Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၅၉။—မှားသော လောကဓါတ်ပညာ - စာတန်၏ခေတ်အလင်းဝတ်လုံ။

    မှားသော လောကဓါတ်ပညာသည် ကောင်းကင်၌ စာတန် အသုံးပြုခဲ့သော ပညာ တစ်ခု ဖြစ်သည်။ ၎င်းပြင် ယခုခေတ်၌လည်း သူသည် ၎င်းကို အသုံးပြု၏။ ကောင်းကင်တမန်တို့အား မှားသော စကားများကို အခိုင်အမာ ပြောဆိုခြင်း လောကဓါတ်နှင့် ဆိုင်၍ သူ၏ ပါးနပ်စွာ ပြောဆိုချက်များအားဖြင့် သူသည် များစွာသော ကောင်းကင်တမန်တို့ကို သစ္စာဖောက်ရန် သွေးဆောင်လေပြီ။CCB2 339.1

    ကောင်းကင်၌ မိမိ၏ နေရာကို ဆုံးရှုံးပြီးနောက် စာတန်သည် ကျွန်ုပ်တို့၏ ရှေးဦးမိဘများကို သွေးဆောင်၏။ အာဒံ နှင့် ဧဝတို့သည် ရန်သူနောက်သို့ ပါသွားကြသဖြင့်၊ သူတို့၏ နားမထောင်ခြင်း အမှုကြောင့် လူသတ္တဝါတို့သည် ဘုရားသခင်ထံမှ စွန့်ပယ်ခြင်း ခံရကြ၏။ ၎င်းပြင် မြေကြီးသည် ကောင်းကင်နှင့် ခွဲခွာလျက် နေရလေပြီ။CCB2 339.2

    အာဒံ နှင့် ဧဝတို့သည် တားမြစ်ထားသော အပင်ကို ဘယ်အခါမျှ မကိုင်ဘဲနေကြလျှင်၊ ထာဝရဘုရားသည် သူတို့အား ပညာကို ပေးတော်မူမည်။ ထိုပညာပေါ်တွင် အပြစ်၏ ကျိန်ခြင်း မသက်ရောက်နိုင်ချေ။ ထိုပညာသည် သူတို့အား ထာဝရ အသက်ကို ပေးလိမ့်မည်။ သူတို့၏ နားမထောင်ခြင်းကြောင့် သူတို့ ရရှိသမျှသော အရာတို့မှာ အပြစ်ဒုစရိုက်နှင့် လည်းကောင်း၊ အပြစ်၏ ဆိုးကျိုးတို့နှင့် လည်းကောင်း ဆက်ဆံ အကျွမ်းဝင်ရခြင်း ဖြစ်သည်။CCB2 339.3

    စာတန်သည် ရှေးဦးမိဘတို့အား သွေးဆောင်သွားသော နေရာသည် ယခုခေတ်ရှိ လူများကို သွေးဆောင် ခေါ်ယူသွားနေသော နေရာမျိုးပင် ဖြစ်သည်။ သူသည် လောကတွင် နှစ်သက်ဖွယ်ကောင်းသော ဒဏ္ဍာရီများဖြင့် လွှမ်းမိုးနေစေပြီ။ အမျိုးမျိုးသော နည်းများကို စီမံခြင်းဖြင့် သူသည် လူတို့အား ကယ်တင်ခြင်း အကြောင်း ဖြစ်သော ဘုရားသခင်ကို သိကျွမ်းခြင်း ပညာကို မရရှိစေရန် တားဆီးလျက် ရှိ၏။18T 290;CCB2 339.4