Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထိုနောက် ဘုရားသခင်သည် ကောင်းကြီး

    အစားအသောက်တို့တွင် အလိုလိုက်လွန်းသော သင်းအုပ်ဆရာတို့သည် စက်ကွင်းနှင့် ဝေးနေကြသေး သည်။ ဘုရားသခင်က သူတို့အား ကျန်းမာရေး ပြုပြင်သူများ ဖြစ်စေလိုတော်မူ၏။ ဤ အချက်နှင့် သက်ဆိုင်၍ ဖော်ပြထားသော အလင်းတရားအတိုင်း သူတို့အား လိုက်နာပြုကျင့်စေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။ ကျွန်ုပ်တို့၏ ကျန်းမာရေး စည်းကမ်း ဥပဒေများတွင် စိတ်အား ထက်သန်မှု ရှိသင့်သော သူတို့သည် မှန်ကန်သော အသက်ရှင်နည်းကို မလိုက်နာကြသေးဘဲ ရှိနေကြသည်ကို မြင်ရသောအခါ၊ ကျွန်ုပ်သည် ဝမ်းနည်းလျက် ရှိ၏။ သူတို့သည် အရှုံးနှင့် ကြုံနေရကြသည်ကို ထာဝရဘုရားက သူတို့အား သိမှတ် နားလည်စေအောင် ပြုတော်မူစေဖို့ ကျွန်ုပ် ဆုတောင်းပါသည်။ ကျွန်ုပ်တို့၏ အသင်းတော်များတွင် ပါဝင်သော အိမ်ထောင် များတွင် ရှိသင့်သော အရာများ ရှိခဲ့လျှင်၊ ကျွန်ုပ်တို့သည် ထာဝရဘုရားအတွက် အလုပ်ကို နှစ်ဆ လုပ်ကိုင်နိုင်ကြလိမ့်မည်။CCB2 270.1

    သန့်ရှင်းစင်ကြယ်စေရန် နှင့် ထိုသို့ သန့်ရှင်းစွာ တည်မြဲနေစေရန် သတ္တမနေ့ ဥပုသ် အသင်းသားတို့၏ စိတ်နှလုံး နှင့် သူတို့၏ အိမ်ထောင်များတွင် သန့်ရှင်းသော ဝိညာဉ်တော်ကို ကိန်းအောင်းနေစေရမည်။ ယခု ခေတ်ရှိ ဣသရေလ လူတို့သည် ဘုရားသခင် ရှေ့တော်၌ မိမိတို့ ကိုယ်ကို နှိမ့်ချကြလျက်၊ ဝိညာဉ်ဗိမာန်တော်ထဲမှ ညစ်ညူးခြင်း ရှိသမျှကို ဆေးကြောသုတ်သင်ကြလျှင်၊ ဘုရားသခင်သည် ဖျားနေသော သူတို့အတွက် သူတို့ ဆုတောင်းသံကို နားညောင်းတော်မူလျက် ရောဂါအတွက် ကိုယ်တော်၏ ဆေးဝါးများကို ကောင်းကြီး ပေးတော်မူမည်ဟု ထာဝရဘုရားက ကျွန်ုပ်အား အလင်းတရားကို ပေးတော်မူ၏။ ယုံကြည်ခြင်း နှင့် လူသည် ရောဂါကို ကုသရန် မိမိ တတ်နိုင်သမျှ ကြိုးစားလျက် ဘုရားသခင် စီမံတော်မူသော ကုသ ပြုစုနည်း ရိုးရိုးကို အသုံးပြုလျှင်၊ ဘုရားသခင်သည် သူ၏ ကြိုးပမ်းမှုကို ကောင်းကြီးပေးတော်မူမည်။CCB2 271.1

    ထိုမျှလောက် အလင်းတရားကို ပေးတော်မူပြီးနောက်မှ၊ ဘုရားသခင်၏ လူတို့သည် မှားသော အကျင့်ဓလေ့တို့ကို ပြုကျင့် လိုက်နာနေလျက် ကိုယ်အလိုသို့ လိုက်၍ ကျန်းမာရေး ပြုပြမှုကို ငြင်းပယ်နေကြမည် ဆိုလျှင်၊ သူတို့သည် ကျူးလွန်နေခြင်း၏ အကျိုးအပြစ်ကို အမှန်ပင် ခံရကြလိမ့်မည်။ သူတို့သည် မိမိတို့ ကိုယ်ကို နစ်နာစေလျက် မှားယွင်းသော အစားအသောက်ကို နှစ်သက် မက်မောနေရန် စိတ်ပြဋ္ဌာန်းကြလျှင်၊ သူတို့ အလိုလိုက်မှုကြောင့် ခံရသော အကျိုးအပြစ်မှ ဘုရားသခင်သည် သူတို့အား အံ့သြဖွယ်သော နည်းလမ်းဖြင့် ကယ်တင်တော်မူလိမ့်မည် မဟုတ်။ သူတို့သည် “ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။” ဟေရှာ၊ ၅၀: ၁၁။CCB2 271.2

