Loading...
Larger font
Smaller font
Copy
Print
Contents
အသင်းတော်အတွက သြဝါဒများ။ II - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မေတ္တာ နှင့် သိမ်မွေ့စွာ ပြုစုခြင်းတွင် အချိန်မှန်ကန်ခြင်း။

    သားသမီးများသည် မိဘများအား ဘုရားသခင်က အပ်ပေးထားသော အဖိုးတန် ပစ္စည်း ဖြစ်၍ တစ်နေ့နေ့၌ ဘုရားသခင်သည် သူတို့၏ လက်မှ ပြန်၍ တောင်းတော်မူမည်။ ကျွန်ုပ်တို့သည် သာ၍ အချိန်ယူလျက်၊ သာ၍ ဂ ရုစိုက်လျက်၊ သာ၍ ဆုတောင်းလျက် သူတို့ကို သွန်သင်ပေးရကြမည်။ သူတို့သည် မှန်ကန်သော သွန်သင်ခြင်းကို သာ၍ အလိုရှိပေသည်။CCB2 65.3

    သားသမီးတို့၌ ဖြစ်တတ်သော ရောဂါ ဝေဒနာ အများမှာ စီမံပြုစုခြင်း၌ မှားယွင်းခြင်း ရှိသောကြောင့် ဖြစ်နိုင်သည်။ အစားအသောက်၌ အချိန် မမှန်ခြင်း၊ ချမ်းအေးသော ညနေပိုင်းတွင် လုံလောက်စွာ အဝတ် ဝတ်မထားခြင်း၊ သွေးကောင်းမွန်စွာ သွားလာ လှုပ်ရှားစေရန် ခပ်ပြင်းပြင်း ကိုယ်လက် လှုပ်ရှားမှု ကင်းခြင်း၊ သန့်ရှင်းသော လေကို များစွာ မရခြင်းတို့သည် ရောဂါ၏ အကြောင်းရင်းများ ဖြစ်နိုင်သည်။ မိဘတို့သည် ရောဂါ၏ အကြောင်းရင်းကို ရှာဖွေပြီးနောက် မြန်နိုင်သမျှ မြန်မြန် မှားယွင်းသော အခြေအနေများကို ပြုပြင်ပေးရမည်။CCB2 66.1

    အများအားဖြင့် သားသမီးများအား ငယ်ရွယ်စဉ် အချိန်ကပင် အစားအသောက်၌ မက်မောစေခြင်းငှါ ထိန်းသိမ်းခြင်း ပြုစုလာကြ၍ စားသောက်ဖို့ အသက်ရှင်လာကြသည်ဟု သူတို့အား သွန်သင်ထားကြ၏။ ငယ်ရွယ်စဉ်ကပင် သားသမီးတိုု့၏ အကျင့်ဓလေ့တို့ကို မိခင်သည် များစွာ ပြုပြင်ပေးနိုင်သည်။ အစားအသောက်၌ ချုပ်တည်းရန် သူမသည် သွန်သင်ပေးနိုင်သည်။ သို့မဟုတ် အစားအသောက်၌ မက်မော၍ အစားကြီးသော သူ ဖြစ်လာရန် သွန်သင်ပေးနိုင်သည်။ မိခင်သည် မကြာမဏ တစ်နေ့အတွက် ပြုလုပ်ရမည့် လုပ်ငန်းကို စီမံထားသည်။ ကလေးသူငယ်က ဒုက္ခပေးလာသောအခါ၊ နှစ်သိမ့်စေလျက် စိတ်ပြောင်းအောင် ပြုလုပ်ရမည် အစား၊ သူငယ်အား ငြိမ်သက်သွားစေရန် စားစရာ တစ်စုံတစ်ခုကို ပေးမိ၏။ ဤသို့ ပြုခြင်းဖြင့် ခဏလောက်သာ ငြိမ်သက်သွားသော်လည်း၊ အဆုံး၌ ပို၍ ဆိုးလာ၏။ သူငယ်တို့၏ အစာအိမ်သည် အနည်းငယ်မျှ မလိုသေးသောအခါ၊ အစာအိမ်သည် အစာများဖြင့် ပြည့်ကြပ်သွား၏။ မိခင်သည် အနည်းငယ် အချိန်ယူ၍ ဂရုစိုက်ဖို့ လိုပေသည်။ သို့သော် မိမိ၏ သားသမီးများအတွက် အချိန်ကုန်ခံဖို့ရန် ထိုအချိန်သည် မိမိအဖို့ အလွန် အဖိုးတန်နေ၏။ မိမိ၏ သားသမီးများ ကျန်းမာပျော်ရွှင်စေဖို့ထက်၊ မိမိ၏ အိမ်ကို ဧည့်သည်များ ချီးမွမ်းအောင် ပြင်ဆင်ပြုပြင်ဖို့ နှင့် ခေတ်ဆန်ဆန် အများ ကြိုက်အောင် အစားအသောက်တို့ကို ချက်ပြုတ်ဖို့ ကိစ္စတို့က သာ၍ အရေးကြီးသည်ဟု ထင်မှတ်နေ၏။CCB2 66.2

    နို့စို့သူငယ်အတွက် အဝတ်များကို ပြင်ဆင်ရာတွင် ခေတ်မှီ၍ လူများ ချီးမွမ်းစေဖို့ထက် သက်သာ၍ ကျန်းမာစေဖို့ ဦးစွာ စီမံရမည်။ မိခင်သည် အဝတ်ငယ်များကို လှပအောင် ပန်းထိုးခြင်း၊ ဆန်းဆန်း ချုပ်လုပ်ခြင်းဖြင့် အချိန်ကုန် မခံရ၊ ထိုသို့ပြုခြင်းဖြင့် ကလေးသူငယ်များ နှင့် မိမိ၏ ကျန်းမာရေးကို ထိခိုက်စေတတ်သည်။ မိမိ၏ မျက်စိ နှင့် အာရုံကြောများကို ပင်ပန်းအောင် စက်ချုပ်ခြင်းဖြင့် အချိန်ကုန် မခံပါနှင့်။ ထိုအချိန်မျိုး၌ သူမသည် အနားယူလျက် ကိုယ်လက် လှုပ်ရှားခြင်း ပြုဖို့ သင့်သည်။ မိမိ၌ လိုအပ်သော ခွန်အားကို ရရှိဖို့ရန် ပြုလုပ်ဖို့ သူမ၌ တာဝန်ရှိကြောင်း သတိပြုရမည်။ 2A H 255-267:CCB2 67.1