Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    “ဝက်သည် သင်တို့၌ မစင်ကြယ်။”

    ဝက်၏ အသားမျှင်များတွင် ပိုးမွှား များစွာ တွယ်ကပ်နေတတ်သည်။ ဝက် အကြောင်းနှင့် ပတ်သက်၍ ဘုရားသခင်က၊ “ဝက်သည် သင်တို့၌ မစင်ကြယ်။ အသားကို မစားရ။ အသေကောင်ကိုလည်း မထိရ” ဟု မိန့်တော်မူ၏။ ဝက်သားသည် အစာ အဖို့အလိုငှါ မသင့်တော်သောကြောင့်၊ ဤ အမိန့်တော်ကို ပေးတော်မူ၏။ ဝက်များသည် မိလ္လာများကို သိမ်းဆည်း ပယ်ရှားသော အရာများသာ ဖြစ်လျက် ဤကဲ့သို့သော အမှုကို ပြုလုပ်ရန်သာ ကြံစည်ထားခြင်း ဖြစ်လိမ့်မည်။ ဘယ်အခြေ၌ မဆို လူတို့သည် ဝက်သားတို့ကို မစားမသုံးရကြချေ။ သဘာဝလျောက် တိရိစ္ဆာန်တို့သည် ညစ်ညူးကြပြီးလျှင် ရွံစရာ ကောင်းသော အရာတို့ကို မှီဝဲသောအခါ ၎င်းတို့၏ အသားသည် မသန့်ရှင်း မသင့်တော်နိုင်ချေ။7MH 313, 314;CCB2 252.4

    ဝက်သားသည် အများ သုံးဆောင်နေကြသော အစာ တစ်ခု ဖြစ်သော်လည်း၊ ဘေးဥပဒ် အများဆုံး ဖြစ်ပေသည်။ ဘုရားသခင်သည် မိမိ၏ သြဇာ အာဏာကို ဖော်ပြချင်သောကြောင့်၊ ဟေဗြဲလူတို့အား ဝက်သား စားခြင်း အမှုကို တားမြစ်တော်မူသည် မဟုတ်။ ၎င်းသည် လူအတွက် မသင့်တော်သော အစာ ဖြစ်သောကြောင့်တည်း။ ၎င်းသည် ကိုယ်အင်္ဂါစုတွင် ကြပ်နာနှင့် ပြည့်စေလိမ့်မည်။ အထူးသဖြင့် ပူအိုက်သော ရာသီတွင် နူနာရောဂါကို လည်းကောင်း၊ အမျိုးမျိုးသော ရောဂါဝေဒနာတို့ကို လည်းကောင်း ဖြစ်စေလိမ့်မည်။ ၎င်းသည် အေးသော ရာသီဥတုမှာထက် ပူအိုက်သော ရာသီဥတုတွင် ကိုယ်ခန္ဓာကို သာ၍ ဘေး ဖြစ်စေတတ်သည်။ ဝက်သားသည် အခြားသော အသားများထက် သွေး၌ မကောင်းသော အခြေအနေကို ပိုမို ဖြစ်စေတတ်သည်။ ဝက်သားကို များများ စားသော သူတို့၌ ရောဂါဝေဒနာ များစွာ ကပ်ရောက်၏။8CD 392, 393;CCB2 253.1

    အထူးသဖြင့် အလွန် နူးညံ့၍ ထိခိုက်လွယ်သော ဦးနှောက်အာရုံကြောများသည် အားနည်းလာ၍ အလွန် ထုံထိုင်းနေသဖြင့် သန့်ရှင်းသော အရာတို့ကို ဝေဖန် သိနားလည်ခြင်း မရှိဘဲ၊ ရိုးရိုး အရာများ နှင့် ယုတ်ညံ့သော နေရာ၌ ထားတတ်၏။92T 96;CCB2 253.2

    အိမ်ပြင်ဘက်၌ လှုပ်ရှားခြင်း ပြုရသော သူတို့သည် အများအားဖြင့် အိမ်တွင်းမှာ နေရလျက် အမြဲ ထိုင်ကာ ဦးနှောက် သုံးရသော သူတို့လောက် ဝက်သား စားခြင်း၏ မကောင်ကျိုးကို မသိရချေ။10CD 393;CCB2 253.3