Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မုန်တိုင်းအတွက် ပြင်ဆင်ခြင်း။

    မိမိ၏ လူများတို့သည် ဆန့်ကျင်ဖက်ပြုခြင်း၊ အမျက်ဒေါသထွက်ခြင်း တည်းဟူသော မုန်တိုင်းအတွက် ခံရပ်နိုင်ရန် ပြင်ဆင်ခြင်း ရှိမည် အကြောင်း၊ နောက်ဆုံး ကာလ၌ အဘယ်သို့ ဖြစ်ပျက်မည်ကို ဘုရားသခင်က ဖော်ပြတော်မူခဲ့ပြီ။ ဒုက္ခရောက်သော ကာလ၌ ထာဝရဘုရားသည် မိမိ၏ သစ္စာရှိသော သူတို့အား ကာကွယ်တော်မူမည်ဟု မိမိတို့ ကိုယ်ကို စိတ်သက်သာစေလျက်၊ အဖြစ်အပျက်များ အကြောင်းကို သတိပေးခြင်း ခံရသော သူတို့သည် ရောက်လာမည့် မုန်တိုင်းအတွက် အေးဆေးစွာ ထိုင်မနေအပ်ကြချေ။ ကျွန်ုပ်တို့သည် ပျင်းရိခြင်း မရှိကြဘဲ တည်ငြိမ်သော ယုံကြည်ခြင်းဖြင့် စိတ်အားကြီးစွာ အမှုဆောင်ရွက်ကြလျက်၊ မိမိတို့၏ သခင်ဘုရားကို မျှော်လင့်နေကြသော သူများကဲ့သို့ ဖြစ်ရကြမည်။ ယခုအချိန်သည် ကျွန်ုပ်တို့၏ စိတ်ကို အရေးမကြီးသော အရာများတို့၌ စွဲလမ်းနေစေဖို့ ခွင့်ပြုရသော အချိန် မဟုတ်။ လူများတို့သည် အိပ်ပျော်နေကြစဉ်၊ ထာဝရဘုရား၏ လူများတို့၌ ကရုဏာ နှင့် ဖြောင့်မတ်ခြင်းတရားကို မရရှိစေခြင်းငှါ စာတန်သည် အမှုကိစ္စများကို ကြိုးစား စီမံနေ၏။ တနင်္ဂနွေနေ့ ဥပဒေနှင့် ဆိုင်သော လုပ်ငန်းကို ယခု မှောင်မိုက်တွင် အစပြု လုပ်ဆောင်နေပြီ။ ခေါင်းဆောင်များသည် အမှန် ထွက်ပေါ်လာမည့် အရာကို ဖုံးကွယ်နေကြ၍ လုပ်ငန်း၌ ပူးပေါင်း ဆောင်ရွက်နေသော သူ အများပင် မြှပ်နေသော သဘောသည် မည်ကဲ့သို့ ဖြစ်မည်ကို မိမိတို့ ကိုယ်တိုင် မသိမမြင်နိုင်ကြ။ ၎င်း၏ ဝန်ခံချက်များသည် နူးညံ့၍ ခရစ်ယာန် သဘော သက်ဝင်သည်ဟု ထင်ရ၏။ သို့ရာတွင် ၎င်းက ဖော်ပြ ပြောဆိုသောအခါ၊ နဂါး၏ သဘောကို ထင်ရှားစေလိမ့်မည်။CCB2 366.1

    ဆာလံဆရာက၊ “အကယ်စင်စစ် လူတို့၏ ဒေါသသည် ကိုယ်တော်ကို ချီးမွမ်းလိမ့်မည်။ ကြွင်းသော ဒေါသကိုလည်း ခါးပန်း စည်းတော်မူမည်” ဟု ဆိုထား၏။ ဆာ၊ ၇၆: ၁၀။ စုံစမ်း စစ်ဆေးသော သမ္မာတရားသည် ရှေ့သို့ ပေါ်လာ၍ မထီလေးစားပြုခြင်း ခံရသော်လည်း၊ ၎င်းကို စစ်ဆေးရှာဖွေ၍ ၎င်းအကြောင်းကို ဆွေးနွေးကြလိမ့်မည်ဟု ဘုရားသခင်က ဆိုလိုတော်မူ၏။ လူတို့၏ စိတ်သည် လှုပ်ရှားနေရကြလိမ့်မည်။ ငြင်းခုံခြင်း၊ ကဲ့ရဲ့ ပြစ်တင်ခြင်း၊ အတင်းပြောဆိုခြင်း ရှိသမျှတို့ကား၊ အိပ်ပျော်နေကြမည့် စိတ်တို့ကို မေးမြန်း စုံစမ်း၍ နိုးကြားလာကြစေရန် ဘုရားသခင် စီမံတော်မူသော နည်းများ ဖြစ်၏။45T 452, 453;CCB2 366.2

