Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သင်တို့ကို ရွေးနှုတ်ချိန် နီးပြီ။

    တစ်ပတ်ပြီး တစ်ပတ် ဖြစ်ပေါ်နေသော ကြောက်စရာ ကောင်းသော ဘေးဥပဒ်များ အကြောင်းကို ကြားရသောအခါ၊ ဤ အရာတို့သည် အဘယ်သို့ ဆိုလိုသနည်းဟု မိမိ ကိုယ်ကို မိမိ မေးကြည့်မိ၏။ ကြောက်စရာကောင်းသော ဘေးဒုက္ခတို့သည် တစ်ခုပြီး တစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာ၏။ ငလျင်လှုပ်ခြင်း၊ လေမုန်တိုင်း တိုက်ခြင်း၊ အသက် နှင့် ပစ္စည်းများစွာ ဆုံးရှုံးလျက် မီးလောင်ခြင်း၊ ရေလွှမ်းမိုးခြင်း အကြောင်းတို့ကို အကြိမ်ပေါင်း မည်မျှ များစွာ ကြားရကြပြီနည်း။ ဤ ဘေးဒုက္ခတို့သည် မညီညွတ်၊ မမှန်ကန်သော သတ္တိများ၌ ရုတ်တရက် ပျက်စီးသွားခြင်းကြောင့် ဖြစ်သည်ဟု ထင်ရ၏။ သို့ရာတွင် ၎င်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သိရှိကြ၏။ ယောက်ျား မိန်းမတို့၌ ဘေး ဥပဒ်ရောက်မည် အကြောင်း သိရှိစေရန် ၎င်းတို့သည် သူတို့အား ဘုရားသခင်၏ နှိုးဆော် သတိပေးသော နည်း တစ်ခု ဖြစ်သည်။CCB2 405.2

    သခင်ခရစ်တော် ကြွလာတော်မူခြင်းသည် ကျွန်ုပ်တို့ ပထမ ယုံကြည်ကြသော အခါကထက် သာ၍ နီးလာလေပြီ။ ကြီးစွာသော တိုက်လှန်ပွဲကြီးသည် အဆုံးရောက်လုနီးပြီ။ ဘုရားသခင်၏ တရားစီရင်တော်မူခြင်း အမှုသည် မြေကြီးပေါ်သို့ ရောက်ရှိနေလေပြီ။ “သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်” ဟူသော အရေးကြီးသော သတိပေး စကားကို ၎င်းတို့က ဖော်ပြနေကြ၏။CCB2 406.1

    သို့ရာတွင် ကျွန်ုပ်တို့၏ အသင်းတော်များတွင် ဤ ခေတ်ကာလအတွက် သမ္မာတရားတို့၏ အဓိပ္ပါယ် အမှန်ကို အနည်းငယ်သာ သိရှိကြသော သူ များစွာ ရှိပေသည်။ အဆုံးကာလသည် နီးကပ်နေပြီဟု ထင်ရှားစွာ ဖော်ပြနေသော ခေတ်ကာလ၏ နိမိတ်လက္ခဏာများသည် ပြည့်စုံလျက် ရှိကြောင်းကို သတိမပြုဘဲ မနေရန် သူတို့အား ကျွန်ုပ်က နှိုးဆော်ပါသည်။ မိမိတို့၏ ဝိညာဉ် ကယ်တင်ရေးအတွက် မကြိုးစားဘဲ နေကြသော သူ မည်မျှတို့အား မကြာမီ၊ “စပါးရိတ်ရာ ကာလ လွန်ပြီ၊ နွေကာလ ကုန်ဆုံးပြီ၊ ငါတို့သည် ကယ်တင်ခြင်း မခံရကြ” ဟု ပြင်းထန်စွာ ငိုကြွေးကြလိမ့်မည်နည်း။CCB2 406.2

    ကျွန်ုပ်တို့သည် ကမ္ဘာ့ရာဇဝင်၏ နောက်ဆုံး ရှုခင်းများတွင် အသက်ရှင်နေကြသည်။ အနာဂတ် စကားသည် လျင်မြန်စွာ ပြည့်စုံနေ၏၊ စုံစမ်း စစ်ဆေးရာ အချိန်ကာလသည် လျင်မြန်စွာ ကုန်လွန်သွားနေ၏။ ကျွန်ုပ်တို့သည် အချိန် အနည်းငယ်မျှ မကုန်လွန်စေရ။ စောင့်နေရာ၌ ကျွန်ုပ်တို့သည် မအိပ်ဘဲ နေကြစို့။ စိတ်ထဲ၌ လည်းကောင်း၊ အလုပ်အားဖြင့် လည်းကောင်း၊ “ငါ့ သခင် လာခဲ၏” ဟု မည်သူမျှ မပြောဆိုစေနှင့်။ သခင်ခရစ်တော် မကြာမီ ကြွလာတော်မူမည့် သတင်းစကားကို စိတ်အားကြီးစွာ သတိပေးလျက် ကြွေးကြော်ကြစို့။ အရပ်ရပ်တွင် ရှိသော ယောက်ျား၊ မိန်းမတို့အား၊ နောင်တရ၍၊ ရောက်လာလတ္တံ့သော အမျက်ဒေါသမှ လွတ်မြောက်စေရန် တိုက်တွန်းကြစို့။ ကျွန်ုပ်တို့ ရှေ့၌ မည်သည့် အရာ ဖြစ်မည်ကို ကျွန်ုပ်တို့သည် အနည်းငယ်သာ သိရှိသောကြောင့်၊ သူတို့အား ချက်ချင်း ပြင်ဆင်ခြင်း ပြုစေဖို့ နှိုးဆော်ကြစို့။ အရေးမယူ၊ ဂရုမ စိုက်သော သူတို့အား ထာဝရဘုရားကို တွေ့နိုင်သည် ကာလတွင် ရှာဖွေရန် ကြားပြောဖို့ ဓမ္မ အမှုဆောင်များ နှင့် အသင်းသား ရိုးရိုးတို့အား စပါးမှည့်နေသော လယ်ကွက်များသို့ သွားကြပါစေ။ ကျမ်းစာ၏ မေ့နေသော သမ္မာတရားကို ကြွေးကြော်သော နေရာတိုင်းတွင် အမှုဆောင်တို့သည် ရိတ်စရာ စပါးများကို တွေ့ရှိကြလိမ့်မည်။ သမ္မာတရားကို လက်ခံ၍ သခင်ခရစ်တော်ထံ ဝိညာဉ်များကို တစ်သက်လုံး ယူဆောင်လာကြမည့် သူများကို သူတို့သည် တွေ့ရှိကြလိမ့်မည်။CCB2 406.3

