Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    မိခင်၏ တာဝန်များကို ဘယ်သောအခါ ပေါ့ပါးစေရမည်နည်း။

    သားသမီးများ မမွေးဖွားမီ အချိန်ကာလအတွင်း မိန်းမ တစ်ယောက် အသက်တာတွင် ပြောင်းလဲခြင်း မရှိကြသည်မှာ အများအားဖြင့် မှားယွင်းပေသည်။။ ဤ အရေးကြီးသော အချိန်တွင် မိခင်၏ အလုပ်သည် ပေါ့ပါးရမည်။ သူမ၏ ကိုယ်ကာယ၌ ကြီးကျယ်စွာ ပြောင်းလဲခြင်း ဖြစ်နေ၏။ ၎င်းသည် သွေးကို များစွာလိုသဖြင့်၊ သွေး အဖြစ်သို့ ပြောင်းလဲသွားစေရန် အာဟာရ ဖြစ်စေဖို့ အကောင်းဆုံး အစာများကို တိုး၍ သုံးဆောင်ရမည်။ သူမသည် အာဟာရ ဖြစ်စေသော အစာကို များစွာ မရရှိလျှင်၊ သူမ၌ ကာယ ခွန်အားကို မရရှိစေနိုင်သဖြင့် သူမ၏ သားသမီးတို့သည် အသက်ရှင်စေသော သတ္တိနှင့် ကင်းလွတ်၏။CCB2 64.1

    သူမ၏ အဝတ်များကိုလည်း ဂရုစိုက်ရမည်။ ချမ်းစိမ့်ခြင်း မဖြစ်စေရအောင် သတိပြုရမည်။ သူမသည် မိမိ၌ အဝတ်အထည် လုံလောက်စွာ ရရှိစေရန် အသက်ရှင်စေသော သတ္တိကို အပေါ်ယံ၌သာ ဖြည့်စွက်ခြင်း မပြုရ။ မိခင်သည် ကျန်းမာ၍ အာဟာရ ဖြစ်စေသော အစာတို့ကို များစွာ မရရှိလျှင်၊ ကောင်းသော သွေးကို များစွာ မရရှိနိုင်။ သူမ၏ သွေး သွားလာ လှုပ်ရှားမှုသည် ညံ့ဖျင်း၍ သူမ၏ သားသမီး၌လည်း ထိုသို့သော သွေးကင်းမဲ့နေလိမ့်မည်။ သင်၏ သားသမီး၌ ကိုယ်ကာယအဖို့ အာဟာရ ဖြစ်စေရန် အစာကို ကောင်းသော သွေး အဖြစ်သို့ ပြောင်းလဲစေနိုင်သော သတ္တိ ကင်းမဲ့နေလိမ့်မည်။ မိခင် နှင့် သားသမီး၏ ကျန်းမာရေးသည် ကောင်းမွန်၍ နွေးသော အဝတ်အထည် နှင့် အာဟာရ ဖြစ်စေသော အစာပေါ်၌ များစွာ တည်ပေသည်။CCB2 64.2

    Larger font
    Smaller font
    Copy
    Print
    Contents