Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အားလုံးတို့သည် ပူးပေါင်းဆောင်ရွက် နိုင်သော လုပ်ငန်း။

    ဧဝံဂေလိ တရားဟောဆရာကြီးများတို့သည် ဆေးကုသလျက် သာသနာပြု အမှုဆောင်ခြင်း လုပ်ငန်းတွင် အတူတကွ ပူးပေါင်း ဆောင်ရွက်ရကြမည်။ ဤ အလုပ်သည် ကျွန်ုပ်တို့၏ လောကတွင် သမ္မာတရားကို မနာလို ငြူစူနေသော အမှုကို ပယ်ရှားရန် လုပ်ငန်း ဖြစ်သည်ဟု ကျွန်ုပ်အား ဖော်ပြထား၏။CCB2 312.1

    ဧဝံဂေလိ တရားဟောဆရာ တစ်ယောက်သည် ရောဂါဝေဒနာတို့ကို မည်ကဲ့သို့ ကုသပြုစုရသည်ကို သိနားလည်လျှင်၊ သူ၏ အလုပ်တွင် နှစ်ဆမျှ အောင်မြင်လိမ့်မည်။CCB2 312.2

    လူများတို့သည် မည်ကဲ့သို့သော ရာထူးနှင့် ဖြစ်စေ၊ မည်ကဲ့သို့သော အခြေအနေနှင့် ဖြစ်စေ၊ သူတို့ကို မိမိတို့ ရှိနေသော နေရာ၌ပင် တွေ့ဆုံလျက်၊ တတ်နိုင်သမျှသော နည်းဖြင့် သူတို့ကို ကူညီမစပါ၊ ဤ အရာသည် ဧဝံဂေလိ အမှုဆောင်ရွက်ခြင်း ဖြစ်ပါသည်။ အမှုတော်ဆောင်တို့သည် ဖျားနာနေသော သူတို့၏ အိမ်များသို့ သွားရောက်ဖို့ လိုကောင်း လိုလိမ့်မည်၊ ၎င်းပြင် ကျွန်ုပ်သည် သင့်ကို ကူညီမစရန် အသင့် ရှိပါသဖြင့်၊ ကျွန်ုပ် တတ်နိုင်သမျှ ပြုပေးပါမည်။ ကျွန်ုပ်သည် ဆရာဝန် မဟုတ် ဓမ္မအမှုဆောင် တစ်ယောက် ဖြစ်သော်လည်း၊ ဖျားနာသူ၊ ဒုက္ခရောက်သူတို့ကို ပြုစုဖို့ လိုပါသည်ဟု ပြောပြလော့။ ကိုယ်ခန္ဓာ၌ နာဖျားနေသော သူသည် ဝိညာဉ်၌လည်း အစဉ်လိုပင် နာမကျန်း ဖြစ်တတ်၍၊ ဝိညာဉ်သည် မမာမကျန်း ဖြစ်နေသောအခါ၊ ကိုယ်ကာယသည်လည်း နာဖျားနေတတ်၏။CCB2 312.3

    ဧဝံဂေလိ အမှုဆောင်ရွက်ခြင်း လုပ်ငန်း နှင့် ဆေးကုသခြင်း လုပ်ငန်းကို ခွဲခြားထားခြင်း မပြုအပ်။ ဆရာဝန်သည် အမှုတော်ဆောင်နှင့် တန်းတူ အမှုဆောင်ရွက်လျက် ကိုယ်ခန္ဓာ ပြန်၍ ကျန်းမာရေးအတွက် ပြုမူရသလောက် ဝိညာဉ် ကယ်ဆယ်ရေးတွင်လည်း စိတ်အားထက်သန်ခြင်း၊ သေချာ စေ့စပ်ခြင်းနှင့် ပြုမူအပ်ပေသည်။ ပျိုရွယ်သူတို့အား စိတ် နှင့် ကိုယ်ကာယ နှစ်ခုစလုံး၏ ဆရာ ဝန် ဖြစ်စေရန် သွန်သင်ပေး၏။ အကျိုးကို မမြင်သော သူ အချို့က လူနာများကို ကုသ ပြုစုခြင်းဖြင့် အချိန်ကုန်နေကြသော ဆေးကုသလျက် သာသနာ လုပ်ငန်းကို ဆောင်ရွက်သူတို့အား ထောက်ပံ့ရန် ဆယ်ဖို့တစ်ဖို့ကို အသုံးမပြုသင့်ဟု ဆိုကြ၏။ ဤကဲ့သို့သော ဖော်ပြချက်တို့ကို ပြန်ဖြေသော သဘောနှင့်၊ အခြေအနေ၏ အမှန်တရားကို မသိနိုင်လောက်အောင် စိတ်သဘောသည် ကျဉ်းမြောင်းခြင်း မရှိရဟု ဖော်ပြရန် ကျွန်ုပ်သည် သွန်သင်ခြင်း ခံရ၏။ ဆေးကုသလျက် သာသနာ အမှုကို ဆောင်ရွက်သူလည်း ဖြစ်၍ ကိုယ်ကာယ ဝေဒနာတို့ကို ကုသနိုင်သော ဧဝံဂေလိ အမှုတော်ဆောင်သည် ဤ အမှုကို မပြုနိုင်သော သူထက် သာ၍ အကျိုးဖြစ်ထွန်းစေသော အမှုဆောင် တစ်ယောက် ဖြစ်ပါသည်။ ဧဝံဂေလိ အမှုတော်ဆောင် တစ်ယောက် အဖြစ်နှင့် သူ၏ လုပ်ငန်းသည် သာ၍ များစွာ ပြည့်စုံလျက် ရှိ၏။CCB2 312.4

