Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅၁။—ကျန်းမာရေးနှင့် စပ်ဆိုင်၍ ပြုပြင်ပြောင်းလဲခြင်း အမှုတွင် သစ္စာရှိခြင်း။

    (မှတ်ချက်။ ကျန်းမာရေးနှင့် ဆိုင်၍ ပြုပြင်ပြောင်းလဲမှုတွင် အရေးကြီး လိုအပ်သော အချက်များ အကြောင်းကို ဖော်ပြသော ဤ သတင်းစကားကို ၁၉၀၉ ခုတွင် နောက်ဆုံး မမဝှိုက် တက်ရောက်သော ဋ္ဌာနချုပ် အစည်းအဝေးကြီး၌ မမဝှိုက်က ဟောပြောခဲ့သည်၊ - ထုတ်ဝေသူများ။)CCB2 258.1

    ကျွန်ုပ်တို့၏ လူအများသည် ကျန်းမာရေးနှင့် ဆိုင်သော ပြုပြင်ပြောင်းလဲရေး စည်းမျဉ်း ဥပဒေများ၌ အထက်က သစ္စာစောင့်လာကြသည် အမှုကို ဖောက်လွှဲဖောက်ပြန် ပြုလုပ်ခဲ့ကြသဖြင့်၊ ကျွန်ုပ်အား ကျန်းမာရေးနှင့် ဆိုင်သော ပြုပြင်ပြောင်းလဲရေး အကြောင်းကို ကျွန်ုပ်တို့၏ လူများအား သတင်းစကား ကြားပြောစေခြင်းငှါ သွန်သင်ထားတော်မူ၏။CCB2 258.2

    မိမိ၏ သားသမီးများအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ကား၊ သူတို့သည် သခင်ခရစ်တော်၌ ယောက်ျား၊ မိန်းမ အဖြစ် ပြည့်စုံစွာ ကြီးပွားခြင်း ရှိကြမည် အကြောင်းတည်း။ ဤကဲ့သို့ ဖြစ်စေရန် သူတို့သည် ကိုယ်၊ စိတ်၊ ဝိညာဉ်၏ ခွန်အား ရှိသမျှတို့ကို မှန်ကန်စွာ အသုံးပြုရကြမည်။ သူတို့သည် စိတ်ဉာဏ် သတ္တိ နှင့် ကာယ သတ္တိ တစ်စုံတစ်ခုကိုမျှ မဖြုန်းတီးနိုင်။CCB2 258.3

    ကျန်းမာမှုကို မည်ကဲ့သို့ ထိန်းသိမ်း စောင့်ရှောက်ရမည်နည်း ဟူသော ပြဿနာသည် အရေးအကြီးဆုံး အချက် တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ဤ ပြဿနာကို လေ့လာ စစ်ဆေးကြည့်ကြသော အခါ၊ ကျွန်ုပ်တို့၏ ကိုယ်ကာယ နှင့် ဝိညာဉ် တိုးပွားရေးအတွက် အစားအသောက်တွင် ရိုးရိုး ပြင်ဆင် ချက်ပြုတ်ခြင်း အမှုသည် အကောင်းဆုံး နည်း ဖြစ်သည်ကို သိရှိရကြလိမ့်မည်။ ဤ ပြဿနာကို ကျွန်ုပ်တို့ သည်းခံလျက် လေ့လာကြည့်ရှုကြစို့။ ဤ ကိစ္စ၌ သင့်တော်စွာ စီမံ ပြုလုပ်နိုင်မည် အကြောင်း ကျွန်ုပ်တို့သည် ဗဟုသုတ ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်ကို လို ပေသည်။ သဘာဝ၏ စည်းကမ်း ဥပဒေများကို ဆန့်ကျင်ဖက် မပြုဘဲ လိုက်နာ ကျင့်ဆောင်ရမည်။CCB2 258.4