    သခင်ဘုရားသည် မကြာမီ ကြွလာတော်မူမည် ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ငြိမ်သက်ခြင်းနှင့် တွေ့ဆုံရန် ပြင်ဆင်လျက် ရှိရကြမည်။ ကျွန်ုပ်တို့၏ ပတ်လည်တွင် ရှိသော သူတို့အား တတ်နိုင်သမျှ အလင်းကို ဝေမျှ ပေးရန် ကျွန်ုပ်တို့သည် စိတ်ပြဋ္ဌာန်းကြစို့။ ကျွန်ုပ်တို့သည် စိတ်ပျက် ဝမ်းနည်းမနေဘဲ၊ ဝမ်းမြောက်လျက် ရှိရကြမည်။ ၎င်းပြင် ကျွန်ုပ်တို့ ရှေ့၌ သခင်ယေရှုကို အမြဲ ကြည့်ရှုနေရကြမည်။ ကိုယ်တော်သည် မကြာမီ ကြွလာတော်မူမည် ဖြစ်၍ ကိုယ်တော် ပေါ်ထွန်းတော်မူခြင်းအတွက် ကျွန်ုပ်တို့သည်အသင့်စောင့်လျက် နေရကြမည်။ ကိုယ်တော်ကို တွေ့မြင်၍ ရွေးနှုတ်ခြင်း ခံရသော မိမိ၏ လူများ အဖြစ် ကြိုဆိုခြင်း ခံရကြသောအခါ မည်မျှ ဝမ်းမြောက်စရာ ဖြစ်လိမ့်မည်နည်း။ ကြာမြင့်စွာ ကျွန်ုပ်တို့သည် စောင့်နေခဲ့ကြပြီ၊ သို့ရာတွင် ကျွန်ုပ်တို့၏ မျှော်လင့်ချက်သည် မှေးမှိန်မသွားချေ။ ကျွန်ုပ်တို့သည် ရှင်ဘုရင်ကို မိမိ၏ တင့်တယ် လှပခြင်းနှင့် တွေ့မြင်နိုင်ကြလျှင်၊ ကျွန်ုပ်တို့သည် အစဉ်အမြဲ ကောင်းကြီးမင်္ဂလာကို ခံစားရကြလိမ့်မည်။ အိမ်သို့ ရောက်တော့မည်ဟု ကျယ်စွာ ကြွေးကြော်ရမည်ကဲ့သို့ ကျွန်ုပ် ထင်ရ၏။ ရွေးနှုတ်ခြင်း ခံရသော မိမိ၏ လူများကို ထာဝရ အိမ်တော်သို့ ယူဆောင်ရန် သခင်ခရစ်တော်သည် တန်ခိုးနှင့် လည်းကောင်း၊ ကြီးစွာသော ဘုန်းတော်နှင့် လည်းကောင်း ကြွလာတော်မူမည့် အချိန်နှင့် ကျွန်ုပ်တို့သည် နီးကပ်လာကြပြီ။CCB2 407.1

    အမှုပြီးသော အချိန်ကြီးတွင် ကျွန်ုပ်တို့သည် ရှုပ်ထွေးခြင်းများနှင့် တွေ့ရလိမ့်မည်။ ၎င်းတို့ကို မည်ကဲ့သို့ ပြုရမည်ကို ကျွန်ုပ်တို့ မသိကြ။ သို့ရာတွင် ကောင်းကင်မှ တန်ခိုးကြီးသော အရှင် သုံးပါးသည် လုပ်ဆောင်လျက် ရှိတော်မူကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ လက်တော်သည် တက်မကို ကိုင်လျက် ရှိ သည်ကို လည်းကောင်း ဘုရားသခင်သည် မိမိ၏ ဂတိတော်များကို ပြည့်စုံစေတော်မူမည်ကို လည်းကောင်း ကျွန်ုပ်တို့သည် မမမေ့ဘဲ နေကြစို့။ ဘုရားသခင်ကို ဖြောင့်မတ်ခြင်းနှင့် ကိုးကွယ်ကြမည့် လူ တစ်မျိုးကို ဘုရားသခင်သည် လောကထဲမှ စုရုံးစေတော်မူမည်။28T 252-254;CCB2 407.2