Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခရစ်ယာန် ပညာသင်ကြားခြင်း၏ အကျိုး။

    ဗိမာန်တော် တံတိုင်း အတွင်း၌ ကလေးသူငယ်များက၊ ဟောရှေဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာရှိစေသတည်း” (မာ၊ ၁၁: ၁၉။) ဟု ကြွေးကြော်ကြသည် နည်းတူ နောက်ဆုံးသော ကာလ၌၊ ကလေးသူငယ်များတို့သည် ပျက်စီး ဆုံးပါးနေသော လောကအား နောက်ဆုံး သတိပေး သတင်းစကားကို ကျယ်စွာသော အသံဖြင့် ကြွေးကြော်ကြရလိမ့်မည်။ လူများတို့သည် သမ္မာတရားကို ဖြန့်ဖြူးဖို့ရန် အခွင့်ကို မရရှိတော့ဘဲ နေကြသည်ကို ကောင်းကင်သတ္တဝါတို့က သိမြင်ရကြသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကလေးသူငယ်များ အပေါ်သို့ သက်ရောက်၍၊ မိမိတို့၏ လမ်းခရီးကို ပိတ်ပင် တားဆီးထားသဖြင့် အသက်အရွယ် ကြီးသော အမှုတော်ဆောင်များ မလုပ်နိုင်သော သမ္မာတရားတော်ကို အကြွေးကြော်ခြင်း အမှုကို သူငယ်တို့သည် လုပ်ကိုင် ဆောင်ရွက်ကြလိမ့်မည်။CCB2 215.1

    ဤ အမှုတော်ကြီးကို ဆောင်ရွက်ဖို့ ကလေးသူငယ်များကို ပြင်ဆင်ပေးရန် ဘုရားသခင်သည် ကျွန်ုပ်တို့၏ အသင်းတော် ကျောင်းများကို တည်ထောင်စေရန် စီမံ ခန့်ထားတော်မူ၏။ ဤ ကျောင်းများ၌ ကလေး သူငယ်များအား ဤ ခေတ်ကာလအတွက် ထူးခြားသော သမ္မာတရားများကို သွန်သင်ပေးလျက် လက်တွေ့ သာသနာပြု လုပ်ငန်းကို သင်တန်းပေးရမည်။ ဖျားနာသူများ နှင့် ဒုက္ခဆင်းရဲခြင်း ခံနေရသူများကို ကူညီမစဖို့ ဖွဲ့စည်းထားသော အမှုတော်ဆောင် တပ်ကြီးတွင် ပါဝင်စေရမည်။ ကလေးသူငယ်များသည် ဆေးကုသခြင်းနှင့် ဆိုင်သော သာသနာ လုပ်ငန်းတွင် ပါဝင် ဆောင်ရွက်နိုင်၍ သူတို့၏ သေးငယ်သော ကိစ္စကလေးများအားဖြင့်ပင် လုပ်ငန်းကို တိုးတက်စေနိုင်၏။ သူတို့ လုပ်ကိုင်ပေးသော အလုပ် တာဝန်သည် သေးငယ်သော်လည်း၊ အနည်းငယ် ကူညီမစမှု နှင့် သူတို့၏ ကြိုးပမ်းမှုအားဖြင့် များစွာသော ဝိညာဉ်တို့သည် သမ္မာတရားဘက်သို့ ရောက်ရှိလာကြလိမ့်မည်။ သူတို့အားဖြင့် ဘုရားသခင်၏ သတင်းစကားသည် လူအများတို့၌ ထင်ရှားသွား၍ ကိုယ်တော်၏ ကယ်တင်စေသော ကျန်းမာခြင်း သတင်းစကားသည် နှံ့ပြားသွားလိမ့်မည်။ ထိုနောက် အသင်းတော်သည် သိုးစု၏ သိုးသငယ်များကို စောင့်ရှောက်ခြင်း တာဝန်ကို ဆောင်ရွက်ပါစေ။ ကလေးသူငယ်များအား ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်ရန် ပညာသင်ပေးလျက် သင်တန်းများတွင် သင်ကြား လမ်းပြပေးပါ၊ အကြောင်းကား သူတို့သည် ထာဝရဘုရား၏ အမွေတော် ဖြစ်ကြ၏။CCB2 215.2

