Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သတိကင်းသော ဖော်ပြချက်များကြောင့် ဘေးဖြစ်စေခြင်း။

    အရာခပ်သိမ်းတို့တွင် ဘုရားသခင်၏ ပညတ်တော်နှင့် ဆန့်ကျင်ခြင်း မရှိခဲ့လျှင်၊ တိုင်းပြည်၏ တရားဥပဒေများကို လိုက်နာရန် လူများတို့အား သွန်သင်ပေးပါ။99T 238;CCB2 328.1

    ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများတို့သည် အစိုးရနှင့် လည်းကောင်း၊ တရားဥပဒေနှင့် လည်းကောင်း ဆန့်ကျင်သော အဓိပ္ပါယ် သက်ရောက်သော အရာများကို ပြောဆို ရေးသားခဲ့ကြပြီ။ ထိုသို့ ကျွန်ုပ်တို့၌ နားမလည်မှု ရှိရခြင်းသည် အမှား တစ်ခု ဖြစ်၏။ အစိုးရ အရာရှိများ ပြုသော အမှုတို့ကို အမြဲ အပြစ်ရှာနေဖို့ မသင့်လျော်ချေ။ လူ အသီးအသီး သို့မဟုတ် အဖွဲ့အစည်းတို့ကို ပုတ်ခပ် ပြောဆိုခြင်းသည် ကျွန်ုပ်တို့၏ အလုပ် မဟုတ်။ အစိုးရအာဏာတို့ကို ဆန့်ကျင်ဖက်ပြုနေသည်ဟု ကျွန်ုပ်တို့ အပေါ်၌ အထင်မရောက်စေရန် ကျွန်ုပ်တို့သည် ကြီးစွာ သတိထားရမည်။ ကျွန်ုပ်တို့၏ စစ်ပွဲမှာ ကျွန်ုပ်တို့က အစပြုရသော ပွဲ ဖြစ်သည်မှာ မှန်၏။ သို့ရာတွင် “ထာဝရဘုရား မိန့်တော်မူသည်ကား” ဟူသော ရိုးရိုးသည် ကျွန်ုပ်တို့ အသုံးပြုရသော လက်နက် ဖြစ်ရမည်။ ကျွန်ုပ်တို့၏ လုပ်ငန်းကား၊ ဘုရားသခင်၏ နေ့ကြီး၌ ခံရပ်နိုင်ရန် လူတစ်မျိုးကို ပြင်ဆင်ပေးခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ အယူဝါဒကို လက်မခံသော သူများတွင် ငြင်းခုံခြင်း၊ ဆန့်ကျင်ခြင်း ဖြစ်စေရန် နှိုးဆော်ပေးမည့် နည်းလမ်းများကို ကျွန်ုပ်တို့သည် လိုက်နာခြင်း မပြုအပ်။CCB2 328.2

    ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများက သတိကင်းမဲ့စွာ ပြောဆို၊ ရေးသားခဲ့ကြသည့် အပြစ်တင်သော သဘောပါသည့် စကားများကို ကျွန်ုပ်တို့အား အပြစ်စီရင်ရာအတွက် အသုံးပြုလာကြမည့် အချိန် ရောက်လာလိမ့်မည်။ ၎င်းတို့ကို ဖော်ပြ ပြောဆိုသော သူများတို့ကို အပြစ် စီရင်ရန်သာ ၎င်းတို့ကို အသုံးပြုကြမည် မဟုတ်၊ ၎င်းတို့ကြောင့် သတ္တမနေ့ ဥပုသ် အသင်းသားတို့၏ အဖွဲ့အစည်း တစ်ခုလုံးကို စွပ်စွဲကြလိမ့်မည်။ တစ်နေ့သော အခါက၊ ကျွန်ုပ်တို့ အသင်းမှ တာဝန်ရှိသော လူတစ်ဦးသည် ဤ အစိုးရ၏ ဥပဒေများအတိုင်း စီမံ အုပ်ချုပ်မှုကို ဆန့်ကျင်သော စကားများကို ဤကဲ့သို့၊ ထိုကဲ့သို့ ပြောဆိုခဲ့ပြီဟု ကျွန်ုပ်တို့ကို စွပ်စွဲသော သူများက ပြောဆိုလိမ့်မည်။ ကျွန်ုပ်တို့၏ သတင်းစကားအတွက် ဆင်ခြေပေးနိုင်သော အချက်များကို မည်မျှ များစွာ ဖြစ်ပေါ်စေခဲ့လျက် သတိရစေခဲ့ကြပြီကို များစွာသော သူတို့သည် အံ့သြစွာ တွေ့မြင်ရကြလိမ့်မည်။ သူတို့ အလို မရှိသော အဓိပ္ပါယ်မျိုးသို့ ရောက်အောင် ကျွန်ုပ်တို့၏ စကားများကိုပင် ညှစ်ထုတ် ယူတတ်ကြသည်ကို အများသော သူတို့သည် အံ့သြဖွယ် ကြားသိရကြလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့၏ အမှုတော်ဆောင်တို့သည် အခါခပ်သိမ်း အခြေအနေ အပေါင်းတွင် သတိနှင့် ကာကွယ် ပြောဆိုကြပါစေ။ လူတို့၏ ဝိညာဉ်ကို စုံစမ်း စစ်ဆေးရန် ဖြစ်သော အရေးဆိုက်ရာ ကာလ မရောက်ရမည် အကြောင်း လူအပေါင်းတို့သည် သတိရှိကြပါစေ။CCB2 328.3

    ကျွန်ုပ်တို့၌ ဖြစ်ပေါ်လာသော အခြေအနေအားဖြင့် လောကသည် ကျွန်ုပ်တို့ကို စီရင်ကြမည်ကို ကျွန်ုပ်တို့သည် သတိရသင့်သည်။ သခင်ခရစ်တော်၏ အကြောင်းကို ဖော်ပြရန် ကြိုးစားနေသော သူတို့သည် မသင့်တော် မညီညွတ်သော အကျင့်စာရိတ္တများကို မပြစေရန် သတိပြုကြပါစေ။ ကျွန်ုပ်တို့သည် ရှေ့တန်းသို့ လုံးလုံး ရောက်မလာမီ အထက်မှ သန့်ရှင်းသော ဝိညာဉ်တော်ကို သွန်းလောင်းချပေးတော်မူသည်ကို သိမြင်ကြပါစေ။ ဤ အဖြစ်မျိုး ရောက်ရှိလာသောအခါ၊ ကျွန်ုပ်တို့သည် သေချာသော သတင်းစကားကို ဖော်ပြနိုင်ကြလိမ့်မည်။ သို့ရာတွင် ၎င်းသည် အချို့သော သူတို့ ဖော်ပြသော အရာထက် အပြစ်တင်ခြင်းနှင့် များစွာ ကင်းလွတ်သော သဘောမျိုး ဖြစ်လိမ့်မည်။ ၎င်းပြင် ယုံကြည်သော သူ အပေါင်းတို့သည် ကျွန်ုပ်တို့ကို ဆန့်ကျင်ဖက်ပြု သူတို့အား ကယ်တင်ခြင်း ရရှိစေဖို့ သာ၍ များစွာ စိတ်အားထက်သန်ခြင်း ရှိလာကြလိမ့်မည်။ အစိုးရ အာဏာစက် နှင့် အစိုးရတို့ကို ဘုရားသခင်သည် မိမိ သဘောတော်အတိုင်း သင့်တော်သလို စီရင် အပြစ်ပေးတော်မူပါစေ။ သခင်ယေရှု၌ ရှိတော်မူသကဲ့သို့ သမ္မာတရား၏ အခြေခံ တရားများကို ကျွန်ုပ်တို့သည် သစ္စာရှိသော ကင်းစောင့် အဖြစ် သိမ်မွေ့ နှိမ့်ချခြင်း သဘောနှင့် ခုခံ ကာကွယ်ကြစို့။CCB2 329.1