Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅၅။—ဆေးကုသခြင်း လုပ်ငန်း။

    ဆေးကုသလျက် သာသနာပြုခြင်း လုပ်ငန်းသည် ဧဝံဂေလိတရား ဟောပြောခြင်း အမှုတွင် ရှေးဦးစွာ လမ်းဖွင့်ပေးသော လုပ်ငန်း ဖြစ်သည်။ များစွာသော အိမ်ထောင်များသို့ ဤ ခေတ်ကာလအတွက် သမ္မာတရားကို ရောက်ရှိသွားစေရန် တံခါးဝ ဖြစ်သည်။ ဘုရားသခင်၏ လူများတို့သည် ဆေးကုသလျက် သာသနာပြုသူ အစစ်အမှန် ဖြစ်ရကြမည်၊ အကြောင်းကား သူတို့သည် ဝိညာဉ် နှင့် ကိုယ်ခန္ဓာ၌ ဒုက္ခရောက်သူတို့ကို စောင့်ရှောက် ပြုစုရန် သင်ကြားရကြမည်။ လက်တွေ့ လုပ်ငန်းအားဖြင့် ရရှိသော အသိပညာ နှင့် ဗဟုသုတအားဖြင့် ကျွန်ုပ်တို့၏ အမှုဆောင်တို့သည် လူနာများကို စောင့်ရှောက် ပြုစုရန် ထွက်သွားကြသောအခါ၊ သူတို့သည် အမှန်ဆုံးသော ကိုယ်ကျိုးငဲ့ခြင်း သဘောကို ပြရကြမည်။ သူတို့သည် တစ်အိမ်တက် တစ်အိမ်ဆင်း သွားနေကြစဉ်၊ လူအများတို့၏ စိတ်ကို ဆွဲငင်နိုင်သော အခွင့်အရေးကို ရရှိကြလိမ့်မည်။ အခြား နည်းအားဖြင့် ဧဝံဂေလိ သတင်းစကားကို ဘယ်အခါကမျှ မကြားရကြသော သူအများထံသို့ ၎င်းသတင်းစကားကို ရောက်ရှိသွားစေလိမ့်မည်။ ကျန်းမာရေး၌ ပြုပြင်ပြောင်းလဲခြင်း စည်းကမ်း ဥပဒေများကို ဖော်ပြခြင်းသည် ကျွန်ုပ်တို့၏ ဧဝံဂေလိ အမှုဆောင်ရွက်ခြင်း လုပ်ငန်းကို မနာလို မုန်းထားသော စိတ်တို့ကို ပယ်ရှားရာ၌ များစွာ အကျိုး ဖြစ်ထွန်းစေလိမ့်မည်။ ဆေးကုသလျက် သာသနာပြုခြင်း လုပ်ငန်းကို အစပြု တည်ထောင်တော်မူသော အရှင် ဖြစ်တော်မူသော သမားတော်ကြီးသည် ထိုနည်းအားဖြင့် ဤ ခေတ်ကာလအတွက် သမ္မာတရားကို ဝေမျှပေးသော သူအပေါင်းတို့ကို ကောင်းကြီးပေးတော်မူ လိမ့်မည်။CCB2 307.1

    ကိုယ်ကာယကို ကျန်းမာ ချမ်းသာစေခြင်း အမှုသည် ဧဝံဂေလိတရား ဟောပြောခြင်း တာဝန်နှင့် ပူးတွဲလျက် ရှိ၏။ သခင်ခရစ်တော်သည် မိမိ၏ တပည့်တော်တို့အား သာသနာပြုရန် ရှေးဦးစွာ ခရီးထွက်သွားဖို့ စေလွှတ်တော်မူသောအခါ၊ ကိုယ်တော်က၊ “သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော် တည်လုနီးပြီဟု သတင်း ကြားပြောကြလော့။ နာသော သူတို့အား ချမ်းသာCCB2 307.2

    ပေးကြလော့။ သေသော သူတို့ကို ထမြောက်စေကြလော့။ နူသော သူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် အဖိုး မပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီ ဖြစ်၍ အဖိုး မခံဘဲ ပေးကမ်းကြလော့” ဟု မိန့်မှာတော်မူ၏။ မ၊ ၁၀: ၇၊ ၈။CCB2 308.1

