Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သခင်ခရစ်တော်နှင့် လည်းကောင်း၊ အချင်းချင်းနှင့် လည်းကောင်း ပေါင်းစည်းခြင်းသာလျှင် ကျွန်ုပ်တို့၏ ဘေးကင်းလုံခြုံခြင်းတည်း။

    ခရစ်ယာန်တို့အထဲတွင် ကွဲပြားခြင်း ရှိသည်ကို လောကသည် တွေ့မြင်ဖို့ အလွန် နှစ်သက်၏။ သစ္စာဖေါက်ခြင်း အမှုကို အလွန် နှစ်သက်ကြသည်။ ဘုရားသခင်က မိမိ၏ လူတို့အထဲတွင် ပြောင်းလဲခြင်း ရှိစေဖို့ သတိပေးတော်မူ၏။ ဤနောက်ဆုံး ကာလ၌ သခင်ခရစ်တော်၌ လည်းကောင်း၊ အချင်းချင်းတို့၌ လည်းကောင်း ပေါင်းစည်းခြင်းသည် သာလျှင် ဘေးကင်းလုံခြုံခြင်း ဖြစ်၏။ စာတန်သည် ကျွန်ုပ်တို့၏ အသင်းသားများကို ညွှန်ပြလျက် ကြည့်ပါ။ ဤသူတို့သည် သခင်ခရစ်တော်၏ အလံတော် အောက်၌ ရပ်နေကြပြီး အချင်းချင်း မုန်းကြသည်။ ငါ၏ စစ်တပ်များနှင့် တိုက်ခိုက်ခြင်းထက် သူတို့ အချင်းချင်း တိုက်ခိုက်ရာတွင် ခွန်အားကို သာ၍ ကုန်ခန်းစေကြစဉ်၊ ငါတို့သည် သူတို့အား ကြောက်စရာ မရှိဟု ပြောဆိုစေခြင်းငှါ ကျွန်ုပ်တို့သည် မပြုလုပ်ကြပါနှင့်။CCB1 175.2

    သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်တော်မူပြီးနောက် တပည့်တော်တို့သည် ထမြောက်တော်မူသော ကယ်တင်ရှင် အကြောင်းကို ကြွေးကြော်ရန် ထွက်သွားကြ၏။ ဝိညာဉ်များကို ကယ်တင်ခြင်းသည် သူတို့၏ တစ်ခုတည်းသော ဆန္ဒ ဖြစ်၏။ သူတို့သည် သန့်ရှင်းသူတို့နှင့် ပေါင်းသင်း ဆက်ဆံရခြင်း၌ သာယာခြင်း ရှိသဖြင့် ဝမ်းမြောက်ကြ၏။ သူတို့သည် နူးညံ့သိမ်မွေ့၊ ဆင်ခြင်စဉ်းစားလျက် ကိုယ်ကို ငြင်းပယ်ပြီးလျှင် သမ္မာတရားအတွက် ဆက်ကပ်ပူဇော်လိုသော စိတ်ရှိကြသည်။ သူတို့သည် နေ့စဉ် အချင်းချင်း ဆက်ဆံ ပေါင်းသင်းကြခြင်းဖြင့်၊ သခင်ခရစ်တော်က ထင်ရှားစေဖို့ မိန့်တော်မူသည် အတိုင်း၊ မေတ္တာကို ထင်ရှားစေကြ၏။ ကိုယ်ကျိုး မရှာသော အပြောအဆို၊ အပြုအမူအားဖြင့် ဤမေတ္တာကို အခြားသူတို့၏ စိတ်နှလုံးထဲ၌ ဖြစ်ပေါ်လာစေရန် သူတို့သည် ကြိုးစားကြ၏။CCB1 176.1

    သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာပြီးနောက် တမန်တော်တို့၏ စိတ်နှလုံးထဲ၌ ပြည့်ဝလာသော ချစ်ခြင်းမေတ္တာမျိုးကို ယုံကြည်သော သူတို့သည် အမြဲ မွေးမြူရကြမည်။ “ငါသည် သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်း ချစ်ကြလော့။” (ယော၊ ၁၃: ၃၄) ဟူသော ပညတ်သစ်ကို စိတ်ပါစွာ လိုက်နာလျက် သူတို့သည် ထွက်သွားရကြမည်။ သူတို့သည် သခင်ခရစ်တော်နှင့် အလွန် ရင်းနှီးစွာ ဆက်ဆံရကြမည် ဖြစ်၍ သူတို့သည် ကိုယ်တော် တောင်းဆိုတော်မူသော အရာတို့ကို ပြည့်စုံစေနိုင်ကြလိမ့်မည်။ သူတို့အား မိမိ၏ ဖြောင့်မတ်ခြင်း အားဖြင့် ဖြောင့်မတ်စေတော်မူသော ကယ်တင်ရှင်၏ တန်ခိုးတော်ကို ချီးမြှောက်ရကြမည်။CCB1 176.2

