Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျွန်ုပ်တို့၏ ဥစ္စာနှင့် ဘုရားသခင်၏ အမှုတော်ကို ထောက်ပံ့ခြင်း။

    ဘုရားသခင်ကို အမှန်ပင် ချစ်၍ မိမိတို့၌ ဥစ္စာပစ္စည်း ရှိသော သူတို့အား၊ ယခု အချိန် ရှိစဉ်အခါ ထာဝရဘုရား၏ အမှုတော်ကို ထောက်ပံ့ရန် သင်၏ ဥစ္စာဘဏ္ဍာတို့ကို ပေးလှူပါဟု ကျွန်ုပ် ပြောဆိုလိုပါသည်။ မိမိကိုယ်ကို ငြင်းပယ်လျက် ပျက်စီးနေသော ဝိညာဉ်တို့ကို ကယ်ဆယ်ရန် ကြိုးစားနေသော သင်းအုပ်ဆရာများကို ယခုအချိန်၌ ထောက်ပံ့ကူညီနိုင်ပေသည်။ ကောင်းကင်ရုံးတော်တွင် ကယ်ဆယ်ရန် သင် ကူညီခဲ့သော ဝိညာဉ်များကို တွေ့ကြုံရသောအခါ၊ သင်သည် ဝမ်းမြောက်ဖွယ်ကောင်းသော အကျိုးကို ခံစားရမည် မဟုတ်လော။CCB1 170.1

    မည်သူမျှ မိမိတို့၏ အနည်းငယ်သော ပိုက်ဆံကို မပေးဘဲ မနေပါနှင့်။ များစွာ ရှိသော သူတို့သည် ကောင်းကင်၌ မပျက်စီးနိုင်သော ဘဏ္ဍာကို ဆည်းပူးနိုင်သည်အတွက် ဝမ်းမြောက်ခြင်း ရှိပါစေ။ ထာဝရဘုရား၏ အမှုတော်တွင် ထောက်ပံ့ရန် မပေးဘဲ နေသော ငွေသည် ပျက်စီးသွားလိမ့်မည်။ ထိုငွေအတွက် ကောင်းကင် ဘဏ္ဍာတိုက်တွင် အတိုးအပွား ရရှိလိမ့်မည် မဟုတ်။CCB1 170.2

    အရပ်ရပ်တွင် ရှိသော သတ္တမနေ့ ဥပုသ် အသင်းသားတို့အား မိမိတို့ ကိုယ်ကို ဘုရားသခင်အား ဆက်ကပ်၍ မိမိတို့၏ အခြေအနေအလျောက် ကိုယ်တော်၏ အမှုတော်ကို တတ်နိုင်သမျှ ကူညီထောက်ပံ့ဖို့ ထာဝရဘုရားသည် ယခု ခေါ်လျက်နေပါသည်။ အလှူငွေ နှင့် လက်ဆောင်များကို ရက်ရောစွာ ပေးခြင်းဖြင့်၊ ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာ နှင့် ကရုဏာတော်ကို ကျေးဇူးတင်သော သဘောကို ဖော်ပြစေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။ 249T 131, 132;CCB1 170.3

    ဒုက္ခဆင်းရဲရောက်ချိန်အတွက် လိုအပ်သော လောကီ ပစ္စည်း တစ်စုံတစ်ခုကို စုဆောင်းထားခြင်းသည် ကျမ်းစာနှင့် ဆန့်ကျင်ဖက် ဖြစ်ကြောင်း ထာဝရဘုရားက ကျွန်ုပ်အား ထပ်ခါထပ်ခါ ဖော်ပြထားပါသည်။ သန့်ရှင်းသူတို့သည် စားစရာကို မိမိတို့၌ ဖြစ်စေ၊ လယ်ထဲ၌ ဖြစ်စေ ဒုက္ခရောက်ချိန်အတွက် သိုထားကြလျှင်၊ တိုင်းပြည်၌ ဓါးဘေး၊ ခေါင်းပါးခြင်းဘေး၊ ရောဂါဘေး ရောက်လာသောအခါ၊ သူတို့ထံမှ အခြားသူတို့သည် အဓမ္မ သိမ်းယူလျက် လက်ထဲမှ စပါးများကို အခြားသူတို့သည် ရိတ်ယူသွားကြလိမ့်မည်ကို ကျွန်ုပ် တွေ့မြင်ရသည်။ ထိုအခါ ဘုရားသခင်ကို လုံးလုံး အားကိုးဖို့ အချိန်သည် ရောက်လာလိမ့်မည်။ ၎င်းပြင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ထောက်မကူညီတော်မူမည်။ ထိုအခါ၌ ကျွန်ုပ်တို့သည် မုန့် နှင့် ရေကို အမှန် ရရှိကြလိမ့်မည်။ ကျွန်ုပ်တို့၌ အစာငတ်မွတ်ခြင်း မရောက်၊ အကြောင်းမူကား ဘုရားသခင်သည် တော်ထဲ၌ ကျွန်ုပ်တို့အဖို့ စားပွဲကို ခင်းတော်မူမည်ကို ကျွန်ုပ် မြင်ရသည်။ အလိုရှိတော်မူလျှင်၊ ဧလိယကို ကျွေးမွေးတော်မူသကဲ့သို့ ကျွန်ုပ်တို့အား ကျေးမွေးရန် ကျီးအတို့ကိုပင်လွှတ်တော်မူမည်။ သို့မဟုတ် ဣသရေလ လူတို့၌ ပြုတော်မူသကဲ့သို့ ကောင်းကင်မှ မန္နကို ချပေးတော်မူလိမ့်မည်။CCB1 171.1

    ဒုက္ခဆင်းရဲ ရောက်သောအခါ၌ အိမ် နှင့် မြေယာတို့သည် သန့်ရှင်းသူတို့အဖို့ အသုံးမဝင်တော့ချေ၊ အကြောင်းမူကား သောင်းကျန်းသော လူစုများ ရှေ့၌ သူတို့သည် ထွက်ပြေးရကြလိမ့်မည်။ ထိုအခါ သူတို့ ပိုင်ဆိုင်သော အရာများကို ခေတ်ကာလ၏ သမ္မာတရားကို ပြန့်ပွားစေခြင်း လုပ်ငန်းအတွက် အသုံးပြုရန် ရောင်းချခြင်းငှါ မပြုလုပ်နိုင်။ ဒုက္ခဆင်းရဲခြင်း မရောက်မီ သန့်ရှင်းသူတို့သည် ဝန်ထုပ် ရှိသမျှတို့ထံမှ ပယ်ရှား၍ ပူဇော်ဆက်ကပ်ခြင်းဖြင့် ဘုရားသခင်နှင့် ပဋိညာဉ်ပြုဖို့ ဘုရားသခင်သည် အလိုရှိတော်မူကြောင်း ကျွန်ုပ်အား ဖော်ပြထား၏။ သူတို့သည် မိမိ၏ ပစ္စည်းကို ယဇ်ပလ္လင်တော်ပေါ်၌ ဆက်ကပ်ထား၍ ပြုလုပ်ရမည့် တာဝန်ကို ဘုရားသခင်အား မေးလျှောက်လျှင်၊ ဤအရာတို့ကို ဘယ်သောအခါ ရောင်းချအသုံးပြုရမည်ကို ဘုရားသခင်က သွန် သင်တော်မူမည်။ ထိုအခါ ဒုက္ခဆင်းရဲ ရောက်သောအခါ သူတို့သည် လွတ်လပ်၍ သူတို့အား ဆီးတားနေသော အရာများ မရှိတော့ချေ။ 25E W 56, 57;CCB1 171.2