Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသစ်သော အလင်းဟု ခေါ်သော အရာသည အများသော သူတို့ကို လှည့်ဖြားလိမ့်မည်။

    မြေကြီးပေါ်သို့ ရောက်လာမည့် ပျက်စီးခြင်းတွင် ဘုရားသခင်၏ ကျန်ကြွင်းသော သူတို့သည် ပါဝင်စေရန် စာတန်သည် မျှော်လင့်၏။ သခင်ခရစ်တော် ကြွလာတော်မူချိန်သည် နီးကပ်လာသောအခါ၊ သူတို့ကို ဖျက်ဆီးရန် စာတန်သည် သာ၍ စိတ်ပြဋ္ဌာန်းလျက် သေချာစွာ ကြိုးစား အားထုတ်လိမ့်မည်။ ယောက်ျား၊ မိန်းမတို့သည် အသစ်သော အလင်း အချို့ သို့မဟုတ် အသစ်သော ဗျာဒိတ်၏ အချို့ကို ရရှိကြသည်ဟု ဆိုလျက် ပေါ်လာကြလိမ့်မည်။ ထိုအရာတို့ကား ရှေးဟောင်း မှတ်တမ်းတွင် ယုံကြည်ခြင်းကို ပျက်စေတတ်၏။ သူတို့၏ သြဝါဒများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ စစ်ဆေးခြင်းကို ခံယူကြမည် မဟုတ်၊ သို့ရာတွင် ဝိညာဉ်များသည် လှည့်ဖြားခြင်း ခံရကြမည်။CCB2 383.1

    မမှန်သော သတင်းများကို ပျံ့နှံ့သွားစေလိမ့်မည်။ ၎င်းပြင် အချို့တို့သည် ဤ ထောင်ချောက်တွင် မိကြလိမ့်မည်။ သူတို့သည် ဤ သတင်းစကားများကို ယုံကြည်ကြလျက် တစ်ဆင့် ကြားပြောကြလိမ့်မည်။ ထိုသို့အားဖြင့် သူတို့နှင့် ဦးစွာ လှည့်ဖြားသော သူသည် ဆက်သွယ်နေလိမ့်မည်။ ဘုရားသခင် စေလွှတ်တော်မူသော သတင်းစကားကို ပွင့်လင်းစွာ ခုခံခြင်း၌ ဤ သဘောကို အမြဲ ထင်ရှားစေမည် မဟုတ်။ သို့ရာတွင် အများသော နည်းများအားဖြင့် အသေအချာ မယုံကြည်ကြောင်း ဆုံးဖြတ်ချက်သည် ထင်ရှား၏ မမှန်သော ဖော်ပြချက် တိုင်းသည် ဤ မယုံကြည်မှုကို ဆက်လက် အားပေးသဖြင့်၊ ဤနည်းဖြင့် အများသော ဝိညာဉ်တို့သည် ချိန်ခွင်၌ မှားသော ဘက်တွင် ရောက်နေလိမ့်မည်။CCB2 383.2

    စာတန်သည် လူတို့အား သမ္မာတရားမှ သွေးဆောင်သွားရန် အမြဲ ကြံစည်နေသဖြင့်၊ ကျွန်ုပ်တို့သည် အမှား အမျိုးမျိုးတိုင်းကို အလွန်အမင် စောင့်ကြည့် မနေနိုင်ကြချေ။85T 295, 296;CCB2 383.3