Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၆၀။—စာတန်၏ လှည့်ဖြားသော အံ့သြဖွယ်ရာများ။

    ခေတ်ကာလ နတ်ဝိဇ္ဇာ အတတ်ပညာနှင့် အထူး သက်ဆိုင်သဖြင့် ဤ ကျမ်းချက်ကို ကျွန်ုပ်အား ညွှန်ပြထားပါသည်။ ကော၊ ၂: ၈။”ခရစ်တော်၏ တရားကို မလိုက်၊ လူ အဆက်ဆက် ခံသော နည်းဥပဒေ နှင့် လောကီတရားနုကို လိုက်၍၊ လောကီ ပညာနှင့် အချည်းနှီးသော ပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှ မလုယူ မဖျက်ဆီးစေခြင်းငှါ သတိပြုကြလော့။” ထောင်ပေါင်းများစွာသော သူတို့သည် ဦးခေါင်းဖုများ ကြည့်၍ ဟောသော အတတ်ပညာ၊ အိပ်မွေ့ချ အတတ်ပညာတို့အားဖြင့် ပျက်စီးကြလျက် ဘုရားတရားကို မယုံကြည်သော အဖြစ်သို့ ရောက်သွားတတ်ကြသည်ကို ကျွန်ုပ်အား ဖော်ပြထား၏။ စိတ်သည် ဤသို့သော လမ်းကြောင်းတွင် အစပြု သွားနေရလျှင်၊ ၎င်းသည် တည်ငြိမ် မြဲမြံခြင်း မရှိသဖြင့်၊ နတ်ဆိုးသည် ၎င်းကို စိုးမိုး အုပ်ချုပ်လာလိမ့်မည်။ သနားစရာကောင်း၍ သေတတ်သော လူ၏ စိတ်တွင် “အချည်းနှီးသော ပရိယာယ်” နှင့် ပြည့်လာ၏။ သူတို့ ကိုယ်တိုင်၌ ကြီးကျယ်သော အမှုများကို ပြီးမြောက်အောင် ပြုလုပ်နိုင်ရန် ထိုသို့သော တန်ခိုးများ ရှိနေသဖြင့်၊ သာ၍ ကြီးမြတ်သော တန်ခိုးကို မလိုဟု ထင်မှတ်ကြ၏။ သူတို့၏ အခြေခံ တရားများ နှင့် ယုံကြည်ခြင်း တရားများမှာ၊ “ခရစ်တော်၏ တရားကို မလိုက်၊ လူ အဆက်ဆက် ခံသော နည်းဥပဒေ နှင့် လောကီ တရားနုကို လိုက်” ကြ၏။CCB2 354.1

    သခင်ယေရှုက သူတို့အား ဤ အတတ်ပညာကို သင်ပေးတော်မမူ။ ကိုယ်တော်၏ သြဝါဒများတွင် ဤကဲ့သို့သော အရာမျိုးကို တစ်ခုမျှ မတွေ့နိုင်။ သနားစရာကောင်း၍ သေတတ်သော သူတို့၏ စိတ်ကို သူတို့ ကိုယ်တိုင်သို့ လည်းကောင်း၊ သူတို့ ရရှိသော တန်ခိုး တစ်စုံတစ်ခုသို့ လည်းကောင်း ကိုယ်တော်က ညွှန်ပြတော်မမူ။ စကြာဝဠာကို ဖန်ဆင်းတော်မူသော အရှင်၊ ဘုရားသခင်အား သူတို့၏ ခွန်အား နှင့် ပညာကို မူလကပင် ချပေးတော်မူသော အရှင် အဖြစ် သူတို့၏ စိတ်ကို အမြဲ ညွှန်ပြလျက် နေတော်မူ၏။ ငယ် ၁၈ တွင် အထူး သတိပေးထားတော်မူ၏။ “ဇာတိကပတိ၏ စိတ်နှလုံး အချည်းနှီး ထောင်လွှားလျက်၊ မိမိ မသိမမြင်သော အရာကို စူးစမ်းလျက်၊ စိတ်နှိမ့်ချခြင်း၌ လည်းကောင်း၊ ကောင်းကင်တမန်တို့ကို ကိုး ကွယ်ခြင်း၌ လည်းကောင်း မွေ့လျော်သော သူ တစ်စုံတစ်ယောက်မျှ သင်တို့ ဆုကို မလုမယူစေနှင့်။”CCB2 354.2