    ဘုရားသခင် ခန့်ထားတော်မူသော တာဝန်တွင် ပြုပြင်ပြောင်းလဲခြင်း အမှု မလိုချေ။ သမ္မာတရားကို ပေးကမ်း ဖော်ပြခြင်း အမှုတွင် သခင်ခရစ်တော်၏ နည်းကို တိုးတက် ကောင်းမွန်လာအောင် မပြုလုပ်နိုင်။ ကယ်တင်ရှင်က တပည့်တော်တို့အား လက်တွေ့ သင်ခန်းစာများကို ပေးအပ်လျက် ဝိညာဉ်အား သမ္မာတရား၌ ဝမ်းမြောက်ခြင်း ရှိစေရန် မည်ကဲ့သို့သော နည်းလမ်းဖြင့် အမှု ဆောင်ရွက်ရမည်ကို သူတို့အား သွန်သင်တော်မူ၏။ ကိုယ်တော်သည် မောပန်းသူ၊ ဝန်ထုပ်နှင့် လေးလံပင်ပန်းနေသူ၊ ညှည်းဆဲခြင်း ခံရသူတို့ကို ထောက်ထား စာနာတော်မူ၏။ ကိုယ်တော်သည် ငတ်မွတ်သော သူတို့ကို ကျွေးမွေး၍ နာသော သူတို့ကို ချမ်းသာပေးတော်မူ၏။ အမြဲသဖြင့် ကိုယ်တော်သည် ကျေးဇူးပြုလျက် လှည့်လည်တော်မူ၏။ မိမိ ကိုယ်တော်တိုင် ဖြစ်မြောက်အောင် ပြုတော်မူသော ကောင်းမှုများအားဖြင့် လည်းကောင်း၊ ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသော စကားများ၊ ကြင်နာစွာ ပြုမူသော အမှုများအားဖြင့် လည်းကောင်း၊ ကိုယ်တော်သည် ဧဝံဂေလိတရား၏ အဓိပ္ပါယ်ကို လူများအား ဖော်ပြတော်မူ၏။CCB2 308.2

    လူတို့၏ အကျိုးအတွက် သခင်ခရစ်တော် ဆောင်ရွက်တော်မူသော အမှုသည် မပြီးသေးပါ၊ ယနေ့တိုင်အောင် ၎င်းသည် ဆက်လက် တည်ရှိနေသေး၏။ ထိုနည်းတူစွာ ကိုယ်တော်၏ စေတမန်များတို့သည် ဧဝံဂေလိတရားကို ဟောပြောကြလျက် ကိုယ်တော်ရှင်၏ ကရုဏာမေတ္တာတော်ကို ပျောက်ဆုံး၊ ပျက်စီးနေသော ဝိညာဉ်များအား ထင်ရှားစွာ ဖော်ပြရကြမည်။ အကူအညီလိုသော သူတို့၌ ကိုယ်ကျိုးငဲ့သော စိတ်ဝင်စားမှု ရှိခြင်းအားဖြင့်၊ သူတို့သည် ဧဝံဂေလိတရား၏ သမ္မာတရားကို လက်တွေ့ ဖော်ပြရကြမည်။ တရားဟောပြောခြင်း အမှု တစ်ခုထက် သာ၍ များစွာ ပြုအပ်သော လုပ်ငန်းများသည် ဤ အမှု၌ ပါဝင်၏။ လောကအား ဧဝံဂေလိတရားကို ဟောပြောခြင်း အမှုသည် မိမိ၏ နာမတော်၌ ထွက်သွားကြသော သူတို့အား ဘုရားသခင် ပေးအပ် တော်မူခဲ့သော အမှု ဖြစ်သည်။ သူတို့သည် သခင်ခရစ်တော် နှင့်အတူ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြလျက်၊ ပျက်စီးလုနီးသော သူတို့အား ကိုယ်တော်၏ နူးညံ့၊ သနားတတ်သော မေတ္တာကို ဖော်ပြရကြမည်။ ဤ ခေတ်ကာလအတွက် သမ္မာတရားကို သိရှိသော သူတို့အား ဟောပြောခြင်းဖြင့် မဟုတ်ဘဲ၊ ကရုဏာ သတင်းစကားကို ဘယ်အခါမျှ မကြားရသေးသော သူတို့အား သတိပေး နှိုးဆော်ခြင်းဖြင့် မိမိအတွက် အမှုဆောင်ရွက်ရန် ထောင်ပေါင်းများစွာသော သူတို့ကို ဘုရားသခင်သည် ခေါ်ဖိတ်တော်မူ၏။ ဝိညာဉ်များအတွက် စိတ်အားကြီးစွာ တောင့်တနေသော သဘောနှင့် ပြည့်ဝသော စိတ်နှလုံးနှင့် အမှု ဆောင်ရွက်ပါ။ ဆေးကုသလျက် သာသနာပြု လုပ်ငန်းကို ဆောင်ရွက်ပါ။ ထိုသို့အားဖြင့် သင်သည် လူများတို့၏ စိတ်ကို ဆွဲငင်နိုင်ခွင့် ရရှိလိမ့်မည်။ ၎င်းပြင် သမ္မာတရားကို သာ၍ သေချာစွာ ကြွေးကြော်နိုင်သော နည်းလမ်းသည် အသင့် ပြင်ဆင်လျက် ရှိလာလိမ့်မည်။1CH 497-499;CCB2 308.3