Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကိုယ်ကို ငြင်းပယ်ခြင်း နှင့် ချုပ်တည်းခြင်းကို လေ့ကျင့်ခြင်း။

    မိမိတို့၏ ဖန်ဆင်းရှင်အား စုံလင်စွာ ဝတ်ပြုကိုးကွယ်ခြင်းငှါ၊ စိတ် နှင့် ကာယ အင်္ဂါစုကို အကောင်းဆုံး အခြေအနေ၌ ထိန်းသိမ်းထားဖို့ ဘုရားသခင်အား ပြုအပ်သော မိမိတို့ တာဝန်ကို လူအပေါင်း သိရှိနားလည်စေရန် ကျွန်ုပ် မည်မျှ အလိုရှိသလဲ။ မိမိ၏ ခင်ပွန်း၌ တိရိစ္ဆာန်၏ ရမ္မက်မျိုး ထကြွလာခြင်း မရှိစေရန် ခရစ်ယာန် ဇနီးသည် အပြော်အဆို အပြုအမူအားဖြင့် တားဆီးပါစေ။ အများသော သူတို့သည် ဤဘက်၌ ဖြုန်းတီးရန် ခွန်အား မရှိ။ ပျိုရွယ်စဉ် အခါမှ စ၍ သူတို့သည် ဦးနှောက်ကို အားနည်းစေလျက် တိရိစ္ဆာန် ရမ္မက်ကို လိုက်လျောခြင်းဖြင့် ကိုယ်ခန္ဓာကို တဖြည်းဖြည်း ပြိုပျက်စေခဲ့ကြလေပြီ။ သူတို့၏ အိမ်ထောင်သက်တွင် ကိုယ်ကို ငြင်းပယ်၍ ကာမဂုဏ် ချုပ်တည်းခြင်းကို အထူး သတိပြု စောင့်ရှောက်ရမည်။CCB2 52.1

    ကျွန်ုပ်တို့သည် လူသတ္တဝါတို့အတွက် အကျိုးရှိ၍ ဘုရားသခင်အား စုံလင်စွာ ဝတ်ပြုကိုးကွယ်နိုင်မည် အကြောင်း စိတ်သဘောကို ဖြူစင်သန့်ရှင်းစေလျက် ကိုယ်ကာယကို ကျန်းမာစွာ ထားရှိစေရန် ကျွန်ုပ်တို့၌ ဘုရားသခင်အား ပြုရန် အရေးကြီးသော တာဝန်များ ရှိသည်၊ တမန်တော်က ဤကဲ့သို့ သတိပေး စကားများ ပြောထားပါသည်။ “ထိုကြောင့်၊ သင်တို့၏ သေတတ်သော ကိုယ်ခန္ဓာ၏ တပ်မက်ခြင်း အလိုသို့ လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထို ကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။” “ပွဲ၌ ပြိုင်၍ အချင်းချင်း တိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏” ဟု ပြောဆိုလျက် သူက ကျွန်ုပ်တို့အား ဆက်လက် တိုက်တွန်းပြန်၏။ မိမိတို့ ကိုယ်ကို ခရစ်ယာန်ဟု ခေါ်နေသော သူတို့အား မိမိတို့ ကိုယ်ခန္ဓာကို “အသက်ရှင်ခြင်း လက္ခဏာနှင့် ပြည့်စုံသော ယဇ်” အဖြစ် ဆက်ကပ်ရန် သူက ဆုံးမ သြဝါဒ ပေးပါသည်။ သူက၊ “သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင် ရှုံးသော သူ မဖြစ်ရမည် အကြောင်း၊ ကိုယ်ကို တိုး၍ နှိပ်စက်လေ့ရှိ၏” ဟု ဆို၏။CCB2 52.2

    မိမိ၏ ဇနီးကို ကာမဂုဏ် ဖျော်ဖြေဖို့ရန် လူအား နှိုးဆော်သော မေတ္တာသည် ဖြူစင်သော မေတ္တာ မဟုတ်။ ၎င်းသည် ကိုယ် အလိုဆန္ဒကို တောင့်တနေသော တိရိစ္ဆာန်၏ တပ်မက်ခြင်း စိတ် ဖြစ်သည်၊ တမန်တော်က သီးခြား ဖော်ပြသော နည်းဖြင့် မိမိ၏ မေတ္တာကို ဖော်ပြသော သူ မည်မျှ နည်းသလဲ။ “ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက် ရှိသည် ဖြစ်၍ … အသင်းတော်ကို ခရစ်တော်သည် (မညစ်ညူးစေဘဲ) စင်ကြယ်သန့်စင်စေမည် အကြောင်း ထိုအသင်းတော်အဖို့အလိုငှါ ကိုယ်ကို စွန့်တော်မူ၏။” အိမ်ထောင်ဖက်ပြုခြင်းတွင် ဘုရားသခင်က သန့်ရှင်းသည်ဟု အသိအမှတ် ပြုတော်မူသော ဤ မေတ္တာမျိုး ဖြစ်သည်။ မေတ္တာသည် ဖြူစင် သန့်ရှင်းသော အခြေခံ တရား ဖြစ်။ ကာမဂုဏ် တပ်မက်ခြင်းကား ချုပ်တည်းခြင်းကို အခွင့်ပေးမည် မဟုတ်။ ၎င်းပြင် ဆင်ခြင်တုံတရားအားဖြင့် စီမံအုပ်စိုးခြင်း ရှိမည် မဟုတ်။ ၎င်းသည် ဖြစ်ပျက်သော အကြောင်းအရာကို မမြင်။ အကြောင်းရင်းမှ အကျိုးအပြစ်တိုင်အောင် ၎င်းသည် ဆင်ခြင်စဉ်းစားခြင်း ရှိမည် မဟုတ်။CCB2 53.1