    နတ်ဝိဇ္ဇာ ဆရာများတို့သည် နှစ်သက်ဖွယ် ပြုစားသော နည်းဖြင့် သင်တို့ကို လှည့်ဖြားလိမ့်မည်၊ ၎င်းပြင် သူတို့၏ ယုံတမ်းစကားများကို နားထောင်လျှင်၊ သင်သည် ဖြောင့်မတ်ခြင်း၏ ရန်သူအားဖြင့် လှည့်ဖြားခြင်းကို ခံရသဖြင့်၊ သင်၏ ဆုကို အမှန်ပင် ဆုံးရှုံးလိမ့်မည်။ လှည့်ဖြားသော သူ၏ မက်မောစရာ ကောင်းသော သြဇာသည် သင့်ကို အောင်မြင်သောအခါ၊ သင်သည် အဆိပ် ဖြစ်သွား၍ ၎င်း၏ ဘေးဖြစ်စေသော သတ္တိအားဖြင့် သခင်ခရစ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူကြောင်းကို ယုံကြည်ခြင်း သဘောကို ယုတ်ညံ့ ပျက်စီးသွားစေ၏။ ၎င်းပြင် သင်သည် ကိုယ်တော်၏ အသွေးတော်နှင့် ဆိုင်သော ကုသိုလ် ကောင်းမှုကို အားကိုးခြင်း မရှိတော့ချေ။ ဤ အတတ်ပညာအားဖြင့် လှည့်ဖြားခြင်း ခံရသော သူတို့သည် စာတန်၏ လှည့်စားခြင်းဖြင့် မိမိတို့၏ ဆုများကို လုယူခြင်း ခံရကြ၏။ မိမိတို့၏ ကုသိုလ်ကောင်းမှုကို အားကိုးနေကြသော သူတို့သည် အလိုအလျောက် နှိမ့်ချခြင်း အမှုကို ကျင့်ကြလျက်၊ မိမိတို့ ကိုယ်ကို အနစ်အနာခံဖို့ပင် အလိုရှိကြပြီ။ မိမိတို့ ကိုယ်ကို ယုတ်ညံ့စေကြသည်။ ၎င်းပြင် မိမိတို့၏ စိတ်ကို အလွန်အမင် အကျိုးမရှိသော အရာတို့ကို ယုံကြည်စေကြပြီး၊ မိမိတို့ အယုံ ရှိနေသော သေလွန်သော မိတ်ဆွေတို့၏ အလွန် မဟုတ်မမှန်သော အထင်အမြင် အယူအဆတို့ကို လက်ခံနေကြ၏။ စာတန်သည် သူတို့၏ မျက်စိကို ကန်းစေလျက် ဝေဖန် ပိုင်းခြားနိုင်သော ဉာဏ်ကို လွဲမှားစေသဖြင့်၊ သူတို့သည် ဆိုးသော အမှုကို မမြင်ကြချေ။ မြင့်သော ဘုံတွင် ယခု ကောင်းကင်တမန်များ ဖြစ်နေကြသော၊ သူတို့၏ သေလွန်သော မိတ်ဆွေများထံမှ လာသည်ဟု ထင်ရသော သွန်သင်ချက်တို့ကို သူတို့သည် လိုက်နာကြ၏။ 11T 297, 298;CCB2 355.1

    ကျွန်ုပ်တို့သည် စာတန်၏ အယုံသွင်းမှု နှင့် အကြံဉာဏ်များကို တားဆီး ကန့်ကွက်ရန် အဘက်ဘက်က ကြိုးစားလျက် ကာကွယ်ထားရမည်ကို ကျွန်ုပ်အား ဖော်ပြထား၏။ စာတန်သည် မိမိ ကိုယ်ကို လင်းသော ကောင်းကင်တမန် အဖြစ် ပြောင်းလဲလျက် ထောင်ပေါင်းများစွာသော သူတို့ကို လှည့်ဖြား၍ ဖမ်းဆီး ယူဆောင်သွားနေ၏။ လူတို့၏ လောကဓါတ်ပညာအားဖြင့် သူ ရရှိ နေသော အခွင့်အရေးသည် အလွန် ကြီးမား၏။ ဦးခေါင်းဖုများ ကြည့်၍ ဟောသော ပညာ၊ စိတ်ဝိညာဉ်နှင့် ဆိုင်ရာ ပညာ နှင့် ညှို့သော အတတ်ပညာများအားဖြင့် ဤ ခေတ်ကာလရှိ လူမျိုးတို့ထံသို့ သူသည် တိုက်ရိုက် ချဉ်းကပ်၍ စုံစမ်းရာ ကာလ အဆုံး၌ သူ၏ လုပ်ငန်းကို ထင်ရှားစေသော တန်ခိုးဖြင့် ကြိုးစား ဆောင်ရွက်လေသည်။21T 290;CCB2 355.2

    အိပ်မွေ့ချခြင်း ဟူသော စကားကို အသုံးမပြုမီ၊ ညှို့သော အတတ်ပညာ၊ ဆွဲငင်သော ပညာ၊ ညှို့၍ အိပ်စေသော ပညာ နှင့် ညှို့၍ ကုသသော အရာ ဟူသော စကားများကို လည်းကောင်း အတတ်နှင့် စပ်ဆိုင်၍ စာရေးသူ နှင့် ဟောပြောသူများက သုံးတတ်ကြသည်။CCB2 356.1