Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စစ်တပ်ကြီး နှစ်ခု။

    ရူပါရုံ၌ ပြင်းထန်စွာ တိုက်ခိုက်နေသော စစ်တပ်ကြီး နှစ်ခုကို ကျွန်ုပ် မြင်ရ၏။ စစ်တပ် တစ်ခုကို လောက အထိမ်းအမှတ် ပါသော အလံများက လမ်းပြလာ၏။ အခြား စစ်တပ်ကို ဧမာနွေလမင်း၏ အသွေးစွန်းသော အလံတော်က ရှေ့ဆောင် လမ်းပြလာ၏။ ထာဝရဘုရား၏ စစ်တပ်မှ လူ တစ်စုပြီး တစ်စုသည် ရန်သူဘက်သို့ ရောက်ရှိသွား၍ ရန်သူဘက်မှ လူ တစ်မျိုးပြီး တစ်မျိုးတို့သည် ပညတ်တော်ကို စောင့်သော ဘုရားသခင်၏ လူများဘက်သို့ ပူးပေါင်းသွားသောအခါ၊ အလံ တစ်ခုပြီး တစ်ခု မြေကြီးပေါ်၌ ကျကျန်ရစ်ခဲ့ကြ၏။ ကောင်း ကင်၌ ပျံဝဲနေသော ကောင်းကင်တမန် တစ်ပါးသည် ဏမာနွေလ၏ အလံတော်ကို လူအများ၏ လက်ထဲသို့ ထည့်ပေးစဉ်၊ ခွန်အားကြီးသော ဗိုလ်ချုပ်ကြီးက ကျယ်သော အသံနှင့် ဤကဲ့သို့ ကြွေးကြော်တော်မူ၏။ စစ်တပ်ထဲသို့ လာကြလော့။ ဘုရားသခင်၏ ပညတ်တော် နှင့် သခင်ခရစ်တော်၏ သက်သေခံချက်၌ သစ္စာစောင့်သော သူတို့သည် မိမိတို့ နေရာ၌ ယခု တည်ရှိနေကြစေ။ သူတို့ အထဲမှ ထွက်၍ အသီးအခြား နေကြလော့၊ မသန့်ရှင်းသော အရာကို လက်နှင့်မျှ မတို့ကြနှင့်။ ၎င်းပြင် ငါသည် သင်တို့ကို လက်ခံ၍ သင်တို့၏ အဘခမည်းတော် ဖြစ်၍ သင်တို့သည် ငါ၏ သားသမီး ဖြစ်ကြလိမ့်မည်။ ထာဝရဘုရား၏ အကူအညီကို အလိုရှိသော သူ၊ အားကြီးသော သူ တစ်ဘက်၌ ထာဝရဘုရား၏ အကူအညီကို အလိုရှိသော သူ အပေါင်းတို့၊ လာကြပါစေ။CCB2 375.2

