Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နိုင်ငံရေးနှင့် စပ်ဆိုင်၍ စိတ်ထကြွမှု။

    ကျွန်ုပ်တို့၏ စည်းဝေးဇရပ်များ နှင့် ကျောင်းများတွင် ကျမ်းစာသင်နေရကြသော သူတို့သည် နိုင်ငံရေး လိုက်စားသူများ၊ သို့မဟုတ် နိုင်ငံရေး ကိစ္စတို့နှင့် သက်ဆိုင်သော အယူအဆများ၊ ဆန့်ကျင့်ဖက် သဘောများတို့ကို ထင်ရှားစွာ ပါဝင် ဖော်ပြခွင့် မရှိပါ၊ အကြောင်းကား၊ ထိုသို့ ပြုခြင်းဖြင့် အခြားသူတို့၏ စိတ်ကို ထကြွ နိုးကြားစေလျက် မိမိတို့ နှစ်သက်သော အချက်တို့ကို အသီးအသီးတို့အား ထောက်ခံစေကြလိမ့်မည်။ သမ္မာတရားကို ယုံကြည်သည်ဟု ဝန်ခံနေကြသော သူတို့အထဲတွင် မိမိတို့၏ အယူအဆများ နှင့် နိုင်ငံရေး၌ နှစ်သက်သော အချက်တို့ကို ဖော်ပြရန် စိတ်ထကြွခြင်း ရှိလာသဖြင့် အသင်းတော်တွင် စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေမည့် လူ အချို့ ရှိတတ်သည်။CCB2 326.2

    မိမိ၏ လူများအား နိုင်ငံရေးနှင့် ဆိုင်သော ပြဿနာတို့ကို မြေမြှပ်ပစ်စေခြင်းငှါ ထာဝရဘုရားသည် အလိုရှိတော်မူ၏။ ဤ အချက်များအတွက် တိတ်ဆိတ်စွာ နေခြင်းသည် အကောင်းဆုံး အချက် ဖြစ်သည်။ သခင်ခရစ်တော်က မိမိ၏ တပည့်တော်များအား ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဖော်ပြထားသော သန့်ရှင်းသော ဧဝံဂေလိတရား ဥပဒေများတွင် စည်းလုံး ညီညွတ်ခြင်း ရှိစေဖို့ ခေါ်တော်မူ၏။ ကျွန်ုပ်တို့သည် မည်သူအတွက် မဲပေးနေကြသည်ကို မသိကြသဖြင့်၊ ကျွန်ုပ်တို့သည် နိုင်ငံရေးပါတီများအတွက် စိတ်ချခြင်းနှင့် မဲမပေးနိုင်။CCB2 327.1

    ခရစ်ယာန် အမှန် ဖြစ်သော သူတို့သည် စပျစ်နွယ်ပင် အစစ်အကိုင်းများ ဖြစ်ကြသဖြင့်၊ ပင်မကြီးကဲ့သို့ အသီးကို သီးစေကြလိမ့်မည်။ သူတို့သည် ခရစ်ယာန် ဆက်ဆံခြင်း အမှုနှင့် ညီညွတ်စွာ ပြုမူကြလိမ့်မည်။ သူတို့သည် နိုင်ငံရေးနှင့် ဆိုင်ရာ တံဆိပ် အမှတ်အသားများကို ဆောင်ယူကြမည် မဟုတ်ဘဲ၊ သခင်ခရစ်တော်၏ တံဆိပ်အမှတ်အသားကိုသာ ယူဆောင်ရကြမည်။CCB2 327.2

    ထိုအခါ ကျွန်ုပ်တို့သည် ဘာလုပ်ရကြမည်နည်း။ နိုင်ငံရေး ပြဿနာတို့ကို တစ်ပါးတည်း နေပါစေ။CCB2 327.3

    စိုက်ပျိုး ပြုစုရန် စပျစ်ဥယျာဉ်ကြီး တစ်ခု ရှိပါသည်။ သို့ရာတွင် ခရစ်ယာန်တို့သည် မယုံကြည်သော သူတို့အထဲတွင် အမှုဆောင်ရွက်နေကြစဉ်၊ သူတို့သည် လောကီဆန်သော သူတို့ကဲ့သို့ မနေသင့်ကြပေ။ သူတို့သည် နိုင်ငံရေး စကားများကို ပြောနေခြင်း၊ သို့မဟုတ် နိုင်ငံရေး လုပ်ငန်းများကို ဆောင်ရွက်နေကြခြင်းဖြင့် မိမိတို့၏ အချိန်ကို မဖြုန်းသင့်ကြ။ အကြောင်းကား ထိုသို့ ပြုခြင်းဖြင့် သူတို့သည် ရန်သူအား ဝင်ရောက်လာစေပြီး၊ စိတ်ဝမ်းကွဲပြားမှု နှင့် မသင့်မတင့် ဖြစ်ခြင်း အမှုတို့ကို ဖြစ်စေခြင်းငှါ အခွင့်အရေး ပေးကြပြီ။CCB2 327.4

    ဘုရားသခင်၏ သားသမီးတို့သည် နိုင်ငံရေး ကိစ္စများမှ သီးခြား နေထိုင်ရကြမည်။ နိုင်ငံရေးတွင် တစ်ဖက် နှင့် တစ်ဖက် အပြိုင် တိုက်လှန်ကြခြင်း အမှုတွင် ပါဝင်ခြင်း မပြုပါနှင့်။ လောကနှင့် မဆက်ဆံပါနှင့်။ ၎င်းပြင် ရန်တွေ့ခြင်း၊ ဖရိုဖရဲ ဖြစ်ခြင်းတို့ကို ဖြစ်ပေါ်လာစေမည့် အယူဝါဒများကို စည်းဝေးဇရပ် သို့မဟုတ် ကျောင်းသို့ ယူဆောင်မလာပါနှင့်။ စိတ်ဝမ်းကွဲပြားခြင်း သည် ကိုယ်ကျိုးရှာသော လူများအားဖြင့် ကိုယ်ခန္ဓာထဲသို့ ယူဆောင်လာသော အကျင့်နှင့် ဆိုင်ရာ အဆိပ်အတောက် ဖြစ်သည်။8GW 391-395;CCB2 327.5