Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တနင်္ဂနွေနေ့နှင့် ဆိုင်သော ဥပဒေ။

    ကောင်းကင်နှင့် သက်ဆိုင်သည်ဟု ဆိုနေကြလျက် သိုးသူငယ်၏ အကျင့် သဘောများ ရှိသည်ဟု ဖော်ပြနေကြသော ဘာသာရေး အာဏာရှင်များတို့သည် မိမိတို့၏ အပြုအမူအားဖြင့်၊ သူတို့၌ နဂါး၏ စိတ်နှလုံးမျိုး ရှိကြလျက် သူတို့သည် စာတန်၏ နှိုးဆော်ခြင်း၊ အုပ်စိုးခြင်းကို ခံနေရကြကြောင်း ပြကြ၏။ ဘုရားသခင်၏ လူများတို့သည် သတ္တမနေ့ကို သန့်ရှင်စေခြင်းငှါ စောင့်ရှောက်ကြသောကြောင့်၊ သူတို့သည် ညှဉ်းဆဲခြင်းကို ခံရကြမည့် အချိန်သည် ရောက်လာလိမ့်မည်။ ဘုရားသခင်၏ စီမံကိန်းကို ဖျက်ဆီးရန် မိမိ၏ အကြံကို ဆောင်ရွက် ပြီးမြောက်စေလိမ့်မည် ဟူသော မျှော်လင့်ချက် နှင့် စာတန်သည် ဥပုသ်နေ့ကို ပြောင်းလဲစေ၏။ လူ၏ တရားဥပဒေများထက် လောကတွင် ဘုရားသခင်၏ ပညတ်တော်များကို သာ၍ အာဏာ နည်းပါးသွားစေရန် သူသည် ရှာကြံနေ၏။ အချိန်ကာလ နှင့် ပညတ်တရားကို ပြောင်းလဲ၍ ဘုရားသခင်၏ လူများကို အမြဲ ညှဉ်းဆဲသော အပြစ်သားသည် ခုနစ်ရက်တွင် ပထမနေ့ကို အဓမ္မ စောင့်စေရန် ဥပဒေများကို ပြုလုပ်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏ လူများတို့သည် ဘုရားသခင် ဘက်၌ မြဲမြံစွာ ရှိနေရကြမည်။ ၎င်းပြင် မိမိသည် ဘုရားတို့၏ ဘုရား ဖြစ်တော်မူကြောင်းကို ဖော်ပြလျက် ထာဝရဘုရားသည် သူတို့၏ အကျိုးအလိုငှါ ပြုလုပ် ဆောင်ရွက်တော်မူမည်။CCB2 330.1

    ခုနစ်ရက်တွင် ပထမနေ့ကို စောင့်ခြင်း ဥပဒေသည် ဖော်ပြန်သော ခရစ်ယာန် အသင်းကြီးမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တနင်္ဂနွေနေ့ ဥပုသ်သည် ပါပရဟန်းမင်းမှ ဖြစ်ပွားလာသော အရာ ဖြစ်၍၊ ခရစ်ယာန် လောကသည် ဘုရားသခင်၏ သန့်ရှင်းသော ငြိမ်ဝပ်ရာနေ့ထက် ၎င်းကို ချီးမြှောက်ကြ၏။ ဘုရားသခင်၏ လူများတို့သည် ၎င်းနေ့ကို အဘယ်နည်းနှင့်မျှ ရိုသေခြင်း မပြုရကြ။ သို့ရာတွင် ဆန့်ကျင်ဘက် အမှုကို ရှောင်စေဖို့ ဘုရားသခင်က အလိုရှိတော်မူသောအခါ၊ သူတို့သည် ထိုအရာကို ရဲဝံ့စွာ ရင်ဆိုင်ခြင်းအားဖြင့် ဘုရားသခင်၏ အလိုတော်ကို မလိုက်ဘဲနေကြကြောင်း သူတို့အား သိနားလည်စေဖို့ ကျွန်ုပ် အလိုရှိပါသည်။ ထိုသို့အားဖြင့် သူတို့သည် သာ၍ ပြင်းထန်သော ငြူစူခြင်းကို ဖန်တည်းပေးသဖြင့်၊ သမ္မာတရားကို ကြွေးကြော်ရန် အလွန် ခက်ခဲနေလေ၏။ ဥပဒေကို ခုခံကြောင်း တနင်္ဂနွေနေ့တွင် ဆန္ဒမပြပါနှင့်။ တစ်နေ ရာ၌ ဤကဲ့သို့ ပြုသဖြင့်၊ သင်သည် ဂုဏ်နိမ့်သွားလျှင်၊ အခြားသော နေရာ၌လည်း အလားတူ အဖြစ်အပျက်မျိုး ဖြစ်လိမ့်မည်။ ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့ကို သခင်ခရစ်တော်ဘက်၌ သက်ဆိုင်သော လုပ်ငန်းကို ဆောင်ရွက်ရာ နေ့ကဲ့သို့ အသုံးပြုနိုင်သည်။ ကျွန်ုပ်တို့သည် သိမ်မွေ့ နှိမ့်ချခြင်းနှင့် လုပ်ဆောင်လျက် အကောင်းဆုံး အမှုကို ပြုလုပ်နိုင်ကြ၏။CCB2 330.2

