Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅၇။—အစိုးရ အရာရှိများ၊ ဥပဒေများနှင ကျွန်ုပ်တို့ ဆက်ဆံရေး။

    နိုင်ငံ အစိုးရအာဏာကို ယုံကြည်သူတို့သည် မည်ကဲ့သို့ သဘောထားအပ်ကြကြောင်း တမန်တော်က ထင်ရှားစွာ ချုပ်၍ ဖော်ပြထားပါသည်။ “သခင်ဘုရား၏ မျက်နှာတော်ကို ထောက်လျက်၊ အထွဋ်အမြတ် တည်းဟူသော ရှင်ဘုရင် ဖြစ်စေ၊ လူဆိုးတို့ကို ဒဏ်စီရင်ခြင်းငှါ လည်းကောင်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ လည်းကောင်း၊ ရှင်ဘုရင်ခန့်ထားသော ဝန်မင်း ဖြစ်စေ၊ လူတို့တွင် စီရင် ခန့်ထားသမျှသော မင်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား၊ သင်တို့သည် ကောင်းသော အကျင့်ကို ကျင့်သောအားဖြင့်၊ လူမိုက်တို့၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ၏။ လူလွတ် ဖြစ်သော်လည်း၊ လွတ်ခြင်း အကြောင်းဖြင့် မကောင်းသော အမှုတို့ကို ဖုံးအုပ်သော သူကဲ့သို့ မကျင့်၊ ဘုရားသခင်၏ ကျွန်ကဲ့သို့ ကျင့်နေကြလော့။ ခပ်သိမ်းသော သူတို့ကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ရှင်ဘုရားကို ရိုသေခြင်း ရှိကြလော့” ၁ ပေ၊ ၂: ၁၃-၁၇။1AA 522;CCB2 322.1

    ကျွန်ုပ်တို့ကို အုပ်ချုပ်သော သူများ အဖြစ်နှင့် ခန့်ထားသော သူများ ရှိကြ၍ လူများကို နေရာတကျ အုပ်စိုးရန် ဥပဒေများလည်း ရှိပေသည်။ ဤ ဥပဒေများ မရှိလျှင်၊ လောက၏ အခြေအနေသည် ယခု အခြေအနေထက် သာ၍ ဆိုးသွမ်းလိမ့်မည်။ အချို့သော ဥပဒေများသည် ကောင်း၍ အချို့တို့မှာ မကောင်းပါ။ မကောင်းသော အရာတို့မှာ တိုးပွားလျက် ရှိသဖြင့်၊ ကျွန်ုပ်တို့သည် ကျဉ်းကြပ်သော နေရာသို့ ရောက်နေကြသေး၏။ သို့ရာတွင် မိမိ၏ လူများအား မြဲမြံ၍ မိမိ၏ နှုတ်ကပတ်တော်၏ အခြေခံ စည်းကမ်း ဥပဒေများအတိုင်း လိုက်နာ စောင့်ရှောက်စေရန် ဘုရားသခင်သည် ထောက်မ ကြည့်ရှုလျက် နေတော်မူမည်။21T 201;CCB2 322.2

