Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အဖွဲ့အစည်း အဆောက်အဦးများ တည်ဆောက်ခြင်း။

    ဧဝံဂေလိတရားကို ဟောပြောရန် ဆေးကုလျက် သာသနာပြုခြင်း လုပ်ငန်းကို တည်ထောင်ဖို့ လိုသော နေရာ များစွာ ရှိသည်။ ၎င်းပြင် ထိုနေရာများ၌ သေးငယ်သော စက်ကိရိယာများကို တည်ဆောက်ပေးရမည်။ ဘုရားသခင်က ကျွန်ုပ်တို့၏ အပန်းဖြေ ဆေးရုံများသည် အထက်တန်းစား၊ အောက်တန်းစား၊ သူဋ္ဌေး၊ သူဆင်းရဲ မရွေး လူအပေါင်းတို့နှင့် ဆက်သွယ်နိုင်သော နေရာများ ဖြစ်ရကြမည်ဟု ဘုရားသခင်က စီမံထားတော်မူ၏။ ထိုဆေးရုံများ၏ လုပ်ငန်းများအားဖြင့် လောကအား ဘုရားသခင် ပေးပို့တော်မူသော သတင်းစကားကို သတိပြုလာကြစေရန်၊ ထိုဆေးရုံများ၏ လုပ်ငန်းတို့ကို စီမံ ပြုပြင်ထားရကြမည်။ 2CH 501;CCB2 309.1

    ကိုယ်ကာယ နှင့် ဝိညာဉ်ရေးအတွက် အမှု ဆောင်ရွက်ခြင်း လုပ်ငန်းတို့ကို ပူးပေါင်းထားလျက်၊ ဒုက္ခခံရသော သူတို့အား ကောင်းကင် သမားတော်ကြီး၏ တန်ခိုးတော်၌ ယုံကြည် အားထားရန် လမ်းပြပေးရမည်။ သင့်တော်သော ကုသနည်းများကို အသုံးပြုနေစဉ်၊ သခင်ခရစ်တော်၏ ချမ်းသာပေးနိုင်တော်မူသော ကျေးဇူးတော်အတွက်လည်း၊ ဆုတောင်းပေးကြမည့် သူတို့သည် လူနာများ၏ စိတ်ထဲ၌ ယုံကြည်ခြင်း သဘောကို နိုးကြားထကြွလာစေ လိမ့်မည်။ သူတို့၏ အပြုအမူများ ကိုယ်တိုင်ကပင်၊ မိမိတို့ အခြေအနေတို့သည် မျှော်လင့်စရာ မရှိဟု ထင်မှတ်ကြသော သူတို့၏ စိတ်ကို ထကြွ နိုးကြားလာစေရာသော အကြောင်း တစ်ခု ဖြစ်လိမ့်မည်။CCB2 309.2

    ဤ အကြောင်းကြောင့် ကျွန်ုပ်တို့၏ အပန်းဖြေ ဆေးရုံများကို ဆောက်ထားကြရပါသည်။ ယုံကြည်ခြင်း၏ ပဋ္ဌနာ နှင့် သင့်တော်စွာ ကုသပြုစုခြင်းကို ပူးပေါင်းထားခြင်းဖြင့် မျှော်လင့်ရာမဲ့သော သူတို့ကို အားတက်လာအောင် နှိုးဆော်ပေး၍ ကိုယ်ကာယ နှင့် ဝိညာဉ်ရေးတို့တွင် မှန်ကန်စွာ နေထိုင် အသက်ရှင်ရန် သွန်သင်ပေးဖို့ ဖြစ်ပေသည်။ ဤကဲ့သို့ စောင့်ရှောက် ပြုစုပေးခြင်းဖြင့် များစွာသော သူတို့သည် ပြောင်းလဲလာကြ၏။ ကျွန်ုပ်တို့၏ ဆေးရုံများတွင် ရှိသော ဆရာဝန်တို့သည် ဝိညာဉ်ကို ကုသခြင်းနှင့် ဆိုင်သော ဧဝံဂေလိ သတင်းစကားကို ထင်ထင်ရှားရှား ဖော်ပြရကြမည်။3MM 248;CCB2 310.1