Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူ၏ အစာအတွက် ဘုရားသခင်၏ မူလ အကြံတော်။

    မည်သည့် အရာများသည် အကောင်းဆုံး အစာ ဖြစ်ကြောင်း သိရှိရန် လူအတွက် ဘုရားသခင် စီမံထားသော မူလ အစာ အကြောင်းကို ကျွန်ုပ်တို့သည် လေ့လာကြည့်ရှုရကြမည်။ လူကို ဖန်ဆင်းတော်မူ၍ လူ၏ အလိုကို သိနားလည်တော်မူသော အရှင်သည် အာဒံအတွက် အစာကို စီမံချပေးတော်မူ၏။ ဘုရားသခင်က “ကြည့်ရှုလော့၊ စပါးသီးကို ဖြစ်စေသော စပါးပင် အမျိုးမျိုးတို့ကို လည်းကောင်း၊ မျို့စေ့ကို ဖြစ်စေသော အသီးနှင့် ပြည့်စုံသော သစ်ပင် အမျိုးမျိုးတို့ကို လည်းကောင်း၊ သင်တို့ စားစရာဖို့ ငါပေး၏” ဟု မိန့်တော်မူ၏။ (က၊ ၁: ၂၉)။ ကျိန်ခြင်းကို ခံရသဖြင့် မြေကြီးကို ထွန်ယက်ခြင်းဖြင့် မိမိ၏ ဝမ်းစာကို ရှာရန် ဧဒင်ဥယျာဉ်မှ ထွက်သွားရသောအခါ၌၊ လူသည် လယ်၌ ဖြစ်သော ဟင်းသီး ဟင်းရွက်တို့ကို စားသောက် မှီဝဲရန် အခွင့် ရရှိလေ၏။ (က၊ ၃: ၁၈။)CCB2 236.2

    စပါးမျိုး၊ သစ်သီးမျိုး၊ အဆီပါသော အသီးမျိုး နှင့် ဟင်းသီး ဟင်းရွက်များသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်က ကျွန်ုပ်တို့အတွက် ရွေးချယ်ထားသော အစာတွင် ပါဝင်ကြသည်။ ဤ အစာများကို တတ်နိုင်သမျှ ရိုးရိုး နှင့် သဘာဝကျကျ ပြင်ဆင် ချက်ပြုတ်ထားလျှင် အလွန် ကျန်းမာစေ၍ အာဟာရ ဖြစ်စေ၏။ ၎င်းတို့သည် သာ၍ များပြားစွာ ရောထားလျက် လှုံ့ဆော်စေတတ်သော အစားအသောက်တို့က မချမပေးနိုင်သော ခွန်အား ခံနိုင်ရည်သတ္တိ နှင့် ဉာဏ်စွမ်းသတ္တိများကို ချပေး၏။ 2MH 295, 296;CCB2 237.1

    ကျန်းမာသော အခြေအနေကို အမြဲ ရရှိနေစေရန် ကောင်းမွန် အာဟာရ ဖြစ်စေသော အစာကို လုံလောက်စွာ ရရှိဖို့ လိုပေသည်။CCB2 237.2

    ကျွန်ုပ်တို့သည် ကျွမ်းကျင်စွာ စီမံ ပြုလုပ်တတ်ကြလျှင်၊ အရပ်ရပ်တိုင်းမှာလိုပင် ကျန်းမာရေးအတွက် အလွန် သင့်တော်သော အစားအသောက်များကို ရရှိနိုင်ကြသည်၊ ဆန်၊ ဂျုံ၊ ပြောင်း နှင့် အုတ်ခေါ် စပါးတစ်မျိုးတို့ကို အမျိုးမျိုး ပြုပြင်ထားပြီး အရပ်ရပ်သို့ တင်ပို့ ရောင်းချကြသည်။ ထိုအတူ ပဲမျိုး၊ ပဲစေ့မျိုး ကုလားပဲမျိုးတို့ကိုလည်း ပြုပြင်ထားကြသည်။ ဤ အရာများ နှင့်တကွ နိုင်ငံခြားမှ တင်သွင်းသော သစ်သီးများ၊ ၎င်းပြင် ရပ်ကွက် အသီးအသီးတွင် စိုက်ပျိုးသော ဟင်းသီး ဟင်းရွက် အမျိုးမျိုးတို့မှာ အသား မပါဘဲ၊ ကောင်းမြတ် အာဟာရ ဖြစ်စေသော အစားအသောက်တို့ကို ပြည့်စုံစွာ ရွေးချယ် ချက်ပြုတ် ပြုပြင်နိုင်ခွင့် ရရှိပါသည်။CCB2 237.3

    စပျစ်သီးခြောက်၊ သင်္ဘောဇီးသီး (ပရွန်း) ၊ ပန်းသီး၊ သစ်တော်သီး၊ မက်မုံသီးမှ စသော သစ်သီးခြောက်များကို သင့်တော်သော ဈေးနှုန်းနှင့် ရနိုင်သောအခါ၊ ထုံးစံအတိုင်း စားနေကျ အစာထက် ၎င်းတို့ကို အဓိက အစာ အဖြစ် သုံးဆောင်ကြလျှင်၊ လူ အမျိုးမျိုးအစားစား ဖြစ်သော အမှုတော်ဆောင်တို့၏ ကျန်းမာရေး နှင့် ခွန်အားသတ္တိအတွက် အကောင်းဆုံး အကျိုးကို ဖြစ်ထွန်းစေသည်ကို တွေ့ရှိရလိမ့်မည်။3MH 299;CCB2 237.4