    ဘုရားသခင်သည် သိနာတောင်ပေါ်မှ ကြားနိုင်လောက်အောင် ကျယ်သော အသံနှင့် မိန့်တော်မူပြီးနောက်မှ မိမိ၏ လက်ညှိုးတော်ဖြင့် ကျောက်ပြားပေါ်တွင် အက္ခရာတင်ထားတော်မူသော သာ၍ မြတ်သော ပညတ်တရားနှင့် အတိုက်အခံ မဖြစ်ခဲ့လျှင်၊ မိမိတို့ နိုင်ငံ၏ တရားဥပဒေများကို အမှုကိစ္စတိုင်းတွင် လိုက်နာရန် ကျွန်ုပ်တို့၌ တာဝန် ရှိကြောင်း ကျွန်ုပ် တွေ့မြင်ရ၏။ “ငါထာဝရဘုရားသည် ငါ့ ပညတ်တို့ကို သူတို့ စိတ်ဝိညာဉ်ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ရေးထားမည်၊ ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့သည်လည်း ငါ၏ လူ ဖြစ်ကြလိမ့်မည်။” မိမိတို့၏ စိတ်နှလုံးထဲ၌ ဘုရားသခင်၏ ပညတ်တော် ရေးထားခြင်းကို ခံရသော သူသည် လူထက် ဘုရားသခင်၏ စကားကို နားထောင်လိမ့်မည်။ ၎င်းပြင် ဘုရားသခင်၏ ပညတ်တော်မှ အနည်းငယ် လမ်းလွဲသွားခြင်းထက် လူအပေါင်းတို့၏ စကားကို မကြာမီ နားမထောင်ဘဲ နေကြလိမ့်မည်၊ သမ္မာတရားအားဖြင့် အတွင်း၌ သွန်သင် ပြုပြင်ခြင်း ခံရ၍ ဘုရားသခင်၏ နှုတ်ကပတ်တော် ရှိသမျှအားဖြင့် အသက်ရှင်ရန် ကောင်းမြတ်သော သြတ္တပ္ပစိတ်ဓါတ်ဖြင့် လမ်းပြခြင်း ခံရသော ဘုရားသခင်၏ လူများတို့သည် ဘုရားသခင်၏ ပညတ်တရားတော်ကို မိမိတို့ နားထောင်ရန် ဝန်ခံ၊ သဘောတူနိုင်သော တစ်ခုတည်းသော အမိန့်အာဏာကဲ့သို့ လက်ခံလျက် မိမိတို့၏ နှလုံးပေါ်တွင် ရေးထားကြလိမ့်မည်။ ဘုရားသခင်၏ ပညတ်တရားတော်၏ ဉာဏ်ပညာ နှင့် အမိန့်အာဏာသည် အလွန် ကြီးမြတ်၏။31T 361CCB2 323.1

    သခင်ယေရှု နေထိုင်တော်မူခဲ့စဉ်အခါက အုပ်စိုးနေသော အစိုးရသည် ပျက်စီးနေ၍ ညှည်းဆဲ နှိပ်စက်၏။ နေရာတိုင်း၌ အတင်းအကြပ် တောင်းဆိုခြင်း၊ သည်းမခံနိုင်အောင် ညှဉ်းဆဲခြင်း၊ ရက်စက်စွာ ကြမ်းကြုတ်ခြင်း အမှုတို့ကြောင့် ဆဲရေး တိုင်းထွာလျက် ငိုကြွေး မြည်တမ်းသံများကို ကြားနေရကြ၏။ သို့ရာတွင် ကယ်တင်ရှင်သည် အုပ်ချုပ်ရေး၌ ပြုပြင်ပြောင်းလဲရန် ကြံစည်တော်မမူ။ နိုင်ငံရေးနှင့် ဆိုင်သော ညှဉ်းဆဲ နှိပ်စက်ခြင်းတို့ကို တိုက်လှန်တော်မမူ။ နိုင်ငံရေးရန် သူများကိုလည်း အပြစ်တင် ဆုံးမတော်မမူ။ ကိုယ်တော်သည် အာဏာတန်ခိုး လွှမ်းမိုးနေသော သူတို့၏ အလုပ်အကိုင်၊ အာဏာစက်တို့တွင် ဝင်ရောက် နှောင့်ယှက်ခြင်း ပြုတော်မမူ။ ကျွန်ုပ်တို့၏ ပုံသက်သေ ဖြစ်တော်မူသော အရှင်သည် လောကီ အစိုးရနှင့် ဝေးဝေး နေတော်မူ၏။4DA 509;CCB2 323.2

