Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မယုံကြည်သော သူတို့အား ခရစ်ယာန်များက ပြန်ဖြေရသော အချက်။

    ဘာသာရေး အခြေခံ တရား၌ ခိုင်ခံ့ကြောင်း စစ်ဆေးသော စုံစမ်းခြင်း အခြေအနေသို့ ခရစ်ယာန်တိုင်းသည် ရောက်ရှိလာသောအခါ၊ သူတို့သည် မည်ကဲ့သို့ ပြုသင့်ကြသနည်း။ အတုခိုးဖို့ သင့်လောက်အောင် မြဲမြံသော စိတ်နှင့် သူသည် ပွင့်လင်းစွာ အောက်ပါအတိုင်း ပြောဆိုရမည်။ ကျွန်ုပ်သည် ဖြောင့်မှန်သော ခရစ်ယာန် ဖြစ်ပါသည်။ သတ္တမနေ့သည် ကျမ်းစာ၏ ဥပုသ်နေ့ ဖြစ်သည်ကို ကျွန်ုပ် ယုံကြည်ပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတရား နှင့် အခြေခံ တရားများသည် ဆန့်ကျင်ဖက် လမ်းသို့ ညွှန်ပြနေပါသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို သာ၍ စုံလင်စွာ သိနားလည်ရန် ရှာဖွေ ကြိုးစားလျှင်၊ ကျွန်ုပ်သည် သာ၍ သာ၍ လောကနှင့် မတူဘဲ သခင်ခရစ်တော်နှင့် တူညီလာလိမ့်မည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အတူတကွ ပျော်ရွှင်မှုကို မရနိုင်ကြ။ သင်သည် ခရစ်တော်၌ နှစ်သက်ခြင်း မရှိဘဲ နေ၍ သမ္မာတရားကို ဂရုစိုက်ချင်သော စိတ် မရှိလျှင်၊ ကျွန်ုပ် မနှစ်သက်သော လောကကို သင်သည် နှစ်သက်နေလျက် သင် မနှစ်သက်နိုင်သော ဘုရားသခင်၏ အရာတို့ကို ကျွန်ုပ်သည် နှစ်သက်နေလိမ့်မည်။ ဝိညာဉ် အရာတို့ကို ဝိညာဉ်အားဖြင့်သာ သိနား လည်နိုင်၏။ ဝိညာဉ်ရေး၌ သိနားလည်ခြင်း မရှိလျှင်၊ ဘုရားသခင်က ကျွန်ုပ်အား တောင်းဆိုသော အရာတို့ကို သင်သည် သိမြင်နိုင်မည် မဟုတ်။ ကျွန်ုပ် ကိုးကွယ်သော သခင်ဘုရားအား ကျွန်ုပ် ပြုအပ်သော တာဝန်တို့ကို သင်သည် ကောင်းစွာ သိရှိနိုင်မည် မဟုတ်။ ထိုကြောင့် ဘာသာရေး တာဝန်များအတွက် သင့်ကို ဂရုမစိုက်ဟု သင်သည် ထင်မှတ်လိမ့်မည်။ သင်သည် ပျော်မွေ့ခြင်း ရှိမည် မဟုတ်။ ကျွန်ုပ်သည် ဘုရားသခင်၌ ချစ်ခင် စွဲလမ်းခြင်း ရှိသောကြောင့် သင်သည် မနာလိုသော သဘော ရှိနေလိမ့်မည်။ ၎င်းပြင် ကျွန်ုပ်သည် မိမိ၏ ဘာသာတရား ယုံကြည်မှုတွင် တစ်ဦးတည်း ဖြစ်နေလိမ့်မည်။ သင်၏ ထင်မြင်ချက်များသည် ပြောင်းလဲ၍ သင်၏ စိတ်နှလုံးသည် ဘုရားသခင် တောင်းဆိုသော အရာတို့ကို လက်ခံလျက် ကျွန်ုပ်၏ ကယ်တင်ရှင်ကို ချစ်လာဖို့ သိရှိလာသောအခါ၊ ကျွန်ုပ်တို့သည် ပြန်၍ ဆက်ဆံ ပေါင်းသင်ခြင်း ပြုနိုင်ကြလိမ့်မည်။CCB2 31.2

    ထိုသို့အားဖြင့် ယုံကြည်သော သူသည် မိမိ၏ သိတတ်သော စိတ်က သဘောတူသည် အတိုင်း သခင်ခရစ်တော်အတွက် ဆက်ကပ် ပူဇော်ခြင်းကို ပြုလေပြီ။ ၎င်းပြင် သူသည် ထာဝရအသက် လက်မလွတ်နိုင် လောက်အောင် အလွန် တန်ဖိုးထားကြောင်းကို ပြသည်။ သခင်ယေရှုထက် လောကကို ရွေးချယ်၍ သခင်ခရစ်တော်၏ လက်ဝါးကပ်တိုင်မှ ဝေးကွာသွားအောင် သွေးဆောင်မည့် သူ နှင့် တစ်သက်လုံး ပေါင်းဖော်ရမည် အစား ထိမ်းမြားခြင်းမပြုဘဲ နေသည်က သာ၍ ကောင်းလိမ့်မည်ဟု သူသည် ထင်မှတ်နေ၏။CCB2 32.1