Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၂၇။—ခင်ပွန်း သို့မဟုတ် ဇနီး ရွေးခြင်း။

    ထမ်းမြားမင်္ဂလာသည် ဤ လောက၌ လည်းကောင်း၊ လာလတ္တံ့သော လောက၌ လည်းကောင်း သင်၏ အသက်တာကို ပြုပြင် သြဇာညောင်း၍ ထိခိုက်စေသော အရာ ဖြစ်ရလိမ့်မည်။ မိမိ၏ အပြုအမူကို ဘုရားသခင် သဘောတူညီမှုကို မခံမယူဘဲ ဖြောင့်မှန်သော ခရစ်ယာန်သည် ဤ ကိစ္စ၌ မိမိ သဘော အကြံအစည် အတိုင်း ပြုလုပ်လိမ့်မည် မဟုတ်။ သူသည် မိမိ ကိုယ်တိုင် ရွေးချယ်ခြင်း ပြုလိမ့်မည် မဟုတ်။ ဘုရားသခင်သည် သူ့အတွက် ရွေးချယ်ပေးရလိမ့်မည်ဟု သူသည် ထင်မှတ်လိမ့်မည်။ သခင်ခရစ်တော်သည် မိမိ ကိုယ်ကို နှစ်သက်အောင် ပြုတော် မမူသောကြောင့်၊ ကျွန်ုပ်တို့သည် မိမိတို့ ကိုယ်တိုင်ကို နှစ်သက်စေအောင် မပြုရကြ။ မိမိ မချစ်ခင်သော သူကို လက်ထပ်ရမည်ဟု ကျွန်ုပ် မဆိုလိုပါ။ ဤအမှုသည် အပြစ် ဖြစ်လိမ့်မည်။ သို့ရာတွင် ပျက်စီးခြင်းသို့ ရောက်စေရန် စိတ်အထင်အမြင် နှင့် စိတ်ကြွလာသော သဘောတို့ကို အခွင့် မပေးရ။ ဘုရားသခင်သည် စိတ်နှလုံး တစ်ခုလုံး၊ အမြတ်ဆုံးသော ချစ်ခင် နှစ်သက်ခြင်းကို အလိုရှိတော်မူ၏။CCB2 11.1

    ထိမ်းမြားမင်္ဂလာပြုဖို့ ဆင်ခြင် စဉ်းစားနေသော သူတို့သည် မိမိတို့ ရှာဖွေ တည်ထောင်ရမည့် အိမ်ထောင်၏ အကျင့်စာရိတ္တ နှင့် သြဇာသည် မည်ကဲ့သို့ ဖြစ်လာရမည်ကို ဆင်ခြင် စဉ်းစားရကြမည်။ သူတို့သည် မိဘ ဖြစ်လာကြသောအခါ၊ သူတို့၌ သန့်ရှင်းသော တာဝန်ကို ပေးအပ်ထားလေပြီ။ ဤ လောက၌ သားသမီးတို့၏ ကောင်းစားရေး နှင့် လာလတ္တံ့သော လောက၌ သူတို့၏ ပျော်ရွှင်ရေးသည် အများအားဖြင့် သူတို့ အပေါ်၌ မှီခိုပေသည်။ ငယ်ရွယ်သော သူတို့၏ ကာယ နှင့် ညာဏဗလ တိုးပွားရေးသည် သူတို့နှင့် အများအားဖြင့် သက်ဆိုင်ပေသည်။ အဖွဲ့အစည်း၊ အပေါင်းအသင်း၏ အခြေအနေသည် အိမ်ထောင်၏ အကျင့်စာရိတ္တ အပေါ်၌ မှီခိုသည်။ အိမ်ထောင်၏ သြဇာညောင်းမှု အလိုက် တိုးတက်ခြင်း သို့မဟုတ် ဆုတ်ယုတ်ခြင်း အမှုကို ဖော်ပြလိမ့်မည်။CCB2 11.2

