Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ယုတ္တိ မရှိသော တောင်းဆိုချက်ကို ပြုသောအခါ။

    ယခု ဆုံးဖြတ်ရမည့် ကိစ္စကား အောက်ပါအတိုင်း ဖြစ်သည်။ ခင်ပွန်းအား ယုတ်ညံ့သော တပ်မပ်ခြင်း မှတစ်ပါး အဘယ်အရာမျှ စိုးမိုးခြင်း မရှိသည်ကို သိမြင်ရ၍ ဘုရားသခင်အဖို့ အသက်ရှင်ခြင်း လက္ခဏာနှင့် ပြည့်စုံသော ယဇ် အဖြစ် သီးသန့်ထားဖို့ သန့်ရှင်းစင်ကြယ်လျက် အသရေ တင့်တယ်ခြင်း ရှိစေခြင်းငှါ ဘုရားသခင်၏ ပညတ်ထားတော်မူသော မိမိ၏ ကိုယ်ကာယကို ထိခိုက်နစ်နာစေရန် သူမသည် ပြုမူနေသည်ကို ကောင်းစွာ ဝေဖန်ပိုင်းခြား သိရှိသောအခါ၊ ဇနီးသည် ခင်ပွန်း၏ တောင်းဆိုချက်များကို သဘောတူစွာ လက်ခံရမည်လော။CCB2 56.2

    ကျန်းမာရေး နှင့် အသက်ကို အဆုံးခံလျက် မိမိ ခင်ပွန်း၏ တိရိစ္ဆာန် ရမ္မက်ကို ဖြည့်တင်းစေရန် ဇနီးအား တိုက်တွန်းသော မေတ္တာသည် သန့်ရှင်း ဖြူစင်သော မေတ္တာ မဟုတ်။ သူမ၌ မှန်သော မေတ္တာ နှင့် မှန်သော ပညာ ရှိလျှင်၊ စိတ်ပါဝင်စွားဖွယ် ဖြစ်သော ဝိညာဉ် အရာများကို စွဲလမ်းခြင်းဖြင့်၊ ကိလေသာ တပ်မက်ခြင်း စိတ်မှ မြင့်မြတ်၍ ဝိညာဉ်ရေးနှင့် ဆိုင်သော အချက်များသို့ သူ၏ စိတ်ကို ပြောင်းလဲသွားစေခြင်းငှါ သူမသည် ရှာကြံ ကြိုးစားလိမ့်မည်။ သူမ နှစ်သက်သော်လည်း၊ နှိမ့်ချခြင်းနှင့် လည်းကောင်း၊ ချစ်ခင်စွာနှင့် လည်းကောင်း၊ အလွန်အကျူး ကိလေသာ လိုက်စားခြင်းဖြင့် မိမိ ကိုယ်ကာယကို ယုတ်ညံ့စေခြင်းငှါ မပြုလုပ် လိုကြောင်းကို တိုက်တွန်းပါ။ ဘုရားသခင်သည် မိမိ၏ ကိုယ်ခန္ဓာ တစ်ခုလုံးကို ရှေးဦးစွာ အမြတ်ဆုံး အခြေအနေ၌ တည်ရှိစေရန် တောင်းခံထားတော်မူသဖြင့် သူမသည် ဘုရားသခင်၏ နေ့ကြီး၌ မိမိ အကြောင်း သက်သေခံရလိမ့်မည်ကို သူမက ကြင်နာစွာ နူးညံ့စွာ သူ့အား သတိပေးရမည်။CCB2 56.3

    သူမသည် မိမိ၏ ချစ်ခင်ခြင်း သဘောတို့ကို မြင့်မြတ်စေ၍ သန့်ရှင်းခြင်း၊ ရိုသေခြင်း နှင့် ကောင်းမွန်သော မိန်းမ ဂုဏ်အသရေကို ထိန်းသိမ်းထားလျှင်၊ မိန်းမသည် မိမိ၏ သတိပညာရှိသော သြဇာအားဖြင့် မိမိ ခင်ပွန်းအား သန့်ရှင်းစေခြင်းငှါ များစွာ ပြုလုပ်နိုင်၍ ထိုသို့အားဖြင့် မိမိ၏ မြင့်မြတ်သောာတာဝန်ကို ပြည့်စုံစေလိမ့်မည်။ ထိုသို့ ပြုခြင်းဖြင့် သူမသည် မိမိ ခင်ပွန်း နှင့် မိမိ ကိုယ်တိုင်ကို ကယ်တင်နိုင်၍ ထိုသို့အားဖြင့် လုပ်ငန်း နှစ်ခုကို ပြုလုပ်နိုင်လိမ့်မည်။ စီမံဖို့ရန် အလွန် သိမ်မွေ့၍ ခက်ခဲသော ဤ ကိစ္စ၌ များစွာ ပညာဉာဏ် နှင့် သည်းခံခြင်း သာမက၊ မှန်ကန်သော ရဲရင့်ခြင်း နှင့် တည်ကြည်ခြင်း သဘောကိုလည်း လိုပေသည်။ ဆုတောင်းခြင်း၌ ခွန်အား နှင့် ကျေးဇူးတော်ကို တွေ့ရှိနိုင်သည်။ ရိုးဖြောင့်သော မေတ္တာသည် စိတ်နှလုံးထဲ၌ ကြီးစိုးနေသော အခြေခံ တရား ဖြစ်ရမည်။ ဘုရားသခင်ကို ချစ်ခြင်း နှင့် ခင်ပွန်းကို ချစ်ခြင်းသည်သာလျှင် အပြုအမူ၏ မှန်ကန်သော အကြောင်း ဖြစ်နိုင်သည်။CCB2 57.1

