Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅၃။—စိတ်နှလုံး နှင့် အသက်တာ ဖြူစင်ခြင်း။

    ဘုရားသခင်၏ အမှုတော် နှင့် ဘုန်းတော်အတွက် အကောင်းဆုံး အခြေအနေ၌ ရှိစေရန် စောင့်ရှောက် ပြုစု၍ ထိန်းသိမ်းထားရန် ဘုရားသခင်သည် သင့်အား နေစရာ အိမ်တစ်ဆောင်ကို ပေးတော်မူပြီ။ သင်၏ ကိုယ်ခန္ဓာကို သင် မပိုင်။ “အဘယ်သို့နည်း။ သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော၊ သင်တို့ အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမာန် ဖြစ်ကြောင်းကို … မသိကြသလော။” “သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူသည်ကို လည်းကောင်း၊ မသိကြသလော။ အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တို့သည်လည်း ထိုဗိမာန်တော် ဖြစ်ကြ၏။”12T 352, 353;CCB2 286.1

    ကျွန်ုပ်တို့၏ ရန်သူ၊ နတ်ဆိုးသည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရအံ့နည်းဟု လှည့်လည် ရှာဖွေနေသော ပျက်စီး ယိုယွင်းနေသော ဤ ခေတ်ကာလတွင်၊ “စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည် အကြောင်း၊ ဆုတောင်းလျက် စောင့်နေကြလော့” (မာ၊ ၁၄: ၃၈) ဟု ကျွန်ုပ်သည် အသံ ကျယ်စွာ သတိပေး နှိုးဆော်ဖို့ လိုကြောင်းကို သိမြင်ရလေပြီ။ အလွန် ထက်မြက်သော အစွမ်းသတ္တိများနှင့် ပြည့်စုံလျက် ၎င်းတို့ကို စာတန်အတွက် ဆိုးညစ်စွာ အသုံးပြုနေသော သူ အများ ရှိကြသည်။ လောကမှ ထွက်လာ၍ ၎င်း၏ မှောင်မိုက် လုပ်ငန်းများကို စွန့်ပယ်ခဲ့ကြပြီဟု ဆိုသော လူတစ်မျိုးအား ကျွန်ုပ်သည် မည်ကဲ့သို့ သတိပေးနိုင်မည်နည်း၊ မိမိ၏ တရားတော်ကို ထိန်းသိမ်းထားရန် ဘုရားသခင် ခန့်ထားတော်မူသော သူ၊ သို့ရာတွင် အနန္တတန်ခိုးရှင်၏ မျက်မှောက်တော်၌ပင် ဟန်ဆောင်သော သင်္ဘောသဖန်းပင်ကဲ့သို့ ပွားများနေဟန်ဆောင်သော အကိုင်းများကို ကြွားဝါ၍ ပြသော်လည်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် အသီးမသီးသော သူတို့အား မည်ကဲ့သို့ သတိပေးနိုင်မည်နည်း။ အများသော သူတို့သည် ညစ်ညမ်းသော အကြံအစည်၊ မသန့်ရှင်းသော စိတ်ကူး၊ မသန့်စင်သော အလိုဆန္ဒ နှင့် ယုတ်ညံ့သော ရမ္မက်များတို့ကို ပွားများစေကြ၏။ သန့်ရှင်း ဖြူစင်သော ကောင်းကင်တမန်တို့သည် ထိုသို့သော အရာတို့ကို စက်ဆုတ်ခြင်းနှင့် ကြည့်နေကြစဉ်၊ စာတန်သည် အလွန်ပင် ဝမ်းမြောက်လျက် ရှိ၏။ ဘုရားသခင်၏ ပညတ်တော်ကို လွန်ကျူးခြင်းဖြင့် မည်သည့် အရာကို ရရှိကြမည်ကို ယောက်ျား၊ မိန်းမတို့သည် ဆင်ခြင် စဉ်းစားကြည့်ကြဖို့ လိုပေသည်၊ မည်ကဲ့သို့သော အခြေအနေ၌ မဆို၊ လွန်ကျူးခြင်းသည် ဘုရားသခင်ကို ရှုတ်ချရာ ရောက်၍ လူအတွက် ကျိန်ခြင်း ဖြစ်၏။ ၎င်းသည် အယောင်ဆောင်မှု၌ မည်မျှ တင့်တယ်၍ ၎င်းကို မည်သူပင် ကျူးလွန် ပြစ်မှားစေကာမူ၊ ကျွန်ုပ်တို့သည် ၎င်းကို ထိုသို့ သဘောထားရကြမည်။ 25T 146; .CCB2 286.2