    ခရစ်ယာန် လူငယ်တို့သည် မိတ်ဆွေဖွဲ့ရာ၌ လည်းကောင်း၊ အပေါင်းအဖော် ရွေးချယ်ရာ၌ လည်းကောင်း၊ ကြီးစွာ သတိပြုရကြမည်။ ယခု ဖြူစင်သော ရွှေဟု သင် ထင် သော အရာသည် ယုတ်ညံ့သော သတ္တု ဖြစ်မနေမည် အကြောင်း သတိပြုလော့။ လောကီ အပေါင်းအသင်းတို့သည် ဘုရား ဝတ်ပြုကိုးကွယ်ရေး၌ သင့် အဖို့ အနှောင့်အယှက် ဖြစ်စေတတ်သည်။ ၎င်းပြင် အလုပ်အကိုင်၌ လည်းကောင်း၊ ထိမ်းမြားမင်္ဂလာ၌ လည်းကောင်း ဘယ်အခါမျှ မြှင့်တင်ခြင်း မပြု။ သို့မဟုတ် မြင့်မြတ်အောင် မပြုသော သူနှင့် မသင့်တော်သော ပေါင်းဖော်ခြင်းဖြင့် အများသော ဝိညာဉ်တို့သည် ပျက်စီးကြ၏။CCB2 11.3

    သင်သည် တစ်သက်ပတ်လုံး ပေါင်းသင်းရမည်ဟု ထင်သော သူ၏ အကျင့်စာရိတ္တ တိုးပွားမှု ရှိသမျှ၊ သူ၏ သဘောထား ရှိသမျှကို သေချာစွာ စစ်ဆေး စောင့်ကြည့်နေပါ။ သင် လှမ်းရသော ခြေလှမ်းသည် သင်၏ အသက်တာတွင် အရေးအကြီးဆုံး ဖြစ်သဖြင့် အလျင်အမြန် မပြုအပ်ပေ။ သင်သည် ချစ်နိုင်သော်လည်း၊ ကန်းစွာ မချစ်အပ်ပေ။CCB2 12.1

    သင်၏ အိမ်ထောင် အသက်တာသည် ပျော်ရွှင်မည် သို့မဟုတ် မညီညွတ်၍ စိတ်ဒုက္ခရောက်စေမည်ကို သိရှိရန် သေချာစွာ စစ်ဆေး ကြည့်ရှုရမည်။ ဤကဲ့သို့ အိမ်ထောင်ဖက်ပြုခြင်းဖြင့် ကောင်းကင် ဘက်သို့ ရောက်အောင် ကူညီခြင်း ရရှိပါမည်လော။ ၎င်းအားဖြင့် ကျွန်ုပ်သည် ဘုရားသခင်ကို တိုး၍ ချစ်လာမည်လော။ ဤ အသက်တာ၌ ၎င်းအားဖြင့် ကျွန်ုပ်သည် သာ၍ အသုံးဝင်သော သူ ဖြစ်လာမည်လော ဟူသော ပြဿနာများကို ဆင်ခြင် မေးမြန်းကြည့်လော့။ ဤသို့သော အမှုတို့၌ ဆန့်ကျင်ဖက် မရှိလျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ရှေ့သို့ တက်လှမ်းလော့။CCB2 12.2

    အသက်တာအတွက် အဖော် ရွေးသော အခါ၊ မိဘ နှင့် သားသမီးတို့၏ ကိုယ်၊ စိတ်၊ ဝိညာဉ်ရေးတို့၌ ကောင်းစားရေးအတွက် အကောင်းဆုံး ဖြစ်စေရမည်။ မိဘ နှင့် သားသမီးတို့သည် မိမိတို့နှင့် သက်ဆိုင်ရာ လူ အချင်းချင်းအတွက် ကောင်းကြီးမင်္ဂလာ ဖြစ်စေလျက် မိမိတို့၏ ဖန်ဆင်းရှင်အား ချီးမြှောက်စေဖို့ ဖြစ်ရလိမ့်မည်။CCB2 12.3