    အို၊ မည်မျှလောက်သော သူတို့သည် ကျန်းမာရေး၊ ဝိညာဉ်ရေးတို့တွင် ထောက်ပံ့ရာ၌ သူတို့အတွက် ဘုရားသခင် သိုလှောင်ထားသော ကြွယ်ဝစွာသော ကောင်းကြီးမင်္ဂလာတို့ကို ဆုံးရှုံးခဲ့ကြပြီနည်း။ မိမိတို့သည် ကြီးကျယ်သော အမှုအရာ အချို့ကို ပြုလုပ်နိုင်မည် အကြောင်း ထူးခြားသော အောင်မြင်မှုများ နှင့် ထူးခြားသော ကောင်းကြီးမင်္ဂလာတို့ကို အတင်းအကြပ် တောင်း ဆိုနေသော ဝိညာဉ် အများ ရှိပေသည်။ ဤ အကြောင်းကြောင့် သူတို့သည် ဆုတောင်းခြင်း၊ မျက်ရည်ကျလျက် ပူဆွေးခြင်းနှင့် အားထုတ်ရကြမည်ဟု ထင်မှတ်နေကြသည်။ ဘုရားသခင် ပြတော်မူသော အလိုတော်ကို သိရှိရန် ဤ သူတို့သည် ဆုတောင်းခြင်း နှင့် ကျမ်းစာကို စေ့စေ့ ရှာဖွေကြလျက်၊ ခြွင်းချက် တစ်စုံတစ်ခုမျှ မထားဘဲ၊ သို့မဟုတ် ကိုယ်အလိုသို့ အနည်းငယ်မျှ မလိုက်ဘဲ စိတ်နှလုံးထဲမှ ဘုရားသခင်၏ အလိုတော်ကို လိုက်နာကြသောအခါ၊ သူတို့သည် ငြိမ်သက်ခြင်း နားနေခြင်း အခွင့်ကို တွေ့ရှိရကြလိမ့်မည်။ ပူဆွေးခြင်း ရှိသမျှ၊ မျက်ရည်ကျလျက်၊ ကြိုးစား အားထုတ်မှု ရှိသမျှအားဖြင့် သူတို့ တောင့်တနေသော ကောင်းကြီးမင်္ဂလာကို ရရှိကြလိမ့်မည် မဟုတ်။ ကိုယ်ကိုကိုယ် လုံးလုံး အပ်နှံ ပေးအပ်ရမည်။ ယုံကြည်ခြင်းနှင့် တောင်းလျှောက်သော သူအပေါင်းတို့အား ဂတိထားတော်မူသော ကြွယ်ဝသော ကျေးဇူးတော်ကို ခံရသည်နှင့်လျော်ညီစွာ၊ မိမိတို့အား ပေးအပ်ထားသော လုပ်ငန်းကို သူတို့သည် ဆောင်ရွက်ရကြမည်။CCB2 271.3

    “ငါ၌ ဆည်းကပ်လိုသော သူ ဖြစ်လျှင်၊ ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ့် လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့ နောက်သို့ လိုက်ရမည်” ဟု သခင်ယေရှုက မိန့်တော်မူ၏။ လု၊ ၉: ၂၃။ ကျွန်ုပ်တို့သည် ကယ်တင်ရှင်၏ နောက်တော်သို့ ကိုယ်တော်၏ ရိုးသားမှုမျိုးနှင့် လည်းကောင်း၊ ကိုယ်ကို ဘုရားသခင်အား ဆက်ကပ်ထားကြသော သူတို့ထံ ကယ်တင်ရှင်သည် အလွန် နီးကပ်စွာ ချဉ်းကပ်တော်မူ၏။ ဘုရားသခင်၏ ဝိညာဉ်တော်က ကျွန်ုပ်တို့၏ စိတ်နှလုံး နှင့် အသက်တာကို ပြုပြင်ဖို့ အချိန်ကာလ တစ်စုံတစ်ခု ရှိခဲ့ရမည် ဆိုလျှင်၊ ၎င်းသည် ယခု အချိန်ပင် ဖြစ်ပါသည်။ သန့်ရှင်းသော အသက်တာနှင့် ကိုယ်ကိုကိုယ် အပ်နှံ ဆက်ကပ်သော အသက်တာမျိုး၌ နေထိုင်နိုင်ရန် ခွန်အားကို ရရှိမည် အကြောင်း ကျွန်ုပ်တို့သည် ဤ တန်ခိုးတော်ကို ကိုင်စွဲကြစို့။19T 153-166.CCB2 272.1