    မှတ်ချက်။ ။ တရားဥပဒေအတိုင်း ငြိမ်ဝပ်စွာ နေဖို့ အလိုရှိသော အခြား ဘာသာရေးနေ့များ နှင့် အလုပ်အားလပ်သော နေ့များတွင်၊ တနင်္ဂနွေနေ့ ဥပဒေနှင့် ဆိုင်၍ အထက်၌ ဖော်ပြခဲ့သော သက်သေခံချက်တို့တွင် ပါရှိသော စည်းကမ်း ဥပဒေတို့ကို အသုံးပြုနိုင်သည်။CCB2 331.1

    ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့တွင် သာသနာပြု လုပ်ငန်းများကို လုပ်ဆောင်ကြသောအခါ၊ သတ္တမနေ့ ဥပုသ် အသင်းသားတို့ကို ရှုတ်ချ နှိပ်စက်ရန် နှစ်သက်ပြီးလျှင် မိမိ ထင်ရာကို ပြုလုပ်ရန် စိတ်အားထက်သန်သော သူတို့၏ လက်ထဲမှ ညှဉ်းဆဲဖို့ အသုံးပြုသော နှင်တံကို ပယ်ရှားကြလိမ့်မည်။ ကျွန်ုပ်တို့သည် တနင်္ဂနွေနေ့၌ လူများထံသို့ သွားရောက် လည်ပတ်၍ ကျမ်းစာများကို ဖတ်ပြကြသောအခါ၊ တနင်္ဂနွေနေ့ ဥပဒေကို ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ လုပ်ငန်းကို တားဆီးရန် ပြုခြင်းသည် သူတို့အဖို့ အကျိုးမရှိကြောင်းကို သူတို့သည် သိရှိလာလိမ့်မည်။CCB2 331.2

    ထာဝရဘုရားအတွက် များစွာ အကျိုးဖြစ်ထွန်းစေသော အလုပ် အမျိုးမျိုးကို ပြုလုပ် ဆောင်ရွက်ခြင်း အတွက် တနင်္ဂနွေနေ့ကို အသုံးချနိုင်သည်။ ဤ နေ့၌ လေဟာပြင် စည်းဝေးများ၊ အိမ်ထောင် စည်းဝေးကလေးများကို ပြုလုပ် ကျင်းပနိုင်သည်။ တစ်အိမ်တက် တစ်အိမ်ဆင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။ စာရေးသော သူတို့သည် ဤ နေ့တွင် မိမိတို့၏ ဆောင်းပါးများကို ရေးနိုင်သည်။ ဖြစ်နိုင်သောအခါတိုင်း၊ တနင်္ဂနွေနေ့တွင် တရားဟော စည်းဝေးပွဲများကို ကျင်းပနိုင်သည်။ ဤ စည်းဝေးများကို အလွန် စိတ်ဝါဝင်စားအောင် ပြုလုပ်ပေးပါ။ ဘာသာရေး၌ ဧကန်အမှန် ပြန်၍ စိတ်ထကြွလာစေသော သီချင်းများကို ဆို၍ ကယ်တင်ရှင်၏ မေတ္တာ တန်ခိုးပါရှိလျက် ၎င်းမေတ္တာ၌ စိတ်ချ အားကိုးနိုင်စရာ ရှိကြောင်းကို ဟောပြောပါ။ သေရည်သေရက် ရှောင်ကြဉ် ရေးအကြောင်း၊ ဘာသာရေးနှင့် ဆိုင်သော အတွေ့အကြုံ အမှန်များကို ပြောပြလော့။ ထိုသို့အားဖြင့် မည်ကဲ့သို့ အမှုဆောင်ရမည်ကို သင်သည် များစွာ သိနားလည်လာ၍ များစွာသော ဝိညာဉ်များထံသို့ ချဉ်းကပ်နိုင်လိမ့်မည်။CCB2 331.3