    ဇနီးသည် မိမိ၏ ခန္ဓာ နှင့် စိတ်ကို မိမိ ခင်ပွန်း၏ အုပ်စိုးခြင်း လက်အောက်သို့ အပ်နှံ၍ အရာ ခပ်သိမ်းတွင် သူ၏ အလိုကို လိုက်လျက် မိမိ၏ သြတ္တပ္ပစိတ်၊ မိမိ၏ ဂုဏ်အသရေ နှင့် မိမိ၏ ဟုတ်မှန်သော အခြေအနေကိုပင် စွန့်လွှတ်သောအခါ၊ မိမိ၏ ခင်ပွန်းအား ကောင်းကျိုးကို ရရှိစေရန် မြှင့်တင်ပေးဖို့ ကြီးကျယ်သော သြဇာတန်ခိုးကို အသုံးပြုရန် အခွင့်အရေးကို သူမသည် ဆုံးရှုံးလေ၏။ သူမသည် သူမ၏ ခက်ထန်သော သဘောကို ပျော့ပြောင်းစေနိုင် ၍၊ တပ်မက်ခြင်းအားဖြင့် လောကတွင် တည်ရှိနေသော ပျက်စီးခြင်းထဲမှ လွတ်ကင်းလျက် သူတို့သည် ဘုရားသဘောမျိုးကို ရရှိနိုင်ကြမည် အကြောင်း၊ သူ၏ တပ်မက်ခြင်းကို စိုးမိုး၍ ဝိညာဉ်ရေး၌ သာ၍ စိတ်အားထက်သန်လာရန်၊ သူ့အား စိတ်အားကြီးစွာ ကြိုးစား အားထုတ်စေလျက် သန့်ရှင်းစေရန် ပြုပြင်ပေးနိုင်သော အခြေအနေသို့ ရောက်အောင် သူမ၏ သန့်ရှင်းစေသော သြဇာကို အသုံးပြုနိုင်သည်။ ကျေးဇူးတော်အားဖြင့် အသစ် ပြုပြင်ခြင်း မရှိသော စိတ်နှလုံးသည် အများအားဖြင့် ရှာကြံနေသော ယုတ်ညံ့သော ကိလေသာ လိုက်စားမှုတို့ထက် သာ၍ မြင့်မြတ်သော အကြောင်းအရာကြီးများသို့ လိုက်စားစေရန် သြဇာညောင်းခြင်း တန်ခိုးသည် စိတ်ကို အကြီးအကျယ် လမ်းညွှန်နိုင်သည်။ ခင်ပွန်း၏ မေတ္တာတွင် တိရိစ္ဆာန်၏ တပ်မက်ခြင်းစိတ်သည် အခြေခံ အချက် ဖြစ်၍ သူ၏ အပြုအမူတို့ကို အုပ်စိုးနေသောအခါ၊ ဇနီးသည် မိမိ ခင်ပွန်းအား နှစ်သက်စေခြင်းငှါ၊ သူမသည် သူ၏ အခြေအနေမျိုးသို့ ရောက်ရှိလာရမည်ဟု ထင်မှတ်လျှင်၊ သူမသည် ဘုရားသခင် နှစ်သက်တော်မမူအောင် ပြုလုပ်၏။ အကြောင်းကား၊ သူမသည် မိမိ၏ ခင်ပွန်း အပေါ်၌ သန့်ရှင်းစေသော သြဇာကို အသုံးမပြုသောကြောင့်တည်း။ တားမြစ်သော စကား တစ်ခွန်းမျှ မပြောဘဲ၊ သူမသည် သူ၏ တိရိစ္ဆာန်ကဲ့သို့ တပ်မက်ခြင်း သဘောကို လိုက်လျောသင့်သည်ဟု ထင်လျှင်၊ သူမသည် သူ၏ အပေါ်၌ လည်းကောင်း၊ ဘုရားသခင်၌ လည်းကောင်း ပြုအပ်သော တာဝန်ကို နားမလည်ချေ။CCB2 57.2