    ကောင်းစွာ သင်ကြား လေ့လာခဲ့ရသော ဆရာဝန်သည် အခြားသူများ မရောက်နိုင်သော ကျွန်ုပ်တို့၏ မြို့ကြီးများထဲသို့ ဝင်ရောက်နိုင်ခွင့် ရရှိလိမ့်မည်။ ကျန်းမာရေး၌ ပြုပြင်ပြောင်းလဲမှု သတင်းစကားများကို သွန်သင်ပေးပါ။ ဤ အမှုသည် လူများ အပေါ်၌ သြဇာညောင်းလိမ့်မည်။CCB2 313.1

    ကောင်းစွာ သိကျွမ်း နားလည်သော ဆရာဝန်က ကျမ်းစာ၏ အခြေခံ တရားများကို ဖော်ပြခြင်း အမှုသည် များစွာသော သူတို့ အပေါ်၌ များစွာ အကျိုးသက်ရောက်စေလိမ့်မည်။ မိမိ၏ သြဇာညောင်းမှုတွင် ဆရာဝန်၏ လုပ်ငန်း နှင့် ဧဝံဂေလိ အမှုဆောင်၏ လုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်နိုင်သော သူသည် အကျိုး ဖြစ်ထွန်း၍ တန်ခိုးနှင့် ပြည့်စုံ၏။ သူ၏ အလုပ်ကို ကောင်းစွာ ဝေဖန်လျက် လူများက ချီးမွမ်း ပြောဆိုကြ၏။CCB2 313.2

    ၎င်းပြင် ထိုသို့ ကျွန်ုပ်တို့၏ ဆရာဝန်တို့သည် အမှုဆောင်ရွက်ရကြမည်။ သူတို့သည် ဧဝံဂေလိ အမှုဆောင်ကဲ့သို့ လုပ်ဆောင်ကြလျက်၊ ဝိညာဉ်သည် သခင်ယေရှုအားဖြင့် မည်ကဲ့သို့ ကျန်းမာ ချမ်းသာသွားနိုင်သည်ကို သွန်သင်ပေးသောအခါ သူတို့သည် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်နေကြသည်၊ ဆရာဝန်တိုင်းသည် သင့်တော်သော နည်းဖြင့် မည်ကဲ့သို့ ကုသ ပြုစုရမည် အပြင်၊ လူနာအတွက် ယုံကြည်ခြင်းနှင့် မည်ကဲ့သို့ ဆုတောင်းရမည်ကိုလည်း သိ ရှိ နားလည်အပ်ပေသည်၊ ထိုအချိန်မှာပင် သူသည် ဘုရားသခင်၏ အမှုတော်ဆောင် တစ်ယောက်ကဲ့သို့ နောင်တ တရားနှင့် စိတ်နှလုံး ပြောင်းလဲခြင်း အကြောင်း၊ ဝိညာဉ် နှင့် ကိုယ်ခန္ဓာကို ကယ်တင်ခြင်း အကြောင်းတို့ကို သွန်သင်ပေးလျက် အမှုဆောင်ရွက်ရမည်။ ထိုသို့ ပူးပေါင်း အမှုဆောင်ရွက်ခြင်းဖြင့်၊ သူ၏ ဗဟုသုတသည် များပြား ကျယ်ဝန်းလာလျက် သူ၏ သြဇာကို အလွန် ကျယ်ပြန့်စွာ ညောင်းစေလိမ့်မည်။8MM237-247;CCB2 313.3