Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ I - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင် လက်ခံတော်မူကြောင်း အသေအချာ သိရှိလိုသော သူအဖို့ အကြံဉာဏ်။

    သင့်ကို ဘုရားသခင် လက်ခံတော်မူကြောင်း သင်သည် မည်ကဲ့သို့ သိရမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သေချာစွာ လေ့ကျက်ပါ။ အခြားသော စာအုပ်အတွက် ၎င်းကို ဖယ်မထားပါနှင့်။ ဤကျမ်းစာအုပ်သည် အပြစ်ကို ဖော်ပြ၏။ ၎င်းသည် ကယ်တင်ခြင်း လမ်းခရီးကို ထင်ရှားစွာ ဖော်ပြ၏။ ၎င်းသည် ထင်ပေါ်၍ ဘုန်းရှိသော အကျိုးကို ဖော်ပြလိမ့်မည်။ ၎င်းသည် သင့်အား စုံလင်သော ကယ်တင်ရှင်ကို ဖော်ပြ၍ ကိုယ်တော်၏ ကြွယ်ဝသော ကရုဏာအားဖြင့်သာ သင်သည် ကယ်တင်ခြင်းကို မျှော်လင့်နိုင်ကြောင်း သွန်သင်လိမ့်မည်။CCB1 202.2

    တိတ်ဆိတ်စွာ ဆုတောင်းဖို့ မမေ့နှင့်။ ၎င်းသည် ဘာသာတရား၏ အသက် ဖြစ်သည်။ စိတ်အားကြီးစွာ ဆုတောင်းခြင်း နှင့် ဝိညာဉ် ဖြူစင်ရေးအတွက် တောင်းလျှောက်လော့။ သင်၏ အသက်သည် ဘေးဒုက္ ခရောက်နေသကဲ့သို့ ကြိုးစား၍ စိတ်ပါစွာ တောင်းလျှောက်လော့။ နှုတ်မမြွက်နိုင်သော တောင့်တခြင်းဖြင့် ကယ်တင်ခြင်းကို သင်၏ အထဲ၌ ရရှိ၍ အပြစ်လွှတ်တော်မူကြောင်း နှစ်သက်ဖွယ်သော သက်သေကို ရရှိသည်တိုင်အောင် ဘုရားသခင် ရှေ့တော်၌ တည်နေလော့။14IT 163;CCB1 202.3

    သင် တွေ့ကြုံရသော စုံစမ်းခြင်း နှင့် အခက်အခဲများကို အလွန် အံ့သြနေစေရန် သခင်ယေရှုသည် သင့်ကို ပစ်ထားတော် မမူပါ။ ဤအရာများ အကြောင်း ကိုယ်တော်က သင့်အား ပြောပြတော်မူပြီ။ ၎င်းပြင် စုံစမ်းခြင်း ရောက်လာသောအခါ စိတ်မပျက်၊ စိတ်ဒုက္ခ မရောက်စေရန်လည်း သင့်ကို ပြောပြ တော်မူပြီ။ သင့်ကို ရွေးနှုတ်တော်မူသော အရှင်၊ သခင်ယေရှုကို ကြည့်လျက် အားရ ဝမ်းမြောက်ခြင်း ရှိလော့။ ခံနိုင်ဖို့ အခက်ဆုံးသော စုံစမ်းခြင်း အမှုများသည် ကျွန်ုပ်တို့၏ ညီအစ်ကိုများ၊ အလွန် ရင်းနှီးသော မိတ်ဆွေများထံမှ လာကြသည်။ သို့ရာတွင် ဤစုံစမ်းခြင်းတို့ကိုပင် သည်းခံခြင်းနှင့် ခံနိုင်သည်။ သခင်ယေရှုသည် ယောသပ်၏ သင်္ချိုင်းသစ်ထဲ၌ တည်ရှိနေတော်မူသည် မဟုတ်၊ ကိုယ်တော်သည် ထမြောက်၍ ကောင်းကင်ဘုံသို့ တက်ကြွတော်မူ ပြီးလျှင် ထိုနေရာ၌ ကျွန်ုပ်တို့အတွက် အပြစ် ဖြေခြင်းကို ပြုလျက်နေတော်မူ၏။ ကျွန်ုပ်တို့ကို အလွန် ချစ်သဖြင့် ကျွန်ုပ်တို့အတွက် အသေခံတော်မူသော ကယ်တင်ရှင် တစ်ပါးသည် ကျွန်ုပ်တို့၌ ရှိ၏။ ကိုယ်တော်အားဖြင့် ကျွန်ုပ်တို့သည် မျှော်လင့်ခြင်း၊ ခွန်အား နှင့် ရဲရင့်ခြင်း၊ ၎င်းပြင် ကိုယ်တော်၏ ပလ္လင်ပေါ်တွင် ကိုယ်တော် နှင့်အတူ နေရာ တစ်ခုကို ရရှိကြလိမ့်မည်။ သင်သည် ကိုယ်တော်အား ခေါ်သော အခါတိုင်း ကိုယ်တော်သည် သင့်ကို ကူညီနိုင်၍ ကူညီရန် အလိုရှိတော်မူ၏။CCB1 202.4

