Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မိဘ အဖြစ်။

    မိခင် ဖြစ်ရမည့် မိန်းမတိုင်းသည် အမြဲသဖြင့် အားရ ပျော်ရွှင်ရောင့်ရဲသော သဘောကို အားပေးတိုက်တွန်းခြင်း အမှုကို ကြိုးစားအားထုတ်သမျှ အတွက်၊ မိမိ၏ သားသမီးများတို့၏ ကာယ အခြေအနေ နှင့် အကျင့်စာရိတ္တတို့တွင် ဆယ်ဆမျှ အကျိုးခံစားရမည်ကို သိရှိလျက်၊ မည်ကဲ့သို့သော ပတ်ဝန်းကျင်၌ မဆို ထိုသို့ သဘောမျိုးကို အားပေး တိုက်တွန်းရမည်။ ဤမျှ ပြုရုံသာမကသေး။ သူမသည် အကျင့်အားဖြင့် ရွှင်လန်းဖွယ် ကောင်းသော အရာတို့ကို ဆင်ခြင် စဉ်းစားလာနိုင်၍ ထိုသို့အားဖြင့် စိတ်ပျော်ရွှင်သော သဘောကို အားပေးတိုက်တွန်းလျက်၊ အိမ်ထောင် နှင့် သူမ၏ အပေါင်းအသင်းများပေါ်၌ သူမ၏ ပျော်ရွှင်သော သဘောကို တန်ပြန် ဖြစ်ပေ်လာစေနိုင်၏။ ၎င်းပြင် အများအားဖြင့် သူမ၏ ကာယ ကျန်းမာရေးသည် တိုးတက်လာလိမ့်မည်။ သူမသည် စိတ်ပျက် ဝမ်းနည်းနေသောအခါ ဖြစ်သကဲ့သို့၊ သွေးများသည် ထိုင်းမှိုင်းစွာ လှုပ်ရှားမနေကြဘဲ၊ အသက်တည်ရာ နေရာ၌ ခွန်အားကို ရရှိလိမ့်မည်။ သူမ၏ ပျော်ရွှင်သော စိတ်အားဖြင့် သူမ၏ ဉာဏ် နှင့် အကျင့်စာရိတ္တ တိုး၍ ကြီးပွား တောင့်တင်းလာ၏။ စိတ်ဆန္ဒ၏ တန်ခိုးသည် စိတ်၏ ထင်မြင်ချက်များကို တားဆီးနိုင်၍ အာရုံကြောများကို အကြီးအကျယ် သက်သာစေလိမ့်မည်။ မိဘများထံမှ ဆက်ခံရရှိအပ်သော အသက်ရှင်စေခြင်း တန်ခိုးကို လက်လွတ်သော သားသမီးတို့သည် အထူး သတိပြုရမည်။ မိမိတို့ တည်ရှိနေရခြင်း အကြောင်းနှင့် သက်ဆိုင်သော တရားများကို သေချာစွာ ဂရုစိုက်ခြင်းအားဖြင့်၊ သာ၍ ကောင်းမြတ်သော အခြေအနေ၌ တည်ရှိနေနိုင်လိမ့်မည်။CCB2 61.2

    မိခင် ဖြစ်လာဖို့ မျှော်လင့်သော သူသည် မိမိ၏ စိတ်ဝိညာဉ်ကို ဘုရားသခင်၏ မေတ္တာ၌ တည်ရှိနေစေရမည်။ သူမသည် သခင်ခရစ်တော်၏ စကားတော်များအတိုင်း လိုက်နာပြုကျင့်လျက် သခင်ယေရှု၏ မေတ္တာ၌ တည်ရှိနေရမည်။ မိခင်သည် ဘုရား နှင့်အတူ လုပ်ဖော်ဆောင်ဖက် ဖြစ်ကြောင်း သူမသည် သတိပြုရမည်။CCB2 62.1

    ခင်ပွန်း နှင့် ဇနီးတို့သည် အတူတကွ လုပ်ကိုင် ဆောင်ရွက်ရကြမည်။ မိခင်တို့သည် ဘုရားသခင်၏ ပလ္လင်တော်ပေါ်၌ မိမိတို့ ကိုယ်ကို ဆက်ကပ် ပူဇော်၍ မိမိတို့၏ သားသမီးများကို မမွေးဖွားမီ နှင့် မွေးဖွားပြီးနောက် ဘုရားသခင်အား ဆက်ကပ်ပူဇော်ကြလျှင်၊ ကျွန်ုပ်တို့၌ မည်မျှ ကောင်းသော လောကကြီး တစ်ခု ရှိလိမ့်မည်နည်း။CCB2 62.2

    မမွေးဖွားမီက ပြုပြင်ခြင်း၏ အကျိုးသည် များစွာ အကျိုး မရှိဟု များစွာသော မိဘတို့သည် ထင်မှတ်ကြသော်လည်း၊ ကောင်းကင်က ထိုသို့ မထင်မှတ်ပါ။ ဘုရားသခင်၏ ကောင်းကင်တမန်က နှစ်ကြိမ်တိုင်အောင် အလွန် အရေးကြီးသော သဘောနှင့် ပေးသော သတင်းစကားသည် ကျွန်ုပ်တို့ အထူး ဂရုစိုက်ဖို့ သင့်ကြောင်းကို ဖော်ပြ၏။CCB2 62.3