    ကျွန်ုပ်တို့သည် လူ တစ်မျိုး အဖြစ်နှင့် ဘုရားသခင် အပ်ပေးထားသော အလုပ်ကို မပြီးမြောက်ကြသေး။ တနင်္ဂနွေနေ့ ဥပဒေကို အတည်ပြုခြင်းဖြင့် ဖြစ်ပေါ်လာမည့် အခြေအနေအတွက် ကျွန်ုပ်တို့သည် အသင့် မရှိကြချေ။ ရောက်လာမည့် ဘေးဥပဒ်၏ နိမိတ်များကို ကျွန်ုပ်တို့သည် မြင်ရကြသောအခါ၊ ကျွန်ုပ်တို့၌ လှုပ်ရှား ထကြွလာဖို့ တာဝန် ရှိပေသည်။ အနာဂတ် စကားက ဖော်ပြထားသောကြောင့်၊ ဤ အမှုသည် ဖြစ်ရလိမ့်မည်။ ၎င်းပြင် ထာဝရဘုရားသည် မိမိ၏ လူများကို ကာကွယ်လိမ့်မည်။ ယုံကြည်ခြင်းနှင့် စိတ်ချနေကြပြီး မည်သူမျှ ရောက်လာမည့် ဘေးအတွက် အေးဆေးစွာ ထိုင်မနေအပ်။ သြတ္တပ္ပစိတ်၏ လွတ်လပ်မှုကို ထိန်းသိမ်းရန် ဘာမျှ မပြုလုပ်ဘဲ အေးဆေးစွာ ထိုင်နေလျှင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်နေကြသည် မဟုတ်။ ကြာမြင့်စွာ ဂရုမစိုက်ဘဲ ထားသော အလုပ်ကို ပြီးမြောက်စေသည်တိုင်အောင် ဤ ဘေးဒုက္ခကို ရွှေးဆိုင်းထားတော်မူမည် အကြောင်း၊ စိတ်အားကြီးစွာ အကျိုး ဖြစ်ထွန်းစေရအောင် ကောင်းကင်သို့ ဆုတောင်းကြရမည်။ အလွန် စိတ်အားကြီးစွာ ဆုတောင်းကြစို့။ ထိုနောက် ဆုတောင်းသည်နှင့် အညီ အမှုတော်ကို ဆောင်ရွက်ကြစို့။ စာတန်သည် အောင်မြင်နေသည်ဟု ထင်ရ၏။ ၎င်းပြင် သမ္မာတရားသည် မုသာ နှင့် အမှားများဖြင့် ဖိနှိပ်ခြင်း ခံနေရသည်ဟု ထင်ရ၏။ သို့ရာတွင် လွန်ခဲ့သော ကာလ၌ မိမိတို့၏ ရန်သူများမှ ကင်းလွတ်စေရန် ဘုရားသခင် ပြုတော်မူသော အမှုတို့ကို ပြန်၍ သတိရစေရန် အလိုရှိတော်မူ၏။ စာတန်၏ အလုပ်များမှ လွတ်ကင်းခွင့် မရနိုင်ဟု ထင်ရသောအခါ၊ ဘုရားသခင်သည် မိမိ၏ တန်ခိုးတော်ကို ပြရန် အကြီးဆုံးသော အမှုများကို အမြဲ ရွေးချယ်တော်မူ၏။ လူ၏ လိုအပ်သော အရာသည် ဘုရားသခင်၏ အခွင့်အရေး ဖြစ်လာ၏။CCB2 367.1

    ညီအစ်ကို မောင်နှမများတို့၊ သင်တို့၏ ကယ်တင်ခြင်း နှင့်တကွ အခြား ဝိညာဉ်တို့၏ ကံကြမ္မာသည် ကျွန်ုပ်တို့ ရှေ့၌ ရှိသော စုံစမ်းခြင်းအတွက် ယခု သင် ပြုလုပ်သော ပြင်ဆင်ခြင်း အပေါ်၌ မှီခိုသည်ကို သင် သိနားလည်ပါသလော။ သင်သည် တားဆီး ကန့်ကွက်ခြင်းများနှင့် တွေ့ကြုံသောအခါ၊ ခံရပ်နိုင်မည် အကြောင်း သင်၌ ထိုစိတ်အား ထက်သန်မှု၊ ဘုရားတရား၌ ကြည်ညို လေးစားသော ထိုစိတ်မျိုး ရှိသလော။ ဘုရားသခင်သည် ကျွန်ုပ်အား ဖော်ပြတော်မူခဲ့ဘူးလျှင်၊ သင်သည် လွှတ်တော်များ ရှေ့သို့ ယူဆောင်ခြင်း ခံရလျက် သင် ယုံကြည်သော သမ္မာတရား အမျိုးမျိုးတို့ကို စစ်ဆေး ဝေဖန်မည့် အချိန်သည် ရောက်လာလိမ့်မည်။ အများသော သူတို့သည် ယခု အချည်းနှီး ဖြုန်းတီးနေကြသော အချိန်ကို လာလတ္တံ့သော အရေးဆိုက်ရာ ကာလအတွက် ပြင်ဆင်ခြင်း ရှိရန် ဘုရားသခင် ပေးထားတော်မူသော တာဝန်ကို ဆောင်ရွက်ခြင်းဖြင့် အသုံးပြုရကြမည်။55T 713-717;CCB2 367.2