    သင့်အား အပ်ပေးထားသော တာဝန်အတွက် သင်သည် ကျွမ်းကျင်ခြင်း မရှိဟု သင် ထင်ပါသလော။ ဤကဲ့သို့ ထင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်လော့။ သင်သည် သာ၍ အားနည်းသည်ဟု ထင်မြင်လေလေ၊ သင်သည် ကူညီမည့် သူကို သာ၍ ရှာလိုသော စိတ်ရှိလာလေလေ ဖြစ်လိမ့်မည်။ “ဘုရားသခင်၌ ချဉ်းကပ်လော့။ သို့ပြုလျှင်၊ သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်။” ယာကုပ်၊ ၄: ၈။ သခင်ယေရှုသည် သင့်အား ပျော်ရွှင် ဝမ်းမြောက်စေခြင်းငှါ အလိုရှိတော်မူ၏။ သင်သည် ဘုရားသခင် ပေးတော်မူသော အစွမ်းသတ္တိနှင့် တတ်နိုင်သမျှ ပြုလုပ်စေခြင်းငှါ ကိုယ်တော်သည် အလိုရှိတော်မူ၏။ ထိုနောက် သင့်ကို ကူညီစေရန် နှင့် သင်၏ တာဝန်ကို ကူညီ ထမ်းဆောင်နိုင်သော သူများကို ပေါ်လာစေရန် ထာဝရဘုရားကို အားကိုးလော့။CCB1 203.1

    လူများတို့၏ မကြင်နာသော စကားများအားဖြင့် သင်၌ ထိခိုက်ခြင်း မဖြစ်ပါစေနှင့်။ လူများတို့သည် သခင်ယေရှု အကြောင်း မကြင်နာသော စကားတို့ကို ပြောကြသည် မဟုတ်လော။ သင်သည် မှားယွင်း၍ မကြင်နာသော ပြစ်တင် စကားအတွက် တစ်ခါတစ်ရံ ဆင်ခြေကို ပေးလိမ့်မည်။ သို့သော် သခင်ယေရှုသည် ဘယ်အခါမျှ ဤကဲ့သို့ မပြု။ ကိုယ်တော်သည် ဖြူစင် အစွန်းအကွက် ကင်း လျက် ညစ်ညူးခြင်း ရှိတော်မမူ။ ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော မင်းသား ရရှိခဲ့သော အရာထက် သာ၍ ကောင်းသောအရာကို ဤအသက်တာ၌ ရရှိခြင်းငှါ မမျှော်လင့်ပါနှင့်။ သင်၏ ရန်သူတို့သည် သင့်အား ထိခိုက်ကြသည်ဟု သင် ထင်မြင်လာအောင် ပြုလုပ်နိုင်သည်ကို သူတို့သည် မြင်ရကြသောအခါ သူတို့သည် ဝမ်းမြောက်ကြ၍ စာတန်သည်လည်း ဝမ်းမြောက်လိမ့်မည်။ သခင်ယေရှုကို ကြည့်လျက် ကိုယ်တော်၏ ဘုန်းတော်ကိုသာ ဆင်ခြင်လျက် အမှု ဆောင်ရွက်လော့။ ဘုရားသခင်၏ မေတ္တာတော်၌ စိတ်စွဲလမ်းလော့။158T 128, 129;CCB1 203.2