    ဟေဗြဲမိခင် (မာနော်၏ ဇနီး) အား မိန့်တော်မူသော စကားများသည် ဘုရားသခင်က ကာလ အဆက်ဆက် ရှိ မိခင်များအား မိန့်တော်မူသော စကားများလည်း ဖြစ်၏။ ကောင်းကင်တမန်က “ငါပြောသမျှကို မိန်းမ ရှောင်ရမည်။” “ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်” ဟု ဆို၏။ မိခင်၏ အလေ့အကျင့်အားဖြင့် သားသမီးတို့၏ ကျန်းမာရေးကို ထိခိုက်လိမ့် မည်။ သူမသည် အစားအသောက် နှင့် တပ်မက်ခြင်း စိတ်တို့ကို အခြေခံ တရားအားဖြင့် စိုးမိုးချုပ်ချယ်ထားရမည်။ သူမအား သားကို ပေးရာ၌ ဘုရားသခင်၏ ရည်ရွယ်ချက်တို့ကို သူမသည် ပြည့်စုံစေလိုလျှင်၊ သူမသည် တစ်စုံတစ်ခုကို ရှောင်ကြဉ်၍ တစ်စုံတစ်ခုကို မပြုလုပ်ဘဲ နေရမည်။CCB2 62.4

    လောကသည် ငယ်ရွယ်သော သူတို့ကို ဖမ်းရန် ထောင်ချောက်များနှင့် ပြည့်ဝလျက် ရှိ၏။ များစွာသော လူထုသည် ကိုယ်ကျိုး ရှာ၍ ကာမဂုဏ် ပျော်မွေ့ခြင်း အသက်တာမျိုးအားဖြင့် သွေးဆောင်ခြင်း ခံနေရကြသည်။ ပျော်ရွှင်စရာကောင်းသော ခရီး ဖြစ်သည်ဟု သူတို့ ထင်မှတ်နေသော လမ်းတွင် ကွယ်ဝှက်ထားသော ဘေးဥပဒ်များ၊ သို့မဟုတ် ကြောက်စရာ လမ်းဆုံးကို သူတို့သည် ကောင်းစွာ မမြင်နိုင်ကြ။ အစားအသောက် နှင့် တပ်မက်ခြင်း၏ အလိုသို့ လိုက်ခြင်းအားဖြင့် သူတို့၏ အင်အား သတ္တိများကို ကုန်ခန်းစေကြလျက် သန်းပေါင်းများစွာသော သူတို့သည် ဤ လောကအတွက်နှင့် လာလတ္တံ့သော လောကအတွက် ဆုံးရှုံးပျက်စီးနေကြသည်။ မိမိတို့၏ သားသမီးများသည် ဤ စုံစမ်းခြင်းတို့ကို တွေ့ဆုံရကြမည်ကို သတိပြုရကြမည်။ သားသမီးကို မမွေးဖွားမီကပင်၊ သားသမီးတို့သည် မကောင်းသော အရာကို အောင်မြင်စွာ ခုခံ တိုက်ခိုက်နိုင်မည် အကြောင်း ပြင်ဆင်ခြင်းကို အစပြုရမည်။CCB2 63.1

    သားသမီး မမွေးဖွားမီ သူမသည် မိမိ၏ အလိုသို့ လိုက်လျှင်၊ ကိုယ်ကျိုး ရှာ၍ သည်းခံခြင်း မရှိဘဲ အတင်းအကြပ် ပြုလုပ်တတ်လျှင်၊ ဤ သဘောများသည် သားသမီးတွင် ပြန်၍ ဖြစ်ပေါ်လာလိမ့်မည်။ ထိုသို့အားဖြင့် သားသမီးတို့သည် မကောင်းသော အမှုကို မအောင်မြင်နိုင်လောက်အောင် ဆိုးသော အကျင့်ကို အမွေခံလာကြသည်။CCB2 63.2

    သို့ရာတွင် မိခင်သည် မတိမ်းမယိမ်းဘဲ မှန်ကန်သော အခြေခံ တရားများကို လိုက်နာလျှင်၊ သူမသည် ခြိုးခြံ၍ ကိုယ်ကို ငြင်းပယ်လျှင်၊ သူမသည် ကြင်နာ၊ နူးညံ့၍ ကိုယ်ကျိုး မရှာဘဲ နေလျှင်၊ သူမသည် မိမိ၏ သားသမီးများအား အဖိုးတန်သော ဤ အကျင့်မျိုးကိုပင် အမွေပေးလိမ့်မည်။CCB2 63.3

    နို့စို့သူငယ်များသည် မိခင်အဖို့ မှန်ကဲ့သို့ ဖြစ်ကြ၍၊ အကျင့်ဓလေ့ နှင့် အပြုအမူတို့ကို ၎င်းအထဲတွင် ပြန်မြင်ရလိမ့်မည်။ ထိုကြောင့် ငယ်ရွယ်သော ဤ သင်ကြားလေ့လာနေသူတို့၏ မျက်မှောက်၌ သူမသည် မိမိ၏ အပြောအဆို နှင့် အပြုအမူတို့တွင် မည်မျှ သတိထားဖို့ ကောင်းသနည်း။ သူတို့အထဲ၌ ဖြစ်ပေါ်လာစေလိုသော အကျင့်ဓလေ့များကို မိမိ ကိုယ်တိုင်၌လည်း ဖြစ်ပေါ်လာစေရန် ပြုပြင် ပျိုးထောင်ပေးရမည်။CCB2 63.4