    ကောင်းမွန် သင့်တော်စွာ စီမံ အုပ်ချုပ်သောအခါ၊ အသင်းတော် ကျောင်းများသည် ၎င်းတို့ကို တည်ထောင်ထားသော နေရာ၌ သမ္မာတရား၏ အလံတော်ကို ထူထောင်ပေးနိုင်လိမ့်မည်။ အကြောင်းကား ခရစ်ယာန် ပညာကို ရရှိသော ကလေးသူငယ်တို့သည် သခင်ခရစ်တော်အတွက် သက်သေများ ဖြစ်လာကြလိမ့်မည်။ သခင်ယေရှုသည် ဗိမာန်တော်ထဲ၌ ယဇ်ပုရောဟိတ် နှင့် အရာရှိများ မသိ နားမလည်နိုင်ခဲ့သော နက်နဲရာများကို ဖြေရှင်းပေးတော်မူသည် နည်းတူ၊ ဤ မြေကြီးပေါ်၌ နောက်ဆုံး အမှုတော်ကို အဆုံးသတ်သောအခါ မှန်ကန်စွာ ပညာ သင်ကြားခဲ့ရကြသော ကလေးသူငယ်တို့သည် ယခု “အထက်တန်းကျသော ပညာသင်ကြားရေး” အကြောင်းကို ဟောပြောနေကြသော သူတို့အဖို့ အံ့သြဖွယ် ဖြစ်မည့် စကားများကို ရိုးရိုးကလေးနှင့် ပြောဆိုကြလိမ့်မည်။416T 202, 203;CCB2 216.1

    ကျွန်ုပ်တို့၏ ကောလိပ်ကျောင်းသည် ဝိညာဉ် ကယ်ဆယ်ရေး လုပ်ငန်းကြီးကို ပြီးမြောက်စွာ ဆောင်ရွက်ဖို့ ဘုရားသခင်က စီမံခန့်ထားကြောင်း ကျွန်ုပ်အား ဖော်ပြထား၏။ ဘုရားသခင်၏ ဝိညာဉ်တော် အုပ်စိုးခြင်းကို လုံးလုံး ခံယူ ရရှိသောအခါ၌သာ၊ လူ အသီးအသီး၏ စွမ်းရည်သတ္တိများကို အလွန် ပြည့်စုံစွာ အသုံးချနိုင်ပေသည်။ ပညာကို ရယူခြင်း အမှုတွင် အကျင့်သီလ နှင့် အခြေခံ ကျင့်ဝတ္တရာများသည် ပထမ အဆင့် ဖြစ်၍ မှန်သော ပညာ သင်ကြားရေး၏ အခြေခံ ဖြစ်ပေသည်။ အသိပညာ နှင့် လောကဓါတ် ပညာတို့သည် အမြင့်မြတ်ဆုံး ရည်ရွယ်ချက်အတွက် ဆောင်ရွက်နိုင်ရန် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် သန်စွမ်း ခိုင်ခံ့ခြင်း ရှိရကြမည်။ ခရစ်ယာန် တစ်ဦးတည်း သာလျှင် အသိပညာကို မှန်ကန်စွာ အသုံးချနိုင်၏။ လောကဓါတ် ပညာကို ပြည့်စုံစွာ နှစ်သက် သဘောကျနိုင်မည် အကြောင်း ၎င်းကို ဘာသာရေး အမြင်နှင့် ကြည့်ရှုလေ့လာရမည်။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ချီးမြှင့်ခြင်း ခံရသော စိတ်နှလုံးသည် ပညာသင်ကြားရေး၏ မှန်ကန်သော တန်ဖိုးကို အကောင်းဆုံး သိနားလည်နိုင်၏။ ဘုရားသခင် ဖန်ဆင်းထားတော်မူသော အမှုများတွင် သိမြင်ရသည် အတိုင်း၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များကို ကျွန်ုပ်တို့သည် ဖန်ဆင်းရှင် အကြောင်း ကောင်းစွာ သိကျွမ်းခြင်း ရှိမှသာလျှင် ကောင်းမွန်စွာ သိနားလည် နိုင်ပေသည်။ လူငယ်တို့အား သမ္မာတရား၏ စမ်းရေတွင်း၊ လောက၏ အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ထံသို့ လမ်းညွှန်နိုင်မည် အကြောင်း၊ ဆရာများသည် သမ္မာတရား၏ အကြောင်းအရာများကို သိကျွမ်းရမည် သာမက၊ သန့်ရှင်းခြင်း နည်းလမ်းများကို လက်တွေ့ သိရှိနားလည်ရကြမည်။ မှန်သော ဝတ်ပြု ကိုးကွယ်ခြင်းနှင့် ယှဉ်လျှင် သိကျွမ်းခြင်း ပညာသည် တန်ခိုး ဖြစ်လာ၏။424T 427;CCB2 216.2