Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဧဝံဂေလိတရား ဟောပြောခြင်း အမှုတွင ရှေးဦးစွာ လမ်းဖွင့်ပေးသော လုပ်ငန်း။

    ကျွန်ုပ်တို့အား စေလွှတ်သော တိုင်းပြည် တစ်ပြည်တွင် ကျွန်ုပ်တို့သည် စာရိတ္တ မဏ္ဍိုင်ကို မြှင့်တင်ပေးရကြမည် ဖြစ်လျှင်၊ သူတို့၏ ကာယ အကျင့်ဓလေ့များကို ပြုပြင်ပေးခြင်းဖြင့် ကျွန်ုပ်တို့သည် အစပြုရကြမည်။ 4CH 505;CCB2 310.2

    ဆေးကုသလျက် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်ခြင်းသည် လူသတ္တဝါတို့ထံသို့ ဒုက္ခဝေဒနာတို့မှ ကင်းရှင်းစေသည့် ဧဝံဂေလိတရားကို ယူဆောင်လာလေပြီ။ ၎င်းသည် ဧဝံဂေလိတရား ဟောပြောခြင်း အမှုတွင် ရှေးဦးစွာ ဆောင်ရွက်ရသော လုပ်ငန်း ဖြစ်၏။ ၎င်းသည် ဧဝံဂေလိတရားကို လက်တွေ့ ကျင့်သုံးပြခြင်း ဖြစ်လျက်၊ သခင်ခရစ်တော်၏ သနားခြင်း ကရုဏာတော်ကို ထင်ရှားစေလေပြီ။ ဤ လုပ်ငန်းကို ကြီးကျယ်စွာ ပြုလုပ်ဖို့ လို၍ လောကသည်လည်း ၎င်းအတွက် လမ်းဖွင့်ပေးလျက် ရှိ၏။ ဆေးကုသလျက် သာသနာပြု လုပ်ငန်းကို ဆောင်ရွက်ခြင်းသည် အရေးကြီးကြောင်း နားလည်ရကြမည်၊ ၎င်းပြင် အသစ်သော သာသနာမြေများသို့ ချက်ချင်း သွားရောက်ရမည်ဟု ဘုရားသခင်က စီမံထားတော်မူ၏။ ထိုအခါ အမှုတော် ဆောင်ရွက်ခြင်း လုပ်ငန်းသည် သခင်ဘုရား၏ အမိန့်တော်အတိုင်း ဖြစ်လာရလိမ့်မည်။ နာ သော သူတို့သည် ချမ်းသာခြင်းသို့ ရောက်၍ ဆင်းရဲဒုက္ခရောက်နေသော လူသတ္တဝါတို့သည် ကောင်းကြီးမင်္ဂလာကို ခံစားရကြလိမ့်မည်။5MM 239;CCB2 310.3

    သင်သည် များစွာ ငြူစူခြင်း၊ များစွာ စိတ်အားထက်သန်မှု အတုနှင့် အလွဲ ခေါ်နေသော ဘုရားဝတ်ပြုကိုးကွယ်ခြင်း အမှုများနှင့် တွေ့ကြုံရလိမ့်မည်၊ သို့ရာတွင် မိမိ၏ အရပ်ဒေသ၌ လည်းကောင်း၊ ရပ်ဝေးဒေသ၌ လည်းကောင်း၊ သမ္မာတရား မျိုးစေ့အတွက် ဘုရားသခင် ပြင်ဆင်ထားလျက် ရှိသော စိတ်နှလုံးတို့ကို သင် ထင်မြင်သည်ထက် ပိုမို များပြားစွာ သင်သည် တွေ့မြင်ရလိမ့်မည်။ ၎င်းပြင် ဘုရားသခင်၏ သတင်းစကားကို သူတို့အား ဖော်ပြသောအခါ၊ သူတို့သည် ၎င်းကို ဝမ်းမြောက်ခြင်းနှင့် လက်ခံကြလိမ့်မည်။6CH 502;CCB2 311.1

    ကိုယ်ခန္ဓာ နှင့် လက်သည် ဆက်သွယ်နေခြင်း ရှိသကဲ့သို့ ဆေးကုသလျက် သာသနာ အမှုဆောင်ရွက်ခြင်းသည် သာသနာ အမှုဆောင်ရွက်ခြင်း လုပ်ငန်းကြီး တစ်ခုလုံးနှင့် ဆက်သွယ်နေကြောင်း၊ ကျွန်ုပ်အား အခြား ပုံပမာဖြင့် ဘယ်အခါမျှ မဖော်ပြခဲ့ဘူးချေ။ ဧဝံဂေလိ အမှုဆောင်ရွက်ခြင်းသည် သမ္မာတရားကို ကြွေးကြော် ဟောပြောခြင်း နှင့် နာသော သူ နှင့် ကျန်းမာသော သူတို့အဖို့ လုပ်ငန်းကို တိုးတက် ဆောင်ရွက်ခြင်းအတွက် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ဤ အရာသည် ကိုယ်ခန္ဓာ ဖြစ်၍ ဆေးကုသလျက် သာသနာ အမှုဆောင်ရွက်ခြင်းသည် လက် ဖြစ်၏။ ၎င်းပြင် သခင်ခရစ်တော်သည် အလုံးစုံတို့၏ ဦးခေါင်း ဖြစ်တော်မူ၏။ ထိုသို့အားဖြင့် အကြောင်းအရာကို ကျွန်ုပ်အား ဖော်ပြထားလေပြီ။CCB2 311.2

    ဆေးကုသလျက် သာသနာပြု အမှုဆောင်ရွက်ခြင်း လုပ်ငန်းကို သင်၏ လက်ထဲတွင် အဆင်သင့် ရှိသော အရာများဖြင့် အစပြု ဆောင်ရွက်ပါ။ ထိုနည်းအားဖြင့် ကျမ်းစာ ဖတ်ပြဖို့ သင်သည် အခွင့်အရေး ရရှိမည်ကို သင်သည် တွေ့ရလိမ့်မည်။ မိမိတို့၏ လူနာများကို မည်ကဲ့သို့ ကုသ ပြုစုပေးရမည်ကို သိရှိဖို့ လိုသော သူတို့နှင့် သင့်အား ဆက်သွယ်ပေးရန် ကောင်းကင်ခမည်းတော်သည် စီမံပေးတော်မူမည်။ ရောဂါများကို ကုသ ပြုစုနည်းနှင့် သက်ဆိုင်၍ သင် နားလည် သိရှိသော အရာတို့ကို လက်တွေ့ အသုံးပြုပါ။ ထိုသို့အားဖြင့် ဒုက္ခဝေဒနာများသည် သက်သာသွားလိမ့်မည်၊ ၎င်းပြင် သင်သည် ငတ်မွတ်ခေါင်းပါး နေသော ဝိညာဉ်များအတွက် အသက်မုန့်ကို ဖဲ့ပေးဖို့ရန် အခွင့်အရေးကို ထိုနည်းအားဖြင့် ရရှိလိမ့်မည်။CCB2 311.3