    သို့ရာတွင် ရှေးဦး ခရစ်ယာန်တို့သည် အချင်းချင်းတို့တွင် အပြစ်ရှာဖို့ အစပြုလာကြ၏။ အမှားများကို ကြည့်လျက် ကြင်နာခြင်း မရှိဘဲ အပြစ်ရှာနေ ကြခြင်းဖြင့် ကယ်တင်ရှင်ကို လည်းကောင်း၊ အပြစ်သားများအတွက် ကိုယ်တော် ထင်ရှားစေတော်မူခဲ့သော မဟာ မေတ္တာတော်ကို လည်းကောင်း သူတို့သည် မသိ မမြင်ကြချေ။ သူတို့သည် ပြင်ပနှင့် ဆိုင်သော ဘာသာရေး ထုံးစံများကို ကြပ်တည်းစွာ လိုက်နာလျက် ယုံကြည်ခြင်းတရားတွင် အပြောအဟောလောက်ကိုသာ ဂရုစိုက်ပြီး အပြစ်ရှာမှုတွင် သာ၍ ပြင်းထန်လာကြ၏။ အခြားသူတို့ကို အပြစ်စီရင်ရန် သူတို့သည် စိတ်အားကြီးနေကြသဖြင့် မိမိတို့ ကိုယ်တိုင်၏ အမှားကို သတိမပြုမိကြချေ။ သခင်ခရစ်တော်က သွန်သင်တော်မူခဲ့သော ညီအစ်ကို အချင်းချင်း ချစ်ခြင်း သင်ခန်းစာကို သူတို့သည် မေ့လျော့နေကြ၏။ ၎င်းပြင် ဝမ်းနည်းဖွယ် အကောင်းဆုံး အချက်မှာ သူတို့၏ ဆုံးရှုံးခြင်းကို မသိဘဲ ရှိနေကြခြင်းတည်း။ သူတို့၏ အသက်တာမှ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းတို့သည် ကွယ်ပျောက်သွားကြသည်ကို သူတို့သည် မသိရှိကြသဖြင့် သူတို့သည် မကြာမီ မိမိတို့၏ စိတ်နှလုံးထဲမှ ဘုရားသခင်၏ မေတ္တာတော်ကို တားမြစ်ထားလျက် မှောင်မိုက်တွင် လျှောက်နေရကြလိမ့်မည်။CCB1 176.3

    အသင်းတော်၌ ညီအစ်ကို အချင်းချင်း ချစ်ခြင်းမေတ္တာ ခေါင်းပါးနေသည်ကို တမန်တော် ယောဟန်သည် သိမြင်သဖြင့်၊ သူသည် ဤအချက်ကို အထူးသဖြင့် ဖော်ပြထား၏။ သူသည် သေဆုံးသည့် နေ့တိုင်အောင် ညီအစ်ကိုတို့အား အချင်းချင်းတို့ အပေါ်၌ မေတ္တာကို အမြဲ ပြကြရန် တိုက်တွန်းနှိုးဆော်ခဲ့၏။ အသင်းတော်တို့အား သူ ရေးလိုက်သော စာများတွင် ဤအချက်များနှင့် ပြည့်နေ၏။ “ချစ်သူတို့၊ ငါတို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ အကြောင်းမူကား၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏။ …… သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှါ၊ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်။ ...... ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက် ချစ်တော်မူသည် မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်း ချစ်ရကြမည်။” ၁ ယော၊ ၄: ၇-၁၁။CCB1 177.1

    ယနေ့ ဘုရားသခင်၏ အသင်းတော်တွင် ညီအစ်ကို အချင်းချင်း ချစ်ခြင်းသည် များစွာ ခေါင်းပါးနေ၏။ ကယ်တင်ရှင်ကို ချစ်သည်ဟု ဆိုနေကြသော သူအများတို့သည် ခရစ်ယာန် ဆက်ဆံခြင်းဖြင့် မိမိတို့နှင့် ပေါင်းသင်းနေသော သူတို့ကို ချစ်ခင်ဖို့ ဂရုမစိုက်ကြချေ။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်း တစ် မျိုးတည်းနှင့် ဆိုင်ကြလျက် အိမ်တော် တစ်ခုတည်း ဖြစ်ကြ၍ တစ်ပါးတည်းသော ကောင်းကင် ခမည်းတော်၏ သားသမီးများ ဖြစ်ပြီးလျှင်၊ မသေနိုင်သော အဖြစ်ကို ရရှိရန် မင်္ဂလာရှိသော မျှော်လင့်ခြင်း တစ်မျိုးတည်း ရှိကြ၏။ ကျွန်ုပ်တို့အား ချည်နှောင်ထားသော အဖွဲ့သည် မည်မျှ ရင်းနှီးသိမ်မွေ့အပ်သလဲ။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏ စိတ်နှလုံးပေါ်၌ သန့်ရှင်းခြင်း တန်ခိုးကို ဖြစ်စေသလားဟု လောကသည် ကျွန်ုပ်တို့ကို စောင့်ကြည့်နေကြသည်။ သူတို့သည် ကျွန်ုပ်တို့၏ အသက်တာ၌ ချွတ်ယွင်းချက်တိုင်းကို လည်းကောင်း၊ ကျွန်ုပ်တို့၏ အပြုအမူ၌ မသင့်မြတ်မှုတိုင်းကို လည်းကောင်း သိမြင်လွယ်ကြသည်။28T 240-242;CCB1 177.2