    ယခု အသင်းတော်သည် စစ်မှုကို ဆောင်ရွက်နေ၏။ ယခု ကျွန်ုပ်တို့သည် သန်းခေါင်ယံ မှောင်မိုက်တွင် ရှိလျက် လုံးလုံးလိုပင် ရုပ်ဆင်းတု ကိုးကွယ်သော လောကကြီးနှင့် ရင်ဆိုင်နေရကြသည်။ သို့ရာတွင် စစ်ပွဲကို တိုက်လှန်ပြီး၍ အောင်မြင်သော နေ့သည် ရောက်လာလိမ့်မည်။ ဘုရားသခင်၏ အလိုတော်သည် ကောင်းကင်၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌လည်း ပြည့်စုံရလိမ့်မည်။ ထိုအခါ လူမျိုးတို့၌ ကောင်းကင်၏ ပညတ်တရား အပြင် အခြား ပညတ်တရား တစ်စုံတစ်ခုကိုမျှ ပိုင်ဆိုင်ရရှိကြမည် မဟုတ်။ လူအပေါင်းတို့သည် ပျော်ရွှင်ကြလျက် စည်းလုံးသော အိမ်ထောင် ဖြစ်၍ ကျေးဇူးတော် ချီးမွမ်းခြင်း ဝတ်လုံ၊ သခင်ခရစ်တော်၏ ဖြောင့်မတ်ခြင်း ဝတ်လုံတို့ကို ဝတ်ဆင်ထားကြလိမ့်မည်။ သဘာဝ အားလုံးသည် ထူးကဲသော တင့်တယ်ခြင်းနှင့် ပြည့်ဝလျက် ဘုရားသခင်၏ ကျေးဇူးတော်ကို အမြဲ ချီးမွမ်းလျက် ရိုသေလေးစားခြင်း ရှိလိမ့်မည်။ လောကသည် ကောင်းကင် အလင်းနှင့် ဖုံးလွှမ်းနေလိမ့်မည်။ နှစ်များသည် ဝမ်းမြောက်ခြင်းနှင့် ကုန်လွန်သွားလိမ့်မည်။ လ၏ အလင်းရောင်သည် နေ၏ အလင်းရောင်ကဲ့သို့ ဖြစ်၍ နေ၏ အလင်းသည် ယခုထက် ခုနစ်ဆ ပို လင်းလိမ့်မည်။ ရှုခင်း အပေါ်တွင် နံနက်ကြယ်တို့သည် အတူတကွ သီချင်းဆိုလျက် ဘုရားသခင်၏ သားတို့သည် ဝမ်းမြောက်ခြင်းနှင့် ကြွေးကြော်ကြလိမ့်မည်။ ထိုအခါ ဘုရားသခင် နှင့် သခင်ခရစ်တော်တို့က၊ နောက်တစ်ဖန် အပြစ်ဒုစရိုက် မရှိရ၊ သေခြင်းလည်း မရှိရဟု အတူတကွ ကြွေးကြော်တော်မူကြလိမ့်မည်။CCB2 376.1

    ဤ ရှုခင်းကို ကျွန်ုပ်အား ဖော်ပြ၏။ သို့ရာတွင် အသင်းတော်သည် မြင်ရသော ရန်သူတို့ကို တိုက်ခိုက်ရလိမ့်မည်။ စာတန်၏ ကိုယ်စားလှယ် ဖြစ်သော လူတို့သည် မြေကြီးပေါ်၌ ရှိကြ၏။ လူတို့သည် ဗိုလ်ခြေတို့၏ ထာဝရဘုရားအား ဆန့်ကျင်ဖက်ပြုရန် သင်းဖွဲ့ကြပြီ။ သခင်ခရစ်တော်သည် ကရုဏာ ပလ္လင်တော် ရှေ့၌ ဖြန်ဖြေခြင်း အမှုကို ပြုလုပ်နေရာမှ ထွက်လာ၍ လက်စားချေခြင်း ဝတ်လုံကို ဝတ်တော်မူမည့် အချိန်တိုင်အောင် ဤကဲ့သို့ သင်းဖွဲ့ခြင်း အမှုများသည် ဆက်လက် တည်ရှိနေလိမ့်မည်။ စာတန်၏ ကိုယ်စားလှယ်များသည် မြို့ကြီးတိုင်းတွင် ဘုရားသခင်၏ ပညတ်တော်ကို ဆန့်ကျင်သော ပါတီ အဖွဲ့အစည်းများ အဖြစ် မအားလပ်ဘဲ ဖွဲ့စည်းနေကြလိမ့်မည်။ သန့်ရှင်းသည်ဟု ဆိုသော သူများ နှင့် မယုံကြည်ဟု စိတ်ဆုံးဖြတ်သော သူတို့သည် ဤ အဖွဲ့အစည်းများနှင့် ပူးပေါင်းနေကြ၏။ ဤ အချိန်သည် ဘုရားသခင်၏ လူများ၌ အားနည်းနေဖို့ အချိန် မဟုတ်။ ကျွန်ုပ်တို့သည် ကာကွယ် စောင့်ရှောက်နေခြင်း အမှုကို တစ်ခဏမျှ သတိမလစ်နိုင်ကြ။48T 41, 42.CCB2 377.1

    * * * * *