလော။ ထိုကြောင့် ကျွန်ုပ်က မေးပါရစေဦး။ သင်သည် ဘုရားသခင်၏ ကရုဏာ လက်တော်မှ ရရှိနေသော အရာများအတွက် ငြီးငွေ့ခြင်း ရှိပါသလော။ သင့်အား ကောင်းကြီးပေးခြင်း အမှုကို ဘုရားသခင်သည် ရပ်စဲမထားဘဲ နေသည်တိုင်အောင်၊ ဘုရားသခင် တောင်းတော်မူသော အဖို့ကို ပြန်ပေးဖို့ တာဝန်ကို သင်သည် ရပ်စဲထားမည်လော။ သင်သည် သူတစ်ပါးအား ကောင်းကြီးပေးနိုင်သော အခွင့်တန်ခိုးကို ရရှိစေမည် အကြောင်း ဘုရားသခင်သည် သင့်ကို ကောင်းကြီးပေးတော်မူ၏။ သင်သည် ကျေးဇူးတော်ကို ခံယူရရှိရာ၌ ငြီးငွေ့လာသောအခါ၊ ပေးလှူရန် များစွာ တောင်းပန်နေသော အမှုကို ကျွန်ုပ်သည် ငြီးငွေ့လာပြီဟု သင်သည် ပြောဆိုနိုင်လိမ့်မည်။ ကျွန်ုပ်တို့ ရရှိသမျှသော အရာ အားလုံးထဲမှ ဘုရားသခင်သည် မိမိ ကိုယ်တော်တိုင်အတွက် တစ်ဖို့ကို သီးသန့်ထားတော်မူ၏။ ဤ အဖို့ကို ဘုရားသခင်အား ပြန်ပေးသောအခါ၊ ကျန်သော အဖို့ကို ကောင်းကြီးပေးတော်မူ၏။ သို့ရာတွင် ၎င်းကို မပေးဘဲ နေသောအခါ၊ အလုံးစုံသည် ချက်ချင်း သို့မဟုတ် မကြာမီ ကျိန်ခြင်း ခံရလေ၏။ ဘုရားသခင် တောင်းဆိုသော အရာကို ရှေးဦးစွာ ပြုလုပ်ရမည်။ အခြားသော အရာ အသီးအသီးတို့ကို ဒုတိယ ပြုလုပ်ရမည်။ 65T 148, 150;CCB1 155.3