    အကြိမ်ကြိမ် သခင်ခရစ်တော်အား တရားဥပဒေနှင့် လည်းကောင်း၊ နိုင်ငံရေးနှင့် လည်းကောင်း သက်ဆိုင်သော ပြဿနာတို့ကို ဖြေရှင်းရန် မေးမြန်းကြ၏။ သို့သော် ကိုယ်တော်သည် လောကီ အရာများတွင် ဝင်ရောက် စွက်ဖက်ခြင်းကို ငြင်းပယ်တော်မူ၏။ ကိုယ်တော်သည် ကြွလာတော်မူလျက်၊ တည်ထောင် လိုတော်မူသော ဝိညာဉ်ရေး နိုင်ငံတော်ကြီး တည်းဟူသော ဖြောင့်မတ်ခြင်းနှင့် ယှဉ်သော နိုင်ငံတော်၏ အထွဋ်အထိပ် အဖြစ် သခင်ခရစ်တော်သည် ကျွန်ုပ်တို့၏ လောကတွင် ရပ်တည်နေတော်မူ၏။ ကိုယ်တော်၏ သြဝါဒများတွင် ဤ နိုင်ငံတော်ကို အုပ်ချုပ်ရသော စည်းမျဉ်း ဥပဒေများ၊ မြင့်မြတ် သန့်ရှင်းစေသော အခြေခံ ဥပဒေများကို ထင်ရှားစွာ ဖော်ပြထား၏။ ထာဝရအရှင် ဘုရားသခင်၏ နိုင်ငံတော်တွင် စိုးမိုး အုပ်ချုပ်နေသော အာဏာတန်ခိုးများမှာ ဖြောင့်မတ်ခြင်း၊ သနားခြင်း ကရုဏာ နှင့် ချစ်ခြင်းမေတ္တာ တရားများ ဖြစ်ကြသည်ဟု ကိုယ်တော်က ဖော်ပြတော်မူ၏။59T 218;CCB2 324.1

    သူလျှိုများသည် ကိုယ်တော်ထံသို့ လာကြပြီးလျှင်၊ ရိုးဖြောင့် ဟန်ဆောင်လျက် မိမိတို့၏ တာဝန်ကို သိရှိလိုသော ဆန္ဒရှိသကဲ့သို့ အရှင်ဘုရား၊ ကိုယ်တော်သည် လူမျက်နှာကို မထောက်ဘဲ ဖြောင့်မတ်စွာ ဆုံးမ သြဝါဒပေး၍ ဘုရားသခင်၏ တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။ အကျွန်ုပ်တို့သည် ကဲသာ ဘုရင်အား အခွန်ကို ဆက်ကပ်သလော။ မဆက်အပ်သလောဟု မေးလျှောက်ကြ၏။ (လု၊ ၂၀: ၂၁၊ ၂၂။)CCB2 324.2

    သခင်ခရစ်တော်၏ အဖြေမှာ ရှောင်လွှဲ ပြောသော စကား မဟုတ်ဘဲ၊ မေးခွန်းအတွက် ပွင့်လင်းသော အဖြေ ဖြစ်၏။ ကဲသာ ဘုရင်၏ အမည် နှင့် ရုပ်ပုံများကို ကမ္ဗည်းအက္ခရာတင်ထားသော ရောမဒင်္ဂါး တစ်ပြားကို ကိုင်ထားတော်မူလျက်၊ သူတို့သည် ရောမမင်းတို့၏ အာဏာတန်ခိုး လက်အောက်၌ နေထိုင်နေရကြသောကြောင့်၊ သာ၍ မြင့်မြတ်သော တာဝန်နှင့် ဆန့်ကျင်ဖက် မပြုသမျှ ကာလပတ်လုံး၊ အစိုးရက တောင်းဆိုသော အထောက်အပံ့ကို ထိုအစိုးရအား ပေးအပ်ရမည်ဟု ကိုယ်တော်က မိန့်တော်မူ၏။CCB2 324.3

    ဖါရိရှဲတို့သည် “သခင်ခရစ်တော်၏ အဖြေကို ကြားရကြလျှင်၊ အံ့သြ၍ အထံတော်မှ ထွက်သွားကြ၏။” ကိုယ်တော်သည် သူတို့၏ လျှို့ဝှက်ခြင်း နှင့် အယောင်ဆောင်မှုကို ဆုံးမတော်မူလျက်၊ ဤသို့ ပြုခြင်းဖြင့်၊ ကိုယ်တော်က ကြီးမြတ်သော အခြေခံ တရား၊ အစိုးရအား ပြုအပ်သော လူ၏ တာဝန်ကို ကန့်သတ်ထားကြောင်း နှင့် ဘုရားသခင်အား ပြုအပ်သော လူ၏ တာဝန်အကြောင်းကို ရှင်းလင်းစွာ ဖော်ပြသော အခြေခံ စည်းမျဉ်း ဥပဒေကို ဖော်ပြတော်မူ၏။6DA 601-603;CCB2 324.4