Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တစ်စုံတစ်ယောက်၏ စိတ်ကို အခြားသူက ချုပ်ချယ်ရန် အခွင့်ပေးခြင်း။

    အခြားသူ၏ စိတ်ကို စိုးမိုး ချုပ်ချယ်ထားခြင်းဖြင့် သူ၌ များစွာ အကျိုးကျေးဇူး ခံစားရလိမ့်မည်ဟု ထင်မှတ်လျက်၊ မည်သူမျှ ထိုသို့ ပြုခွင့် မရှိ။ တစ်စုံတစ်ယောက် အပေါ်၌ အသုံးပြုနိုင်သော စိတ်ကို ကုစားခြင်း အတတ်သည် အလွန် ကြောက်စရာ ကောင်းသော လှည့်စားခြင်း အတတ် တစ်ခု ဖြစ်သည်။ ခဏသာ သက်သာခြင်း တွေ့ရသော်လည်း၊ ထိုသို့ ချုပ်ချယ်ခြင်း ခံရသော သူ၏ စိတ်သည် ဘယ်အခါမျှ ခိုင်ခံ့ခြင်း မရှိသဖြင့် အားမကိုးနိုင်တော့ချေ။ ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ ဝတ်လုံ အနားသို့ တို့သော မိန်းမလောက် အားနည်းကောင်း အားနည်းကြလိမ့်မည်။ သို့ရာတွင် ကျွန်ုပ်တို့သည် ကိုယ်တော်ထံ ယုံကြည်ခြင်းနှင့် ချဉ်းကပ်ရန် ဘုရားသခင် ပေးတော်မူသော အခွင့်အရေးကို အသုံးပြုကြလျှင်၊ ယုံကြည်ခြင်းနှင့် တို့သော သူအား အကျိုးပေးတော်မူသကဲ့သို့၊ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုလည်း ချက်ချင်း အကျိုးပေးတော်မူမည်။CCB2 356.2

    လူတစ်စုံတစ်ယောက်သည် မိမိ၏ စိတ်ကို အခြားသူအား ပေးအပ်စေဖို့ ဘုရားသခင်က စီမံထားတော်မမူ၊ ယခု ခမည်းတော်၏ လက်ျာဘက်၌ ပလ္လင်ပေါ်တွင် ထိုင်နေတော်မူ၍ ထမြောက်တော်မူသော သခင်ခရစ်တော်သည် တန်ခိုးကြီးသော အနာ ပျောက်စေသူ ဖြစ်တော်မူ၏။ အနာ ရောဂါမှ ချမ်းသာခြင်း တန်ခိုးကို ရရှိရန် ကိုယ်တော်ကို ကြည့်ပါ။ ကိုယ်တော်အားဖြင့်သာ၊ မိမိတို့၌ ရှိနေသော အခြေအနေအတိုင်း အပြစ်သားတို့သည် ဘုရားသခင် ထံသို့ ချည်းကပ်နိုင်ကြသည်။ တစ်စုံတစ်ယောက်သော သူ၏ စိတ်အားဖြင့် ဘယ်အခါမျှ သူတို့သည် မချဉ်းကပ်နိုင်ကြ။ ကောင်းကင် ကိုယ်စားတော်များ နှင့် ဒုက္ခခံနေရသော သူတို့ စပ်ကြားတွင် မည်သည့် လူ ကိုယ်စားလှယ်မျှ ကြားဝင်၍ မကူညီရ။CCB2 356.3

    အခြားသော သူ၏ စိတ်ကို ဘုရားသခင် ထံသို့ ညွှန်ပြပေးရာ၌ လူတိုင်း ဘုရားသခင် နှင့်အတူ ကူညီ ဆောင်ရွက်နိုင်သော အခြေအနေ၌ ရှိရမည်။ အမြတ်ဆုံး သမားတော်ကြီး ဖြစ်ကြောင်း လောကသည် သိရှိဘူးသော ကိုယ်တော်၏ ကျေးဇူးတော် နှင့် တန်ခိုးတော်ကို သူတို့အား ပြောပြလော့။CCB2 357.1

    လူ တစ်စုံတစ်ယောက်၏ စိတ်အားဖြင့် ချုပ်ချယ်ခြင်း ခံနေစေဖို့ ကျွန်ုပ်တို့က သင့်အား မပြောလိုပါ။ စိတ်ကို ကုစားခြင်း အမှုသည် တွေ့ကြုံခဲ့ရသော အရာတို့တွင် အလွန် ကြောက်စရာ ကောင်းသော လောကဓါတ်ပညာ ဖြစ်သည်။ မိမိ၏ ဆိုးသော အကြံအစည်အားဖြင့် ဆိုးသော သူတိုင်းသည် ၎င်းကို အသုံးပြုနိုင်၏။ ကျွန်ုပ်တို့သည် ထိုသို့သော လောကဓါတ်ပညာနှင့် အနည်းငယ်မျှ မပတ်သက်ရ။ ကျွန်ုပ်တို့သည် ၎င်းကို ကြောက်လန့်ရကြမည်။ အဖွဲ့အစည်း တစ်စုံတစ်ခုထဲသို့မျှ ၎င်း၏ ပထမ စည်းကမ်း ဥပဒေများကို ဘယ်အခါမျှ ယူဆောင် မလာရ။3MM 115, 116;CCB2 357.2

    ဆုတောင်းခြင်း မပြုဘဲ နေခြင်းအားဖြင့် လူတို့အား မိမိ၏ ခွန်အားကို မှီခိုစေ၏။ ၎င်းပြင် သွေးဆောင်ခြင်းသို့ ပါစေရန် လမ်းဖွင့်ပေး၏။ အများအားဖြင့် လောကဓါတ်ပညာအားဖြင့် စူးစမ်း ရှာဖွေခြင်း အမှုကို ပြုလုပ်ရန် စိတ်ကူး ကြံစည်နေကြသည်။ ၎င်းပြင် လူတို့သည် မိမိတို့၏ အစွမ်းသတ္တိများကို သိရှိလာကြသဖြင့် အထင်ကြီးနေကြသည်။ လူတို့၏ စိတ်ကို ပြုပြင်နေသော လောကဓါတ်ပညာများကို အလွန်ပင် ချီးမြှောက်နေကြ၏။ ၎င်းတို့သည် သူတို့ နေရာနှင့် ကောင်းကြသော်လည်း၊ စာတန်က ဝိညာဉ်တို့ကို လှည့်ဖြား ဖျက်ဆီးရန် ၎င်းတို့ကို မိမိ၏ တန်ခိုးကြီးသော အသုံးအဆောင်များကဲ့သို့ အသုံးပြုလေပြီ။ သူ၏ အတတ်ပညာများကို ကောင်းကင်မှ လာသကဲ့သို့ လက်ခံကြ၏။ ၎င်းပြင် ထိုသို့အားဖြင့် သူ အလိုရှိသည် အတိုင်း သူ့ကို ကိုးကွယ်ကြ၏။ ဦးခေါင်းဖုများကို ကြည့်၍ ဟောသော ပညာနှင့် ညှို့၍ အိပ်စေသော ပညာ အားဖြင့် အကျိုးခံစားနေရသည် ဆိုသော လောကသည် ယခုခေတ်လောက် ဘယ်အခါကမျှ မပျက်စီးခဲ့ဘူးချေ။ ဤ လောကဓါတ်ပညာများအားဖြင့် အကျင့်သီလသည် ပျက်စီး၍ နတ်ဝိဇ္ဇာအတတ်သည် အခြေအမြစ် တည်လာ၏။4ST No. 6, 1884;CCB2 357.3