Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မင်္ဂလာဆောင်ပွဲသည် ရိုးသား၍ ပျော်ရွှင်ဖွယ် အခါ ဖြစ်ရမည်။

    သခင်ခရစ်တော်ထံမှ အစပြု ထွက်ပေါ်လာသော မေတ္တာတော်သည် လူ၏ မေတ္တာကို ဘယ်အခါမျှ မဖျက်မဆီးဘဲ ၎င်းကို ပါဝင်စေ၏။ ထို မေတ္တာတော်အားဖြင့် လူ၏ မေတ္တာသည် ချွတ်ခြင်း ခံရ၍ ဖြူစင်လာလျက် မြင့်မြတ်လာ၏။ လူ၏ မေတ္တာသည် ဘုရားသဘောနှင့် မဆက်ဆံ၊ ကောင်းကင်ဘက်သို့ ကြီးပွားရန် ပြုကျင့်ပေးခြင်း မခံရမီတိုင်အောင် အဖိုးထိုက်သော အသီးများကို မသီးနိုင်။ သခင်ယေရှုသည် ပျော်ရွှင်သော ထိမ်းမြားစုံဖက်ခြင်း၊ ပျော်ရွှင်သော အိမ်ထောင် ဧည့်သည်များကို တွေ့မြင်လိုတော်မူ၏။CCB2 36.1

    ကာနမြို့၌ ကျင်းပသော ဤ မင်္ဂလာဆောင်ပွဲသို့ သခင်ယေရှု နှင့်အတူ တပည့်တော်များပါ ခေါ်ဖိတ်ခြင်း ခံရသည်ဟု ကျမ်းစာက ဖော်ပြထား၏။ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်သောအခါ၊ ကျွန်ုပ်တို့သည် ထိုသို့ အလွန် ပျော်ရွှင်စရာကောင်းသော အခါမျိုးသို့ လာရောက်ဖို့ မသင့်ဟု ပြောစေရန် သခင်ခရစ်တော်သည် ခရစ်ယာန်များအား အခွင့် ပေးတော်မမူ။ ဤ ပွဲသို့ လာရောက်တော်မူခြင်းဖြင့်၊ ကိုယ်တော်၏ ထုံးစံ စည်းကမ်းများကို စောင့်ရာ၌ ဝမ်းမြောက်သော သူတို့ နှင့်အတူ ကျွန်ုပ်တို့အား ပါဝင် ဝမ်းမြောက်စေခြင်းငှါ ကိုယ်တော်သည် အလို ရှိတော်မူကြောင်းကို သခင်ခရစ်တော်က သွန်သင်တော်မူ၏။ ကောင်းကင် စည်းကမ်း ဥပဒေနှင့် အညီ လူတို့ ပြုလုပ် ကျင်းပသော အပြစ်ကင်းသည့် ပွဲများကို ကိုယ်တော်သည် ဘယ်အခါမျှ စိတ်ပျက်စေအောင် ပြုတော်မမူ။ သခင်ခရစ်တော် ကိုယ်တိုင် လာရောက် ချီးမြှင့်တော်မူသော လူအစုအဝေးတွင် ကိုယ်တော်၏ တပည့်တော်တို့သည် လည်း လာရောက်ခွင့် ရှိပေသည်။ ဤ ပွဲသို့ လာရောက်တော်မူပြီးနောက် အခြားသော ပွဲများသို့လည်း သခင်ခရစ်တော်သည် ကြွရောက်တော်မူလျက် ကိုယ်တိုင် လာရောက်ခြင်းအားဖြင့် ၎င်းပွဲများကို သန့်ရှင်းစေတော်မူ ၏။CCB2 36.2

    နှစ်ဦး နှစ်ဖက် စလုံးသည် ကောင်းမွန် ပြည့်စုံစွာ ရှိကြသော်လည်း၊ ကျွန်ုပ်တို့သည် လက်ထပ်ပွဲကို ကြီးကျယ် ခမ်းနားစွာ ပြုလုပ် ကျင်းပဖို့ရန် အကြောင်း မရှိချေ။CCB2 36.3

    မင်္ဂလာဆောင်ပွဲတွင် အလွန် ပျော်ရွှင်မြူးတူးခြင်း အမှုများ၊ ဟန်ဆောင်မှုများ တွေ့ရသည်မှာ များစွာ မသင့်တော်ဟု ကျွန်ုပ် ထင်မြင်ပါသည်။ ထိုသို့ မဖြစ်ရပါ။ ၎င်းတို့သည် ဘုရားသခင် စီမံတော်မူသော ပွဲ ဖြစ်၍ အလွန် ကြည်ညိုသော သဘောနှင့် ပြုမူရကြမည်။ အောက်အရပ် ဤ မြေကြီးပေါ်၌ အိမ်ထောင်ကို တည်ထောင်ရသကဲ့သို့ အိမ်ထောင်သည် မည်ကဲ့သို့ ဖြစ်ရမည်ကို ဖော်ပြရကြမည်။ ရှေးဦးစွာဘုရားသခင်၏ ဘုန်းတော်ကို အမြဲ ထင်ရှားစေရမည်။ 1A H 99-101;CCB2 37.1