Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိတ် နှင့် ဝိညာဉ်ပေါ်၌ ထိခိုက်ခြင်း။

    အသားပါသော အစားအသောက်တို့ကြောင့် အကျင့် မကောင်းမှုတို့သည် ကိုယ်ကာယ၏ အဖျား အနာများထက် မလျော့ပေ။ အသားသည် ကျန်း မာရေးကို ထိခိုက်၏။ ၎င်းပြင် ကိုယ်ခန္ဓာကို ထိခိုက်စေသမျှသော အရာတို့သည် စိတ် နှင့် ဝိညာဉ်ကိုလည်း ထိခိုက်စေတတ်၏။11MH 315;CCB2 253.4

    အသားပါသော အစားအသောက်သည် သဘောကို ပြောင်းလဲစေလျက် တိရိစ္ဆာန်စိတ်ကို အားပေး၏။ ကျွန်ုပ်တို့သည် မိမိတို့ စားသောက်သည် အတိုင်း ဖြစ်ရကြ၏။ ၎င်းပြင် အသားများစွာ သုံးဆောင်ခြင်းအားဖြင့် ဉာဏ်စွမ်းထက်မြတ်မှုကို လျော့စေ၏။ ကျောင်းသားများသည် အသားကို ဘယ်အခါမျှ မသုံးဆောင်ကြလျှင်၊ မိမိတို့ ပညာသင်ကြားမှုတွင် သာ၍ များပြားစွာ ဖြစ်မြောက် အောင်မြင်လိမ့်မည်။ အသား စားသုံးခြင်းဖြင့် လူတွင် တိရိစ္ဆာန်စိတ်ကို အားပေးသဖြင့်၊ အချိုးအစားအလိုက် ဉာဏ်စွမ်းသည် ဆုတ်လျော့သွား၏။12CD 389;CCB2 254.1

    အစားအသောက်သည် အရိုးဆုံး ဖြစ်ရမည့် အချိန်ကာလသည် ယခု ကာလ ဖြစ်သည်။ အသားကို ကျွန်ုပ်တို့၏ သားသမီးများ ရှေ့တွင် မထားအပ်။ ၎င်းသည် ယုတ်ညံ့သော ရမ္မက်ကို နှိုးဆော် အားပေး၍ အကျင့်နှင့် ဆိုင်သော သတ္တိများကို ပျက်စီးစေတတ်သည်။132T 352;CCB2 254.2

    သခင်ခရစ်တော် မကြာမီ ကြွလာတော်မူခြင်းကို မျှော်လင့်နေကြသည်ဟု ဝန်ခံနေကြသော သူတို့ အထဲတွင် သာ၍ ကြီးကျယ်သော ပြောင်းလဲခြင်း ရှိသင့်သည်။ ကျန်းမာခြင်းနှင့် ဆိုင်သော ပြုပြင်ပြောင်းလဲခြင်း အမှုသည် ကျွန်ုပ်တို့၏ လူများတွင် တစ်ခါမျှ မပြုခဲ့ရသေးသော အလုပ် တစ်ခု ဖြစ်သည်။ အသား စားခြင်းကြောင့် ဘေးဒုက္ခ ဖြစ်စေသည်ကို သိရှိဖို့ နားလည်စေရန် နှိုးကြားရကြမည့် လူများ၊ အသားကို စားနေကြသေးသဖြင့် ကိုယ်ကာယ၊ စိတ်ဉာဏ် နှင့် ဝိညာဉ် ကျန်းမာရေးကို ဘေး ဖြစ်စေကြောင့် သိအပ်သော သူများ ရှိကြသည်။ အသား စားခြင်း ပြဿနာနှင့် စပ်ဆိုင်၍ တစ်ဝက်လောက်သာ စိတ်ပြောင်းလဲသော သူအများတို့သည် ဘုရားသခင်၏ လူများနှင့် ဆက်လက် သွားလာ နေထိုင်ခြင်း မပြုနိုင်ရန် သူတို့ထံမှ ထွက်ခွာသွားကြလိမ့်မည်။14CH 575;CCB2 254.3

    ဘုရားသခင် နှင့် ဘုရားသခင်၏ အမှုတော်သည် သူတို့၏ အပြောအဆို၊ အပြုအမူများအားဖြင့် ရှုတ်ချခြင်း မခံရမည် အကြောင်း၊ သမ္မာတရားကို ယုံကြည်ကြသည်ဟု ဝန်ခံကြသော သူတို့သည် မိမိတို့၏ ကိုယ်ခန္ဓာ နှင့် စိတ်၏ စွမ်းအား သတ္တိများကို သေချာစွာ ကာကွယ် စောင့်ရှောက်အပ်ကြသည်။ အလေ့အကျင့် အပြုအမူများကို ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်စေရန် နှိမ့်ချထားရမည်။ ကျွန်ုပ်တို့သည် မိမိတို့၏ အစားအသောက်ကို အထူး သတိပြု ဂရုစိုက်ရကြမည်။ ဘုရားသခင်၏ လူများတို့သည် အသား စားခြင်းကို မြဲမြံစွာ ခုခံ ကာကွယ်ရကြမည်ဟု ကျွန်ုပ်အား ထင်ရှားစွာ ဖော်ပြထားပါသည်။ ဘုရားသခင်၏ လူတို့သည် သန့်ရှင်းသော သွေး နှင့် ကြည်လင်သော စိတ်ကို အလိုရှိကြလျှင်၊ သူတို့သည် အသားစားခြင်း အကျင့်ကို စွန့်ပယ်ရကြမည် ဟူသော သတင်းစကားကို ဂရုစိုက်စေဖို့ ဘုရားသခင်သည် အလိုတော် ရှိတော်မမူလျှင်၊ ဘုရားသခင်က ဤ သတင်းစကားကို မိမိ၏ လူတို့အား နှစ်ပေါင်း သုံးဆယ်ကြာ ပေးလိမ့်မည်လော။ အသားကို သုံးဆောင်ခြင်းအားဖြင့် တိရိစ္ဆာန် သဘောသည် ခိုင်ခံ့လာ၍ ဝိညာဉ် သဘောသည် အားနည်းသွား၏။15CD 383;CCB2 254.4