Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အရသာ ရှိလွန်းသော အစာများ။

    လောကရှိ လူများ မကြာခဏ အသုံးပြုတတ်ကြသော ဟင်းခပ် အမွှေးအကြိုင်များသည် အစာ ကြေညက်ခြင်း လုပ်ငန်းကို ပျက်ကွက်စေသည်။13CD 339;CCB2 239.6

    ဤ လျင်မြန်သော ခေတ်တွင် စိတ်ထကြွခြင်းကို နည်းပါးစေသော အစားအသောက်သည် သာ၍ ကောင်း၏။ ဟင်းခပ် အမွှေးအကြိုင်များသည် မိမိတို့ သဘာဝအားဖြင့် ထိခိုက်စေတတ်သည်။ မုန်ညှင်းစေ့၊ ငရုပ်ကောင်း၊ သစ်ကျ ပိုးမှ စသော ဟင်းခပ် အမွှေးအကြိုက်၊ သရက်သီးသနပ် ကဲ့သို့သော သနပ်များ နှင့် ဤကဲ့သို့ ပြုပြင်ထားသော အခြား အရာများသည် အစာအိမ်ကို ပူလောင်ပူစပ်စေ၍ အသွေးကို ထုံထိုင်း ညစ်ညူးစေတတ်၏။ အရက်သမား၏ အစာအိမ်တွင် ပွရောင်နေသော အခြေအနေကို အရက်သောက်ခြင်း၏ အကျိုးအပြစ်ကို ဖော်ပြသော အရာ အဖြစ် ပုံပမာ ပြထားတတ်ကြသည်။ ထိုနည်းတူပွရောင်နေသော အခြေအနေမျိုးကို ပူလောင်စေသော ဟင်းခပ် အမွှေးအကြိုင်များကို သုံးခြင်းဖြင့် ဖြစ်စေ၏။ များမကြာမီ ရိုးရိုး အစားအသောက်တို့ကို သုံးဆောင်လိုသော ဆန္ဒ ကင်းမဲ့ပြီး ခံတွင်းပျက်နေလိမ့်မည်။ ထိုအခါ ကိုယ်ခန္ဓာက တစ်ခုခုကို လိုနေပြီး သာ၍ လှုံ့ဆော်သော အရာ တစ်စုံတစ်ခုကို တောင့်တလာလေ၏။14MH 325.CCB2 239.7

    အချို့သော သူတို့သည် အရသာ ရှိသော အရာကိုသာ ကြိုက်တတ်သဖြင့်၊ မိမိတို့ နှစ်သက်သော အရာကို မရလျှင်၊ စားချင်သော စိတ် မရှိတတ်ကြ။ ဟင်းခပ် အမွှေးအကြိုင် ပါသော အစားအသောက်များကို သူတို့ ရှေ့၌ ချထားလျှင်၊ မီးနှင်တံကဲ့သို့ ဖြစ်သော ဤ အစာကို သုံးဆောင်ခြင်းဖြင့် သူတို့သည် အစာအိမ်ကို အလုပ်များစေကြ၏။ အကြောင်းကား၊ ၎င်းကို ထိုကဲ့သို့ ပြုနေခဲ့ပြီ ဖြစ်၍ လှုံ့ဆော်ခြင်း မဖြစ်စေသော အစာကို လက်ခံလိမ့်မည် မဟုတ်။15CD 340;CCB2 240.1

    အမွှေးအကြိုင်တို့သည် ပထမဦးစွာ အစာအိမ်၏ အပေါ်ယံ နူးညံ့သော အမြှေးများကို ပူလောင်စေ၏။ သို့ရာတွင် နောက်ဆုံး၌ ဤ နူးညံ့သော အမြှေးတို့၏ သဘာဝ အကင်းပါးမှုကို ဖျက်ဆီးလေ၏။ အသွေးသည် ထုံထိုင်းလာလျက် တိရိစ္ဆာန်၏ ဝါသနာမျိုး ဖြစ်ပေါ်လာသဖြင့်၊ အကျင့်၊ စိတ်ဉာဏ်တို့နှင့် ဆိုင်သော သတ္တိသည် ဆုတ်လျော့သွားလျက် ညံ့ဖျင်းသော ရမ္မက်၏ ကျွန် ဖြစ်လာ၏။ မိခင်သည် ရိုးရိုး နှင့် အာဟာရ ဖြစ်စေသော အစားအသောက်ကို အိမ်ထောင်သားများ ရှေ့၌ ပြင်ဆင်ပေးဖို့ လေ့လာ ဆည်းပူးရမည်။16CH 114;CCB2 240.2

    Larger font
    Smaller font
    Copy
    Print
    Contents