    စိတ်နှလုံး ဖြူစင်သော သူတို့သည် ဘုရားသခင်ကို မြင်ရကြလိမ့်မည်၊ မစင်ကြယ်သော အကြံအစည် ရှိသမျှသည် ဝိညာဉ်ကို ညစ်ညူးစေ၏။ အကျင့်သီလကို နားလည်သော ဉာဏ်ကို ပျက်စီးစေ၍ သန့်ရှင်းသော ဝိညာဉ်တော်က စွဲမှတ်စေသော အရာတို့ကို ပျောက်ကွယ်သွားစေတတ်၏။ လူသည် ဘုရားသခင်ကို မသိ မမြင်နိုင်မည် အကြောင်း၊ ဝိညာဉ်ရေးနှင့် ဆိုင်သော မြင်ကွင်းကို မှုန်သွားစေ၏။ ထာဝရဘုရားသည် နောင်တရသော အပြစ်သားကို အပြစ်လွှတ်တော်မူနိုင်၏။ သို့ရာတွင် အပြစ်လွှတ်ပင် လွှတ်နိုင်သော်လည်း၊ ဝိညာဉ်သည် အကျိုးယုတ်သွား၏။ ဝိညာဉ်ရေးနှင့် ဆိုင်သော အမှန်တရားတို့ကို ထင်ရှားစွာ ပိုင်းခြား သိလိုသော သူသည် မသန့်ရှင်းသော စကား၊ မသန့်ရှင်းသော အကြံအစည်တို့ကို ရှောင်ကြဉ်ရမည်။3DA 302;CCB2 287.1

    အပြစ်ရှိသော အရာတို့ကို လိုက်စားခြင်း၏ မကောင်းမှုကို အချို့တို့သည် ဝန်ခံကြသော်လည်း၊ သူတို့သည် မိမိတို့၏ ရမ္မက်ကို မအောင်မြင်နိုင်ဟု ပြောဆိုလျက် ဆင်ခြေပေးကြလိမ့်မည်။ ဤ အရာသည် သခင်ခရစ်တော်၏ နာမကို ခံယူသော သူ တစ်စုံတစ်ယောက်၏ ကြောက်စရာကောင်းသော ဝန်ခံချက် ဖြစ်သည်။ သခင်ဘုရား၏ နာမတော်ကို ဝန်ခံသော သူ မည်သည်ကား၊ မတရားသော အမှုကို ရှောင်ရမည်။ ၂ တိ၊ ၂: ၁၉။ အဘယ်ကြောင့် ဤသို့ အားနည်းခြင်း ရှိရသနည်း။ အကြောင်းမူကား တိရိစ္ဆာန်၏ သဘောမျိုးကို အသုံးပြုခြင်းဖြင့် ခိုင်ခံ့လာသဖြင့်၊ သာ၍ မြင့်မြတ်သော တန်ခိုးသတ္တိများကို နိုင်နင်းအုပ်စိုးလာသည်တိုင်အောင် ဖြစ်လာ၏။ ယောက်ျား၊ မိန်းမတို့၌ အခြေခံ တရား ကင်းမဲ့နေ၏။ မိမိ ကိုယ်ကို စိုးမိုးနိုင်သော သူတို့၏ သတ္တိသည် ကုန်ခန်းသွားသည်ဟု ထင်ရလောက်အောင် သူတို့သည် ဇာတိ အလိုရမ္မက်ကို ကြာမြင့်စွာ လိုက်စားလာခဲ့ကြသောကြောင့်၊ သူတို့သည် ဝိညာဉ်အားဖြင့် သေလျက်နေကြ၏။ သူတို့၏ အောက်တန်းကျသော ဇာတိရမ္မက်များသည် ကြီးစိုးနေသဖြင့်၊ စိုးမိုးလျက် ရှိနေအပ်သော သတ္တိသည် ပျက်စီးနေသော ရမ္မက်၏ ကျွန် ဖြစ်လာလေပြီ။ စိတ်ဝိညာဉ်သည် အောက်တန်းအကျဆုံးသော အချည်အနှောင်ကို ခံနေရ၏။ ကာမဂုဏ် ခံစားလိုသော သဘောသည် သန့်ရှင်းခြင်းကို လိုလားသော စိတ်ကို ကုန်ခန်းစေသဖြင့်၊ ဝိညာဉ် တိုးပွားရေးကို ညှိုးစေ၏။42T 348; CCB2 287.2