Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    များစွာသော ရောဂါဝေဒနာတို့၏ အကြောင်းရင်း။

    အသားသည် ဘယ်သောအခါမျှ အကောင်းဆုံး အစာ မဟုတ်။ သို့ရာတွင် ယခု ၎င်းကို သုံးဆောင်ခြင်းကို နှစ်ဆမျှ ကန့်ကွက်ကြပြီ၊ အကြောင်းကား တိရိစ္ဆာန်တို့၌ စွဲကပ်တတ်သော ရောဂါတို့မှာ လျင်မြန်စွာ တိုးတက် များပြားလာသောကြောင့်တည်း။ ထိုတိရိစ္ဆာန်များ အသက်ရှင်စဉ်အခါ နေထိုင် စားသောက်ပုံ၊ သူတို့ စားသော အရာ၏ အမျိုးအစားတို့ကို သင်တို့သည် မြင်နိုင်လျှင်၊ သင်တို့သည် ရွံ့ရှာသော သဘောနှင့် ၎င်းတို့ထံမှ မျက်နှာလွှဲသွားကြလိမ့်မည်။ လူများတို့သည် အများအားဖြင့် တီဘီ အဆုတ်နာ နှင့် ကင်ဆာပိုးများ ပါသော အသားများကို အမြဲ မှီဝဲနေရကြသည်။ ထိုသို့အားဖြင့် တီဘီ အဆုတ်နာ၊ ကင်ဆာ နှင့် အခြား ရောဂါများသည် ကူးစက်ရလေ၏။3MH 313;CCB2 251.2

    အသား စားခြင်းအားဖြင့် ရောဂါဝေဒနာ ရတတ်သော အဖြစ်သည် ဆယ်ဆ တိုးပွားလာလေပြီ။42T 64;CCB2 251.3

    တိရိစ္ဆာန်များသည် ရောဂါဝေဒနာ စွဲကြသဖြင့်၊ ၎င်းတို့၏ အသားများကို စားသုံးမှီဝဲကြခြင်း၌ ကျွန်ုပ်တို့သည် မိမိတို့၏ အသားမျှင်များ နှင့် အသွေးတွင် ရောဂါမျိုးစေ့ကို စိုက်ပျိုးကြပြီ။ ထိုနောက် ငှက်ဖျားရောဂါပိုးများ လေထဲ၌ လွင့်နေသော နေရပ်သို့ ပြောင်းရွှေ့သွားရသောအခါ၊ ဤ ရောဂါပိုးတို့ ကို အလွယ်တကူ ကူးစက်စေနိုင်သည်။ ၎င်းပြင် ကူးစက်တတ်သော ရောဂါများ ဖြစ်နေသည့် နေရာများတွင်လည်း၊ ကိုယ်ခန္ဓာ အင်္ဂါစုသည် ရောဂါကို ခုခံ ကာကွယ်နိုင်သော အခြေအနေ၌ မရှိချေ။CCB2 251.4

    ကျွန်ုပ်အား ဘုရားသခင် ပေးတော်မူသော အလင်းတရားအတိုင်း၊ ကင်ဆာ နှင့် အလုံးတည် ရောဂါတို့မှာ အများအားဖြင့် သေသော အသားများကို အမြဲ မှီဝဲနေခြင်းကြောင့် ဖြစ်သည်ကို သိရသည်။5CD 386-388;CCB2 252.1

    အများသော နေရာတို့၌၊ ငါးများသည် သူတို့ မှီဝဲကြသော အညစ်အကြေးများအားဖြင့် မိမိတို့ ကိုယ်ကို ညစ်ညူးစေသဖြင့်၊ ရောဂါဝေဒနာများကို ဖြစ်စေတတ်သည်။ အထူးသဖြင့် မြို့ကြီးများမှ အညစ်အကြေးများ စွန့်လွှတ်သော နေရာများနှင့် ၎င်းတို့သည် တွေ့ကြုံလာသောအခါ ငါးများတို့သည် ထိုသို့ နေထိုင်မှီဝဲတတ်ကြသည်။ အညစ်အကြေး စွန့်ရာ နေရာ၌ ၎င်းတို့ကို ဖမ်းမိရကြပြန်၏။ ထိုသို့အားဖြင့် ဘေးဥပဒ်ကို မမျှော်လင့်ဘဲ ၎င်းတို့ကို စားသုံးသူတို့၌ ရောဂါစွဲစေ၏။CCB2 252.2

    အသား စားခြင်းကြောင့် ခံရသော ဆိုးကျိုးကို ချက်ခြင်း မသိနိုင်ချေ။ သို့ရာတွင် ဤ အကြောင်းကြောင့် ၎င်းသည် ဘေးကင်းသည်ဟု မဆိုသာ။ မိမိတို့ သုံးဆောင်သော အသားအားဖြင့် အသွေးသည် အဆိပ်အတောက် ဖြစ်လာ၍ မိမိတို့၌ ဒုက္ခဝေဒနာများ သက်ရောက်စေသည်ကို အနည်းငယ်မျှသာ ယုံကြည်တတ်ကြသည်။ အများအားဖြင့် အသားစားခြင်းကြောင့်ပင် များစွာသော သူတို့သည် ရောဂါ ရလျက် သေဆုံးရကြ၏။ သို့သော် အကြောင်းရင်း အမှန်ကို အသားစားသူတို့ ကိုယ်တိုင် သို့မဟုတ် အခြားသူတို့သည် မသိကြ။6MH 314, 315;CCB2 252.3