Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သဘောချင်း မတူလျှင် လူ နှစ်ဦးသည အတူ ခရီးသွားနိုင်သလော။

    မယုံကြည်သော သူသည် ဘာသာတရားကို နှစ်သက်လျက် သူသည် ခရစ်ယာန်မဖြစ်သည်မှ လွဲ၍ ပေါင်းဖက်သော သူ၌ လိုအပ်သော အရည်အချင်း အားလုံးနှင့် ပြည့်စုံသည်ဟု တစ်ခါတစ်ရံ ဆင်ခြေပေးတတ်ကြသည်။ မယုံကြည်သော သူနှင့် စုံဖက်ခြင်းသည် မသင့်တော်ကြောင်းကို ယုံကြည်သော သူသည် ကောင်းစွာ ဝေဖန်ပိုင်းခြား သိနိုင်သော်လည်း၊ အမှုကိစ္စ ဆယ်ခုတွင် ကိုးခု၌ မိမိတို့၏ စိတ်အလိုဆန္ဒက အောင်မြင်သွားလေ၏။ တရားဟော ပလ္လင်၌ ဂတိသစ္စာ ပြုသော အချိန်မှာပင် ဝိညာဉ်ရေး၌ ကျဆုံးခြင်း အမှုသည် အစပြုလာ၏။ ဘာသာတရား၌ စိတ်အားထက်သန်မှုသည် လျော့ပါးလာ၍ နှစ်ဦးစလုံးတို့သည် စာတန်၏ အလံ အောက်သို့ ရောက်သွားသည် တိုင်အောင်၊ ခိုင်ခံ့သော ရဲတိုက်တို့သည် တစ်ခုပြီး တစ်ခု ပြိုပျက်သွားကြလေပြီ။ လက်ထပ်ပွဲ အခမ်းအနား၌ပင် လောကီ သဘောသည် သြတ္တပ္ပစိတ်၊ ယုံကြည်ခြင်း နှင့် သမ္မာတရားတို့ကို အောင်မြင်သွားလေပြီ။ အိမ်ထောင်သစ်၌ ဆုတောင်းချိန်ကို မရိုသေကြ။ သတို့သား နှင့် သတို့သမီးတို့သည် တစ်ယောက်ကို တစ်ယောက် ရွေးချယ်ကြပြီး သခင်ယေရှုကို နှင်ထုတ်ကြလေပြီ။CCB2 29.1

    ပထမ၌ မယုံကြည်သော သူသည် အသစ်သော ဆက်ဆံမှုတွင် ဆန့်ကျင်ဖက် အမှုတို့ကို မပြဘဲ နေလိမ့်မည်။ သို့သော် ကျမ်းစာ၏ သမ္မာတရားနှင့် ဆိုင်သော အချက်ကို ဂရုစိုက်ဆင်ခြင်ဖို့ရန် ဖော်ပြသောအခါ၊ ကျွန်ုပ်သည် အဘယ်သူ ဖြစ်သည်ကို သင်သည် သိရှိလျက်၊ ကျွန်ုပ်ကို စုံဖက်ပြီ၊ ကျွန်ုပ်အား နှောင့်ယှက်ခြင်းကို အလိုမရှိပါ။ ဤ အချိန်မှ စ၍ သင်၏ ထူးခြားသော ထင်မြင်ချက်များ အကြောင်းကို မပြောမဆိုဘဲ နေကြစို့ဟု ပြောဆိုလျက် သူ၏ သဘောကို ချက်ချင်း ထင်ရှားလာစေ၏။ ယုံကြည်သော သူသည် မိမိ၏ ယုံကြည်ခြင်းတရား၌ ထူးခြားစွာ စိတ်အားထက်သန်မှုကို ပြခဲ့လျှင်၊ ခရစ်ယာန် ဗဟုသုတ၌ စိတ်ဝင်စားမှု မရှိသော သူအား ကြင်နာမှု ကင်းကြောင်း ပြသကဲ့သို့ ဖြစ်လိမ့်မည်။CCB2 29.2

    အသစ်သော ဆက်ဆံမှုတွင်၊ ယုံကြည်သော သူသည် မိမိ ရွေးချယ်ခဲ့သော အဖော်၏ သဘောကို လိုက်လျော သင့်သည်ဟု ဆင်ခြင်၏။ ပေါင်းသင်း ဆက်ဆံရေး၊ လောကီ ပျော်ရွှင်ရေးတို့ကို အားပေး ကူညီလာ၏။ ပထမ၌ ဤသို့ ပြုလုပ်ရန် များစွာ စိတ်ဝင်စားခြင်း မရှိ၊ သို့ရာတွင် သမ္မာတရား၌ စိတ်ဝင်စားမှုသည် သာ၍ နည်းပါးလာ၍ ယုံကြည်ခြင်းတရားကို ယုံမှားခြင်း၊ မယုံကြည်ခြင်းတို့နှင့် လဲလှယ်လေပြီ။ တစ်ခါက တည်ကြည် ဖြောင့်မှန်သော ယုံကြည်သူ ဖြစ်၍ သခင်ခရစ်တော် နောက်သို့ စိတ်အားကြီးစွာ လိုက်လျှောက်သော သူသည် ယခု ယုံမှား၍ ယိမ်းယိုင်သော သူ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပါ။ သတိပညာ မရှိသော ထိမ်းမြားစုံဖက်ခြင်းအားဖြင့် ပြောင်းလဲမှုကြီးကို ဖြစ်စေပြီတကား။CCB2 29.3