    ကျွန်ုပ်တို့၏ ကျောင်းများတွင် ရှိသော ဆရာ၊ ဆရာမတို့သည် တနင်္ဂနွေနေ့၌ သာသနာပြု လုပ်ငန်းများကို ကြိုးစား ဆောင်ရွက်ကြပါစေ။ ထိုသို့အားဖြင့် သူတို့သည် ရန်သူ၏ အကြံအစည်များကို နိုင်နင်း အောင်မြင်ကြလိမ့်မည်ဟု ကျွန်ုပ်အား သွန်သင်ပေး၏ သမ္မာတရားကို မသိသော သူတို့အတွက် စည်းဝေးများကို ပြုလုပ်ရန် ဆရာ၊ ဆရာမတို့သည် ကျောင်းသားတို့ကို မိမိတို့ နှင့်အတူ ခေါ်သွားပါ။ ထိုသို့အားဖြင့် သူတို့သည် အခြားသော နည်းများထက် သာ၍ အောင်မြင်စွာ ပြုလုပ် ဆောင်ရွက်နိုင်ကြလိမ့်မည်။CCB2 332.1

    လူများတို့အား သမ္မာတရား၊ ဖြောင့်မှန် သေချာသော သမ္မာတရားကို ဖော်ပြရမည်။ သို့ရာတွင် ဤ သမ္မာတရားကို သခင်ခရစ်တော်၏ သဘောမျိုးနှင့် ဖော်ပြရမည်။ ကျွန်ုပ်တို့သည် တောခွေးများ အလယ်၌ သိုးများကဲ့သို့ ဖြစ်ရကြမည်။ သခင်ခရစ်တော်၏ အကျိုးအတွက် ကိုယ်တော် ပေးတော်မူသော သတိပေးစကားကို မလိုက်နာ၊ သည်းခံခြင်း၊ ကိုယ်ကို ချုပ်တည်းခြင်း မရှိသော သူသည် သခင်ဘုရားအတွက် အမှုဆောင်ရွက်ရန် အဖိုးတန်သော အခွင့်အရေးတို့ကို ဆုံးရှုံးလိမ့်မည်။ ဘုရားသခင်၏ ပညတ်တရားကို လွန်ကျူးသော သူတို့ တစ်ဖက်၌ ပြင်းထန်စွာ ပြောဆိုခြင်း အလုပ်ကို ထာဝရဘုရားက မိမိ၏ လူတို့အား ပေးတော်မမူ။ မည်သည့် နည်းနှင့်မျှ ကျွန်ုပ်တို့သည် အခြားသော အသင်းများကို တိုက်လှန်ခြင်း မပြုအပ်။CCB2 332.2

    ကျွန်ုပ်တို့၏ လုပ်ငန်းနှင့် လည်းကောင်း ကျမ်းစာ၏ ဥပုသ်နေ့နှင့် လည်းကောင်း ဆန့်ကျင့်နေကြသော သူတို့၏ စိတ်ထဲ၌ ငြူစူသော သဘောကို ပယ်ရှားရန် ကျွန်ုပ်တို့သည် တတ်နိုင်သမျှ ကြိုးစား ဆောင်ရွက်ရကြမည်။ 11T 229-238.CCB2 332.3