Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ရွေးချယ်သော သူတို့ကိုပင် လှည့်ဖြားရန် အကြံအစည်။

    လောကတွင် ယုံမှားခြင်း သဘောများနှင့် ပြည့်ဝစေလျက်၊ ဘုရားသခင် နှင့် သဘာဝ အကြောင်း လိမ်လည်သော ဆင်ခြေတို့သည် ကျဆုံးသော ရန်သူကြီး၏ နှိုးဆော် သွန်သင်ချက် ဖြစ်ကြသည်။ သူ ကိုယ်တိုင်ပင် ကျမ်းစာကို ကောင်းစွာ လေ့လာထားသော သူ ဖြစ်၍ သမ္မာတရားသည် ၎င်းကိုလက်ခံသော သူတို့အတွက် လိုအပ်ကြောင်း သိရှိ၏။ လောကတွင် ဖြစ်ပျက်မည့် အကြောင်းအရာအတွက် လူတို့အား ပြင်ဆင်ရန် ပေးထားသော သမ္မာတရားကြီးများမှ လူတို့၏ စိတ်ကို လွဲသွားစေရန် သူသည် လ့လာနေ၏။CCB2 342.2

    ၁၈၄၄ ခုနှစ်တွင် အချိန်ကာလ လွန်သွားသောအခါ၊ ကျွန်ုပ်တို့သည် အယူသီးသော အမှု အမျိုးမျိုးကို တွေ့ရကြ၏။ ရုပ်နာမ်နှင့် ဆိုင်သောအယူအဆများကို စွဲကိုင်နေသော သူ အချို့အား ဖော်ပြရန် ဆုံးမစကားနှင့် ဆိုင်သော သက်သေခံချက်များကို ကျွန်ုပ်အား ပေး၏။CCB2 342.3

    ဘုရားတရားကို မကြည်ညိုသော သြဝါဒစကားများ နောက်တွင် အပြစ်ရှိသော အလေ့အကျင့်များ ပေါ်လာ၏။ ၎င်းသည် မုသာ၏ အဘက စီမံထားသော သွေးဆောင်သော ငါးစာ ဖြစ်၍ ကိုယ်ကိုကိုယ် စိတ်ကျေနပ်လျက် မသန့်ရှင်းသော သူ၌ နောင်တမရခြင်း အမှုကို ဖြစ်စေ၏။CCB2 342.4

    လွန်ခဲ့သော ကာလ၏ အဖြစ်အပျက်များသည် ပြန်၍ ဖြစ်ပေါ်လာလိမ့်မည်။ နောင်ကာလတွင် စာတန်၏ အယူသီးသော အလုပ်အကိုင်တို့သည် ပုံသဏ္ဍာန် တစ်မျိုးကို ဆောင်လိမ့်မည်။ အမှားများကို နှစ်သက်ဖွယ် ဖြစ်၍ မြှောက်ပင့်ပေးသော နည်းများဖြင့် ဖော်ပြလိမ့်မည်။ အလင်း၏ ဝတ်လုံကို ခြုံ လျက် မှားသော အယူအဆများကို ဘုရားသခင်၏ လူများအား ဖော်ပြလိမ့်မည်။ စာတန်သည် တတ်နိုင်လျှင် ထိုသို့အားဖြင့် ရွေးချယ်ထားသော သူတို့ကိုပင် လှည့်ဖြား သွေးဆောင်လိမ့်မည်။ အလွန် ဖြားယောင်းသော သြဇာတန်ခိုးကို အသုံးပြုလိမ့်မည်။ စိတ်များကို ဆွဲဆောင်သွားနိုင်ရန် ညှို့လိမ့်မည်။CCB2 342.5