    လောကနှင့် ဆက်ဆံခြင်းသည် ဘေးမကင်းသော အမှု တစ်ခု ဖြစ်သည်။ အများသော ယောက်ျား နှင့် မိန်းမများတို့၏ ထိမ်းမြားစုံဖက်ခြင်း အချိန်သည် သူတို့၏ ဘာသာရေး ဗဟုသုတ နှင့် သူတို့၏ အသုံးကျခြင်း အကြောင်းများကို လက်စသတ်သော အချိန် ဖြစ်သည်ကို စာတန်သည် ကောင်းစွာ သိ၏။ သူတို့ကို သခင်ခရစ်တော်သည် ဆုံးရှုံးတော်မူပြီ။ သူတို့သည် ခရစ်ယာန် သဘော၌ နေထိုင်ရန် အတော်ကြာ ကြိုးစားကြလိမ့်မည်။ သို့ရာတွင် သူတို့၏ ကြိုးစားမှု ရှိသမျှသည် ဆန့်ကျင်ဖက် လမ်းသို့ ပို့ဆောင်နေခြင်းမျှသာ ဖြစ်၏။ တစ်ကြိမ်က သူတို့၏ ယုံကြည်ခြင်း နှင့် မျှော်လင့်ခြင်းကို ပြောပြဖို့ အခွင့်အရေးရလျက် ဝမ်းမြောက်ခြင်း ရှိခဲ့ကြ၏။ သို့ရာတွင် မိမိတို့၏ ကံကြမ္မာအတွက် စုံဖက်ရသော သူသည် မိမိတို့ ပြောပြလိုသော အကြောင်းအရာ၌ စိတ်ဝင်စားမှု မရှိသည်ကို သိရသဖြင့်၊ သူတို့သည် ၎င်းတို့ကို ပြောပြလိုသော စိတ် မရှိကြတော့ချေ။ ထိုကြောင့် အဖိုးထိုက်သော သမ္မာတရား၌ ယုံကြည်ခြင်းသည် စိတ်နှလုံးထဲ၌ ပျောက်ကွယ်သွား၍ စာတန်သည် ယုံမှားခြင်း သဘောကို သူတိုု့ အထဲ၌ ပါးနပ်စွာ ဖြစ်ပေါ်လာစေရန် စီမံလေ၏။CCB2 30.1

    “သဘောခြင်း မတူလျှင်၊ လူ နှစ်ဦးသည် ခရီးသွားနိုင်သလော။” “မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍ ဆုတောင်းလျှင်၊ တောင်းသမျှသော ဆုကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော်သည် ပေးတော်မူလတ္တံ့။” သို့ရာတွင် မည်မျှ ထူးခြားသော မြင်ကွင်း ဖြစ်သနည်း။ ထိုသို့ ရင်းနှီးစွာ ဆက်ဆံ ပေါင်းသင်းရသော သူတို့တွင် တစ်ယောက်ကား ဘုရားတရား၌ ကြည်ညိုလေးစားခြင်း ရှိလျက်၊ အခြား တစ် ယောက်ကား ဂရုမစိုက် အမှုမထားဘဲ နေ၏။ တစ်ယောက်သော သူသည် ထာဝရအသက်ရှင်ရာ လမ်းကို ရှာဖွေလျက် နေ၍၊ အခြား တစ်ယောက်ကား သေခြင်းသို့ ပို့သော ကျယ်သော လမ်းတွင် ရှိနေ၏။CCB2 30.2

    စိတ်နှလုံး ပြောင်းလဲသော သူများနှင့် ထိမ်းမြားစုံဖက်ခြင်းကြောင့်၊ ရာပေါင်းများစွာသော သူတို့သည် ခရစ်တော် နှင့် ကောင်းကင်ကို စွန့်လွှတ်ကြလေပြီ။ သခင်ခရစ်တော်ကို ချစ်၍ ကိုယ်တော်နှင့် ပေါင်းသင်း ဆက်ဆံရခြင်း အမှုသည် သူတို့အတွက် များစွာ အဖိုးမထိုက်သောကြောင့်၊ သနားစရာ ကောင်း၍ သေတတ်သော လူနှင့် ပေါင်းဖော်ရခြင်းကို သူတို့သည် သာ၍ နှစ်သက်နိုင်ကြပါသလား။ ကောင်းကင်သည် များစွာ မြတ်နိုးဖွယ် မကောင်းသောကြောင့်၊ အဖိုးထိုက်သော ကယ်တင်ရှင်ကို မချစ်သော သူအတွက် သူတို့သည် ကောင်းကင် စည်းစိမ်ချမ်းသာကို လက်လွှတ်လိုသော ဆန္ဒ ရှိနေကြပါသလော။CCB2 31.1