Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူတို့အား ပညာပေးလော့။

    ကျန်းမာရေး၌ ပြုပြင်ပြောင်းလဲမှု စည်းကမ်းများကို လူတို့အား သွန်သင် ပညာပေးမှုတွင် သာ၍ များစွာ ကြိုးပမ်း အားထုတ်ရကြမည်။ အချက်အ ပြုတ်သင်ကျောင်းများကို ဖွင့်ပေး၍ ကျန်းမာစေသော အစားအသောက် ချက်ပြုတ် နည်းပညာများကို တစ်အိမ်တက် တစ်အိမ်ဆင်း သွန်သင်ပြသပေးရမည်။ လူကြီး နှင့် လူငယ်တို့သည် သာ၍ ရိုးသော ချက်ပြုတ်နည်းကို သင်ကြားနာယူရကြမည်။ သမ္မာတရားကို ဟောပြောသော နေရာတိုင်း၌၊ အစားအသောက်တို့ကို ရိုးရိုးနှင့် အရသာ ရှိစွာ မည်ကဲ့သို့ ပြင်ဆင်ချက်ပြုတ်ရမည်ကို လူများတို့အား သွန်သင်ပေးရမည်။ အသားမပါဘဲ အာဟာရ ဖြစ်စေသော အစားအသောက်ကို ရရှိနိုင်ကြောင်း သူတို့အား သွန်သင်ပေးရမည်။CCB2 266.3

    မည်ကဲ့သို့ ရောဂါဝေဒနာတို့ကို ကုသပြုစုရခြင်းထက် ကျန်းမာအောင် မည်ကဲ့သို့ စောင့်ရှောက်ရမည်ကို သိရှိခြင်းသည် သာ၍ ကောင်းကြောင်းကို လူများတို့အား သွန်သင်ပေးပါ။ ကျွန်ုပ်တို့၏ ဆရာဝန်များသည် သတိပညာ ရှိသော ဆရာသမားကြီးများ ဖြစ်ကြလျက် ကိုယ်အလိုသို့ လိုက်ခြင်း သဘောတို့ကို တားဆီး သတိပေးပြီး ဘုရားသခင်က တားမြစ်ထားခဲ့သော အရာတို့ကို လုံးလုံး ရှောင်ကြဉ်ခြင်းသာလျှင် ကိုယ်ခန္ဓာ နှင့် စိတ်တို့ကို ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်သော နည်း ဖြစ်ကြောင်း ဖော်ပြရကြမည်။CCB2 267.1

    ကျန်းမာရေးကို ပြုပြင်ပြောင်းလဲသူများ အဖြစ် သင်ကြား လေ့လာနေသော သူတို့ အထက်က သုံးဆောင်နေကြသော အစားအသောက်များ နေရာတွင် အစားထိုးရန် အာဟာရ ဖြစ်စေသော အစားအသောက်တို့ကို ပြင်ဆင်ချက်ပြုတ်ရာတွင် နေရာတကျ စီမံခြင်း နှင့် အမျှော်အမြင် သတိဝီရိယကို လက်ကိုင်ထားရမည်။ ဘုရားသခင်၌ ယုံကြည်အားထားခြင်း၊ ရည်ရွယ်ချက်တို့တွင် စိတ်အား ထက်သန်ခြင်း နှင့် အချင်းချင်း ကူညီရန် အသင့်ရှိခြင်း သဘောများကို လိုပေသည်။ အာဟာရ ဖြစ်စေဖို့အတွက် သင့်တော်သော ဓါတ်သဘာဝများ ချွတ်ယွင်းသော အစားအသောက်ကြောင့်၊ ကျန်းမာရေးတွင် ပြုပြင်ပြောင်းလဲနေသူ၏ လုပ်ငန်းကို အပြစ်တင်တတ်ကြသည်။ ကျွန်ုပ်တို့သည် သေတတ်သော သတ္တဝါများ ဖြစ်ကြသဖြင့်၊ ကိုယ်ကာယ၌ သင့်တော်စွာ အာဟာရ ဖြစ်စေသော အစားအသောက်တို့ကို ကျွန်ုပ်တို့ ကိုယ်တိုင် သုံးဆောင်ရကြမည်။CCB2 267.2