    ရေမလွှမ်းမိုးမီ ကာလက ရှိသော သူတို့တွင် ရှိခဲ့သော အရာများ နည်းတူ၊ ပျက်စီးခြင်း အမျိုးမျိုးတို့သည် စိတ်များကို ဖမ်းချုပ်ရန် ပေါ်လာလိမ့်မည်။ သဘာဝကို ဘုရားကဲ့သို့ ချီးမြှောက်ခြင်း၊ လူ၏ အလိုဆန္ဒကို မတားဆီးနိုင်အောင် အလွန်အကျူး အခွင့်ပေးခြင်း၊ ဘုရားတရားကို မကြည်ညိုသော သူတို့၏ အကြံဉာဏ်များ တို့ကို အချို့သော ရည်ရွယ်ချက်များ ပြည့်စုံစေဖို့အတွက် စာတန်သည် အသုံးပြုလိမ့်မည်။ သူသည် မိမိ၏ အကြံအစည်များ ပြည့်စုံစေဖို့ စိတ်အပေါ်၌ စိတ်၏ တန်ခိုးကို အသုံးပြုလိမ့်မည်။ ဝမ်းနည်းဖွယ်ရာ အကောင်းဆုံး အကြံအစည် တစ်ခုမှာ၊ သူ၏ လှည့်ဖြားခြင်း တန်ခိုးကြောင့် လူတို့သည် ဘုရားသခင်နှင့် အကယ်ပင် ဆက်သွယ်မှု မရှိကြဘဲ၊ ဘုရားဝတ်ပြုကိုးကွယ် ယောင်ဆောင်ကြမည် အကြောင်းတည်း။ ကောင်းမကောင်း သိကျွမ်းရာ အပင်၏ အသီးကို စားသော အာဒံ နှင့် ဧဝတို့ကဲ့သို့ အများသော သူတို့သည် လှည့်ဖြားခြင်း အစာ တည်းဟူသော အမှားကို ယခု သုံးဆောင်နေကြသည်။CCB2 343.1

    ဧဒင်ဥယျာဉ်၌ စာတန်သည် မြွေအားဖြင့် စကားပြောလျက် ရှေးဦးမိဘများ ရှေ့၌ မိမိ၏ ပုံသဏ္ဍာန်ကို ဖုံးကွယ်ထားသည် နည်းတူ၊ စာတန်၏ ကိုယ်စားလှယ်များသည် မှားသော အယူအဆများကို နှစ်သက်ဖွယ် ဝတ်လုံဖြင့် ခြုံထားကြ၏။ ဤ ကိုယ်စားလှယ်များသည် လူတို့၏ စိတ်ထဲသို့ အမှန်အားဖြင့် သေဘေးသမျှ ကြောက်စရာကောင်းသော အမှားများ ဖြစ်သော အရာများကို သွင်းပေးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ရိုးရိုးမှ နှစ်သက်ဖွယ် ဒဏ္ဍာရီများသို့ လှည့်သွားသော သူတို့သည် စာတန်၏ အိပ်ငွေ့ချခြင်း တန်ခိုးကို ခံနေရကြလိမ့်မည်။CCB2 343.2

    စာတန်က လျှို့ဝှက်စွာ ဖမ်းရန် ကြံစည်ခြင်း ခံရသူများကား အလင်းတရားကို အများဆုံး ရရှိကြသော သူများ ဖြစ်ကြသည်။ သူတို့အား သူသည် လှည့်ဖြားနိုင်လျှင်၊ သူ၏ စိုးမိုးခြင်း ခံနေရလျက် သူတို့သည် အပြစ်ကို ဖြောင့် မတ်ခြင်း ဝတ်လုံဖြင့် ခြုံထားကြ၍ အများသော သူတို့ကို လမ်းလွဲစေကြလိမ့်မည်ကို စာတန် သိ၏။CCB2 343.3

    သတိနှင့် ကာကွယ်ထားကြပါဟု ကျွန်ုပ်က အားလုံးကို ပြောဆိုလိုပါသည်။ အကြောင်းမူကား လင်းသော ကောင်းကင်တမန်၏ အယောင်ကို ဆောင်လျက် စာတန်သည် ခရစ်ယာန် အမှုတော်ဆောင်တို့၏ စည်းဝေးတိုင်းတွင် လှည့်လည်နေ၏။ ၎င်းပြင် အသင်းသားများကို မိမိ ဘက်သို့ ပါလာစေရန် သွေးဆောင်လျက် အသင်းတော်တိုင်းတွင် သွားလာနေ၏။ “အလွဲမယူကြနှင့်၊ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ” ဟု ဘုရားသခင်၏ လူများတို့အား သတိပေးဖို့ ကျွန်ုပ်သည် စေခိုင်းခြင်း ခံရ၏။ ဂလာ၊ ၆၊ ၇။38T 292-294;CCB2 344.1