    အသားပါသော အစားအသောက်၊ လက်ဖက်ရည် နှင့် ကော်ဖီ၊ အရသာ ရှိလွန်း၍ ကျန်းမာခြင်းကို မဖြစ်စေသော အစားအစာများကို သုံးဆောင်ခြင်း၏ မကောင်းမှု အကြောင်းကို သွန်သင်ခြင်း ခံရသော သူ၊ စွန့်စားခြင်းဖြင့် ဘုရားသခင်နှင့် ပဋိညာဉ်ပြုရန် စိတ်ပိုင်းဖြတ်ထားသော သူတို့သည် ကျန်းမာခြင်းကို မဖြစ်စေသည်ကို သူတို့ သိရှိကြသော အစားအသောက်များကို ဆက်လက် တပ်မက်လိုသော စိတ် ရှိကြလိမ့်မည် မဟုတ်။ ဘုရားသခင်က အစာ၌ မက်မောခြင်းကို ပယ်ဖြတ်၍ မကောင်းသော အရာများ၌ ကိုယ်ကို ငြင်းပယ်ခြင်း အမှုကို လေ့ကျင့်ရမည်ဟု မိန့်တော်မူ၏။ ဘုရားသခင်၏ လူတို့သည် ဘုရားသခင် ရှေ့တော်၌ စုံလင်ခြင်း အဖြစ်သို့ ရောက်သော သူများ အဖြစ်နှင့် ရပ်တည်နေနိုင်သော အချိန် မရောက်မီ ဤ အမှုကို ပြုလုပ်ရကြလိမ့်မည်။CCB2 259.1

    ဘုရားသခင်၏ ကျန်ကြွင်းသော လူများတို့သည် ပြောင်းလဲသော လူတစ်မျိုး ဖြစ်ရကြမည်။ ဤ သတင်းစကားကို ကြားပြောခြင်း၌ ဝိညာဉ်များတို့အား ပြောင်းလဲ၍ သန့်ရှင်းခြင်းသို့ ရောက်စေခြင်း အကြောင်းကို ဖြစ်စေဖို့ပင်တည်း။ ဤ လုပ်ငန်းကြီး၌ ဘုရားသခင့် ဝိညာဉ်တော်၏ တန်ခိုး ပါရှိကြောင်း ကျွန်ုပ်တို့ သိရှိအပ်ကြသည်။ ဤ အရာသည် အံ့သြဖွယ် ဖြစ်၍ သေချာ တိကျသော သတင်းစကား ဖြစ်၏။ ၎င်းသည် ၎င်းကို လက်ခံသူ အဖို့ အရာခပ်သိမ်း ဖြစ်၍ ၎င်းကို ကျယ်သော အသံနှင့် ကြွေးကြော်ရမည်။ ဤ သတင်းစကားသည် ကပ်ကာလ ကုန်ဆုံးသည် တိုင်အောင် တိုး၍ အရေးကြီးလာလျက် အရပ်ရပ် နှံ့ပြားသွားလိမ့်မည်ဟု ကျွန်ုပ်တို့၌ မှန်ကန် တည်မြဲသော ယုံကြည်ခြင်း ရှိရကြမည်။CCB2 259.2

    ယုံကြည်သော သူဟု ဆိုနေကြလျက် မမဝှိုက်၏ “သက်သေခံချက် စာစောင်များ” ၏ အစိတ်အပိုင်း အချို့ကို ဘုရားသခင်၏ သတင်းစကား အဖြစ် လက်ခံကြသော သူ အချို့ ရှိကြ၏၊ သို့ရာတွင် သူတို့သည် မိမိ နှစ်သက် လိုလားသော အရာများကို အပြစ်တင် ဆုံးမသော အစိတ်အပိုင်းများကို ငြင်းပယ်ကြ၏။ ထိုကဲ့သို့သော သူတို့သည် မိမိတို့၏ အကောင်းကျိုး၊ အသင်းတော်၏ ကောင်းကျိုးတို့နှင့် ဆန့်ကျင်သော အမှုကို ပြုလုပ်နေကြသည်။ ကျွန်ုပ်တို့၌ အလင်း ရှိစဉ် အခါ ကျွန်ုပ်တို့သည် အလင်း၌ သွားလာဖို့ လိုပေသည်။ ကျန်းမာရေးနှင့် စပ်ဆိုင်၍ ပြုပြင်ပြောင်းလဲခြင်း အမှုကို ယုံကြည်သည်ဟု ဆိုကြလျက်၊ မိမိတို့၏ နေ့စဉ် အလေ့အကျင့်တို့တွင် ၎င်း၏ အခြေခံ တရားနှင့် ဆန့်ကျင်ဖက် ပြုနေသေးသော သူတို့သည် မိမိတို့၏ စိတ်ဝိညာဉ်ကို ထိခိုက် နာကျင်စေကြပြီးလျှင်၊ ယုံကြည်သော သူ နှင့် မယုံကြည်သော သူတို့၏ စိတ်ထဲမှ မှားသော အယူအဆများကို စွဲမှတ်စေခဲ့ကြလေပြီ။CCB2 259.3