Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကိုယ်တိုင် ဘုရားဝတ်ပြုခြင်းသည် အရေးကြီးခြင်း။

    တိတ်ဆိတ်စွာ တစ်ဦးတည်း ဆုတောင်းခြင်း နှင့် ကျမ်းစာဖတ်ခြင်း အမှုကို ဂရုမစိုက်ဘဲ နေသောအခါ၊ နံနက်ဖြန်၌ မိမိ စိတ်တွင် များစွာ အတားအဆီး မရှိဘဲ ၎င်းတို့ကို ပယ်ရှားထားနိုင်၏။ စိတ်နှလုံးထဲတွင် ထိုသို့သော အကျင့် မျိုးစေ့ကို တစ်ခါ ပျိုးခဲ့သောကြောင့်၊ နောင်တွင် အခါ ပေါင်းများစွာလစ်လပ်နေသည်ကို တွေ့ရလိမ့်မည်။ ထိုသို့ မဟုတ်ဘဲ၊ အလင်းရောင်ခြည်တိုင်းကို မွေးမြူထားလျှင်၊ များစွာသော အလင်းတရားကို ရိတ်သိမ်းရလိမ့်မည်။ သွေးဆောင်ခြင်းကို တစ်ကြိမ် တားဆီးလျှင်၊ ဒုတိယ အကြိမ် သာ၍ မြဲမြံစွာ တားဆီးနိုင်သော ခွန်အားကို ရရှိလိမ့်မည်။ ကိုယ့်အလိုဆန္ဒကို အသစ်တစ်ဖန် အောင်မြင်မှုတိုင်းအားဖြင့် သာ၍ မြင့်မြတ် ကြီးကျယ်သော အောင်မြင်မှုများကို ရရှိစေ၏။ အောင်မြင်မှုတိုင်းသည် ထာဝရအသက်အတွက် စိုက်ပျိုးရသော မျိုးစေ့ ဖြစ်၏။95T 120;CCB2 383.4

    မှန်သော စိတ်နှလုံးနှင့် ဘုရားသခင်ထံသို့ လာ၍ ယုံကြည်ခြင်း နှင့် ဘုရားသခင်အား ရိုးသားစွာ တောင်းလျှောက်သော သန့်ရှင်းသူတိုင်း၏ ဆုတောင်းသံကို ဘုရားသခင်သည် နားညောင်းတော်မူမည်။ သင်၏ ဆုတောင်းသံကို ချက်ချင်း နားညောင်းတော်မမူသည်ကို သင်သည် သိမြင်ရလျှင်၊ ဘုရားသခင်၏ ဂတိတော်များ၌ သင်သည် ယုံကြည်ခြင်း မရှိဘဲ မနေပါနှင့်။ ဘုရားသခင်ကို ယုံကြည် အားကိုးရန် မကြောက်ပါနှင့်။ တောင်းကြလော့၊ တောင်းလျှင်ရလိမ့်မည် ဟူသော သေချာသော ဂတိတော်ကို အားကိုးပါ။ ယော၊ ၁၆: ၂၄။CCB2 384.1

    ဘုရားသခင်သည် မမှားနိုင်လောက်အောင် အလွန် ပညာ ရှိတော်မူ၍ ဖြောင့်မှန်စွာ ကျင့်သော သန့်ရှင်းသူအား ကောင်းမြတ်သော အရာကို မပေးဘဲ မနေနိုင်လောက်အောင် အလွန် ကောင်းမြတ်တော်မူ၏။ လူသည် မှားယွင်းတတ်သဖြင့်၊ လူသည် ဖြောင့်မတ်သော စိတ်နှလုံးနှင့် တောင်းလျှောက်သော်လည်း၊ မိမိအတွက် တောင်းသော အရာ၊ သို့မဟုတ် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အရာတို့ကို အမြဲ မတောင်း။ ဤသို့ ပြုသောအခါ၊ ပညာရှိ၍ ကောင်းမြတ်သော ကျွန်ုပ်တို့၏ ခမည်းတော်သည် ကျွန်ုပ်တို့၏ ဆုတောင်းသံကို တစ်ခါတစ်ရံ ချက်ချင်း နားညောင်းတော်မူ၏။ သို့ရာတွင် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက် ဖြစ်၍ မိမိ၏ ဘုန်းတော်ကို ထင်ရှားစေသော အရာကို ကျွန်ုပ်တို့အား ပေးတော်မူ၏၊ ဘုရားသခင်သည် ကျွန်ုပ်တို့အား ကောင်းကြီးပေးတော်မူ၏။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အကြံတော်ကို သိမြင်နိုင်ကြလျှင်၊ ကျွန်ုပ်တို့အတွက် အဘယ်အရာသည် အကောင်းဆုံး ဖြစ်သည်ကို ဘုရားသခင်သည် သိရှိတော်မူ၍ ကျွန်ုပ်တို့၏ ဆုတောင်းသံကို နားညောင်းတော်မူကြောင်း ကျွန်ုပ်တို့သည် ထင်ရှားစွာ သိမြင်နိုင်ကြလိမ့်မည်။ ထိခိုက်စေမည့် အရာ တစ်စုံတစ်ခုကိုမျှ ပေးတော်မမူ။ ကျွန်ုပ်တို့အား ကောင်းကျိုးကို မပေးဘဲ ထိခိုက်စေသော အရာ အစား ကျွန်ုပ်တို့၌ လိုသော ကောင်းကြီးမင်္ဂလာကို ပေးတော်မူ၏။CCB2 384.2

    ကျွန်ုပ်တို့၏ ဆုတောင်းချက်ကို ချက်ချင်း နားညောင်းတော်မမူဟု ထင်ရလျှင်၊ ကျွန်ုပ်တို့သည် မိမိတို့၏ ယုံကြည်ခြင်းကို မြဲမြံစွာ ကိုင်စွဲထားလျက် မယုံကြည်ခြင်း သဘောကို ခွင့်မပေးရ၊ အကြောင်းကား ထိုသဘောသည် ကျွန်ုပ်တို့အား ဘုရားသခင်နှင့် ခွဲခွာစေတတ်သည်ကို ကျွန်ုပ် မြင်ရ၏။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် လှုပ်ရှား ယိမ်းယိုင်လျှင်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ထံမှ ဘယ်အရာကိုမျှ ရကြမည် မဟုတ်။ ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည် အားကိုးခြင်း အမှုသည် ခိုင်ခံ့ရမည်။ ၎င်းပြင် ကျွန်ုပ်တို့သည် ၎င်းကို အလွန် လိုနေသော အခါ၊ ကောင်းကြီးမင်္ဂလာသည် ကျွန်ုပ်တို့ အပေါ်သို့ မိုးရေကဲ့သို့ သက်ရောက်လိမ့်မည်။ 101T 120, 121;CCB2 385.1